အသင်းပွဲနိုင်သရေရှုံး ရဂိုး ပေးဂိုး ဂိုးကွာခြားချက် ရမှတ်
Zippy FC
Fighter FC
Need For Speed FC
R Young Star FC -၂
B.E FC -၂

Which Team Will Winner Champions of Kaluga Myanmar Summer Football Competition???


ကာလုဂါမြန်မာကျောင်းသားများရဲ့ နွေရာသီအဖွင့် အပျော်တမ်းချစ်ကြည်ရေးပြိုင်ပွဲကြီးမှာ ဘယ်အသင်းဗိုလ်စွဲမှာလဲ။

2009-2010 ဘောလုံးရာသီကနေစပြီး စတင်ကျင်းပလာခဲ့တဲ့ ကာလုဂါနွေရာသီ အပျော်တမ်းချစ်ကြည်ရေးပြိုင်ပွဲဟာဆိုရင် အခုဆိုရင်(၄)နှစ်တင်းတင်းပြည့်တော့မှာပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးရဲ့ အအောင်မြင်ဆုံးအသင်းကို ပြပါဆိုရင့် 2009-2010 ချန်ပီယံ BE FC ၊ 2011-2012 ချန်ပီယံ Genius FC အသင်းတို့ပဲဖြစ်ပါတယ်။  2010 နောက်ပိုင်းမှာတော့ မှတ်ကျောက်တင်နိုင်ပြီး အစဉ်အလာကြီးမားတဲ့ အသင်းကိုပြပါဆိုရင်တော့ BE FC အသင်းပဲဖြစ်ပါတယ်။ BE FC အသင်းဟာ 2011-2012 မှာချန်ပီယံမဖြစ်ပေမဲ့ Play-Off အဆင့်မှာ Need For Speed အသင်းကို အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ ယမန်နှစ်ချန်ပီယံ ဂလေဇာမိသားစု ပိုင်ဆိုင်တဲ့ Genius FC
အသင်းဟာ ဆုကြေးငွေအမြောက်အမြားရရှိသော်ငြားလည်း  Standard Chartered Bank မှာတင်ထားတဲ့ကြွှေးမြီတွေဟာ 100 ကို  20 ကျပ်တိုးနဲ့ အတိုးပေါ် အတိုးဆင့်ပီး Genius FC ၀ါရင့်ကစားသမားတွေဖြစ်တဲ့ ယမန်နှစ်ဂိုးသွင်ဘုရင် တိုက်စစ်မှုးရဲရင့်ကိုကို ကို Need For Speed FC ၊ အကောင်းဆုံးကစားသမားဆုရ ကွင်းလယ်ဖန်တီးရှင် သိန်းမင်းထိုက်နဲ့ နောက်တန်းခံစစ်မှုး ထွန်းထွန်းကျော်တို.ကို ယခုနှစ်မှ အောက်တန်းချန်ပီယံဖြစ်ပီးတန်းတက်လာတဲ့ Fighter FC ၊ ဒိတ်ဒိတ်ကျဲခံစစ်မှုးဖြစ်တဲ့ ဝေယံအောင် (SW) ကို R Young Star FC သို.လည်းကောင်း အသီးသီးရရာဈေးနဲ့ရောင်းထုတ်ခဲ့ပီး အကြွှေးဆပ်ခဲ့လို. အသင်းမှကစားသမားတွေဖြစ်ကြတဲ့ ရှေ.တန်းအထောင်တိုက်စစ် ဇော်ရဲအောင်၊နောက်တန်း ကိုကိုလွင် ၊ ဂိုး အောင်မျိုးထွန်းတို့ ဟာလည်း စာချုပ်သစ်ဆက်လက် မချုပ်ဆိုတော့ပဲ အလွှတ်ပြောင်းရွှေ.ကြေးများဖြင့် အသင်းမှ ထွက်ခွာသွားခဲ့လို.
အသင်းဟာ လုံးဝ(လုံးဝ) ပျောက်ကွယ်သွားပီး ဒီနှစ်မှာပါဝင်ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ပါဘူး။ ယခုနှစ်မှ ပါဝင်ယှဉ်ပြိုင်လာတဲ့ Zippy FC အသင်းကလည်း ငွေကိုရေလိုသုံးကာ ကစားသမားအသစ်တွေဖြစ်တဲ့ ယမန်နှစ်ကတန်းဆင်းသွားတဲ့ MRB FC အသင်းက ဒိတ်ဒိတ်ကျဲကွင်းလယ်အဖျက် ကြည်ဇော်ကို ပေါင်(1)သန်း ၊ ရှေ.တန်းတိုက်စစ်မှုးဖြစ်တဲ့ သိန်းလွင်ဦးကို အလွှတ်ဖြင့် ကစားသမားကောင်းတွေကိုများစွာနဲ့ အသင်းရဲ့လူငယ်အကယ်ဒမီဖြစ်တဲ့ ကူမဲလေ့ကျင့်ရေးကျောင်းကနေ
ကလစ်ထွေးကိုလည်း  ခေါ်ယူအားဖြည့်ထားပါတယ်။ Ethiopia စီးပွားရေးလုပ်ငန်းရှင်တွေ ပိုင်ဆိုင်တဲ့
တန်းတက်လာတဲ့ Fighter FC အသင်းကလည်း ငွေတွင်းကိုဖင်ခုထိုင်ကာ ကစားသမားကောင်းတွေဖြစ်တဲ့ အောင်ကျော်စိုး၊ထွန်းထွန်းကျော်၊သိန်းမင်းထိုက်၊ဖြိုးဇော်၊အောင်ပြည့်စုံ စတဲ့ ကစားသမားတွေကို လစာငွေအမြောက်အမြားပေးကာ ခေါ်ယူထားပါတယ်။ အစဉ်အလာကြီးမားကြီး မှတ်ကျောက်တင်ခံနိုင်တဲ့ BE FC အသင်းကတော့ အပြောင်းအရွှေ. ကာလနောက်ဆုံးရက်မှာ အံ့သြသင့်ဖွယ်ရာ ပြောင်းရွှေ.မှုအဖြစ် ယမန်နှစ်ပြိုင်ပွဲတွင် နိုင်ပွဲ(လုံးဝ) မရရှိသော Red Devil FC အသင်းမှ ကွင်းလယ်အဖျက် စိုးလင်းဦးနဲ့ ရှေ.တန်းတိုက်စစ်မှုး စိုးနေလင်းအောင်တို.ကို ခေါ်ယူထားပါတယ်..2011-2012 ရာသီမှာ Play -Off အဆင့်ထိ တက်ရောက်နိုင်ခဲ့တဲ့ Need For Speed အသင်းကတော့ ငွေသုံးခွင့်မရတဲ့အချိန်၊ပြိုင်ဘက်ကစားသမားအချင်းချင်းမယှဉ်နိုင်တဲ့အခါမှာတော့ အသင်းခေါင်းဆောင် ဥာဏ်ပိုင်စိုး ဘာမှလုပ်လို.မရခဲ့ပဲဖြစ်ခဲ့ပါတယ်။ မနှစ်က အခြေအနေမကောင်းခဲ့လို. နောက်တန်းတွေဖြစ်တဲ့ ရန်နိုင်ထွန်း၊ကောင်းမြတ်စိုးတို.ကလည်း အသင်းကိုစွန်ခွာခဲ့ပါတယ်။ ဒီနောက်တန်းတွေနေရာမှာတော့ အတွေ.အကြုံရှိပီး နည်းဗျုဟာပိုင်း ညက်ညောမှုရှိတဲ့ တင်အေးကျော်၊ကျော်ဇောမောင်၊ဝေဖြိုးလင်း စတဲ့ကစားသမားတွေကို ပြန်လည်ဖြည့်တင်းထားပါတယ်။ မာရှေယာနို.လိုတင်းစာခေါ်ဝေါ်နိုင်တဲ့ မင်းသော်ထွန်းလို ကစားသမားမျိုးကို အသင်းမှာ ဆက်လက်ထိမ်းသိမ်းမထားနိုင်ခဲ့ပါဘူး။ ဇင်လင်းဦး၊စိုင်းသက်အောင်တို.လည်းခပ်လှုပ်လှုပ်ပါပဲ.. ခံစစ်ပိုင်းကို ပြုပင်နိုင်ခြင်း မရှိသေးပါဘူး။ ရှိတဲ့လူစာရင်းနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားရမှာပါ။ မထင်မှတ် ဒိတ်ဒိတ်ကျဲအသင်းဖြစ်နေတဲ့ R Young Star FC အသင်းကတော့ အောင်မြင်တဲ့ဥရောပကလပ်အသင်းတွေကဖြစ်တဲ့  မန်ယူအကယ်ဒမီထွက်တွေဖြစ်တဲ့ အောင်ဖြိုး၊ဥက္ကာမင်း၊ညီညီအောင်၊ဝေယံအောင်၊မျိုးပိုင်စက်  အာဆင်နယ်အကယ်ဒမီထွက်
ဂိုးသမား ထွန်းတောက်အောင်၊  ဘာစီလိုနာ ကတ်တလန်အကယ်ဒမီထွက် ချမ်းမြေ့ကိုနဲ့ မြန်မာကလပ်ဖြစ်တဲ့ ရက္ခပူရယူနိုက်တက် ကစားသမားဖြစ်တဲ့ ရဲနိုင်ထွန်းတို.ကို ခေါ်ယူထားပါတယ်။ ဒီအသင်းမှာရှိတဲ့ ကစားသမားတိုင်းဟာ High Profile ရှိလို့ ဖျက်မျဉ်းအသင်းဖြစ်လာနိုင်တဲ့ အတွက် ကျန်အသင်းတွေ ကစားရခက်ခဲနိုင်ပါတယ်။ တိုက်စစ်မှုးတွေဖြစ်တဲ့ အောင်ဖြိုးနဲ့ ညီညီအောင်သာ ခြေမပေါ်ခဲ့ရင် ဒါမှမဟုတ် ထင်သလောက်ခြေစွမ်းမပြခဲ့ရင် ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။
ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖူးခြင်းမရှိသေးတဲ့ အသင်းတွေဟာလည်း အောင်မြင်မြင်မှု အတိုင်းအတာတစ်ခုထိရောက်အောင် ကြိုးစားသွားကြမှာပါ။ အစဉ်အလာနဲ့ သမိုင်းကြောင်းအရဆိုရင်တော့ BE FC အသင်းကို ချန်ပီယံအသင်းအဖြစ် သတ်မှတ်မယ်ဆိုရင် မမှားပါဘူး။
ဒါပေမယ့် ရင်က BE FC အသင်းဟာ ဗမာကစားသမားအများစုနဲ့ဖွဲ့စည်းထားပေမဲ့  လက်ရှိအချိန်မှာတော့ တိုင်းရင်းသားတွေဖြစ်တဲ့ ကရင်တိုင်းရင်းသား မျိုးငြိမ်းရွှေ၊  ရခိုင်တိုင်းရင်းသားတာယာမျိုး၊ ရုရှားကြီးဖြစ်တဲ့ ရဲနန္ဒကျော် တို.နဲ့တည်ဆောက်ထားပါတယ်။ ဒီနှစ်မှပြောင်းလားတဲ့ မျိုးငြိမ်းရွှေဟာလည်း BE FC အသင်းနဲ့ တစ်သွေးတည်းတစ်သားတည်း မဖြစ်သေးပါဘူး။ စိုးလင်းဦး၊သိန်းဝင်း၊ အောင်မိုးတို.ဟာလည်း BE FC အသင်းရဲ့ ငယ်မွေးခြံပေါက်တွေမဟုတ်ပါဘူး။ ဒီအချက်တွေကြောင့် BE FC အသင်းဟာ စိတဓတ်ရေးရာပိုင်းမှာ အရင်လို အာမကောင်းပဲ ဖြစ်လာနိုင်ပါတယ်။ အသင်းခေါင်းဆောင် ရဲနန္ဒကျော်တစ်ဦးတည်းကိုသာ မှီခိုနေရပီး ဒဏ်ရာမကြာခဏရလေ့ရှိတဲ့ ရဲနန္ဒကျော်မရှိရင် စွမ်းဆောင်ရည်ပိုင်းအားလုံးဟာ အကျဘက်ကိုရောက်စေပါတယ်။ အထက်က ပြောခဲ့သလိုပါပဲ BE FC အသင်း ပွဲဆက်များလာပီး ဒဏ်ရာရကစားသမားရှိလာရင် အရန်အင်အားမတောင့်တင်းတဲ့အတွက် ကျန်အသင်းတွေထက် အားပျော့မှာ အမှန်ပါပဲ။ တိုက်စစ်ပိုင်းမှာတော့ Need For Speed FC အသင်းက ကျန်းအသင်းတွေထက် နှာတစ်ဖျားသာနေတာကို တွေ.ရပါတယ်။ ကွင်းလယ်မှာတော့ Zippy FC  နဲ့          Fighter FC အသင်းက သာပါတယ်။ R Young Star FC ကတော့ကွင်းလယ်မှာ ဘယ်သူကိုအသုံးပြုမလဲဆိုတာကတော့ ခန်.မှန်းလို.မရပါဘူး။ အသုံးပြုခဲ့တဲ့ကစားသမားဟာလည်း ဘယ်လောက်ထိ တိုက်စစ်ကို ပံ့ပိုးပေးမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ Fighter FC အသင်းကတော့ ဂိုးသမားမရှိတဲ့အတွက် လူအင်းအားနည်းနည်းနဲ့ ကျဲကျဲဝိုင်းရမဲ့နေရာမှာ အခက်အခဲ အများကြီးရှိပါတယ်။ သမိုင်းအစဉ်အလာကြီးမားတဲ့ ဒီပြိုင်ပွဲကြီးမှာ မှတ်ကျောက်တင်ခံနေရတဲ့ BE FC ၊ နည်းဗျူဟာအသစ်တွေနဲ့
ချန်ပီယံဖြစ်ဖို. ကြိုးစားမဲ့ Need For Speed FC ၊ တန်းတက်လာပီး ငွေကိုရေလိုသုံးပြီး အောင်မြင်မှုကိုငွေနဲ့လဲလှယ်ယူမဲ့ Ethiopia စီးပွားရေးလုပ်ငန်းရှင်တွေ ပိုင်ဆိုင်တဲ့ Fighter FC ၊ ဥရောပအသင်းကြီးက ကစားသမားအများအပြားနဲ့စုဖွဲ့ထားတဲ့ R Young Star FC၊ ၀ါရင့်ကစားသမားတွေပ့ါဝင်တဲ့ Zippy FC တို.ထဲက ဘယ်အသင်းတွေကျရှုံးပီး ဘယ်အသင်းဆုဖလားကြီးကို ကိုင်မြှောက်ခွင့် ရရှိမလဲဆိုတာကတော့..........
                                                     Post  by  JSF (Joint Strike Fighter)

''အနိုင်မခံ အရှုံးမပေးစိတ်ဓတ်များနဲ့  ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ကာလုဂါမြန်မာကျောင်းသားများရဲ့ နွေရာသီအဖွင့် အပျော်တမ်းချစ်ကြည်ရေးပြိုင်ပွဲ''


EVEN THEY GIVEN CUP,
NEVER THEY GIVE UP,
THIS IS KALUGA MYANMAR SUMMER FOOTBALL COMPETITION
''အနိုင်မခံ အရှုံးမပေးစိတ်ဓတ်များနဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့
ကာလုဂါမြန်မာကျောင်းသားများရဲ့ နွေရာသီအဖွင့် အပျော်တမ်းချစ်ကြည်ရေးပြိုင်ပွဲ''

2012-2013 ဘောလုံးရာသီကိုကြိုဆိုတဲ့ အနေနဲ့ ကာလုဂါမြန်မာကျောင်းသားများရဲ့ နွေရာသီ
အပျော်တမ်းချစ်ကြည်ရေး  ပြိုင်ပွဲကြီးဟာဆိုရင် လာမည့် မေလ(၃)ရက်နေ.မှာ ကာလုဂါမြို.မြန်မာကျောင်းသားများ အားထားရတဲ့ ဘောလုံးကွင်းကြီးဖြစ်တဲ့ ပရိတ်သတ်(၁၅၀)ခန့်ကွင်းဘေးမှာ မတ်တပ်ရပ် ၀ိုင်းပီးကြည့်လို့ရမဲ့ DUU PYAL STADIUM ကွင်းကြီးမှာ စတင်ယှဉ်ပြိုင်ကြတော့မှာပဲဖြစ်ပါတယ်။

ဒီနှစ်မှာလည်း အရင်နှစ်ကလိုပဲ အသင်းကြီး(၅)သင်း ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ အသင်း(၅)သင်းလုံး ပတ်လည်စနစ်နဲ့ ကစားကြမှာဖြစ်ပြီး အမှတ်အများဆုံးရရှိတဲ့အသင်းက ဗိုလ်လုပွဲတက်ခွင့်ရရှိမှာဖြစ်ပြီး ဒုတိယအမှတ်အများဆုံး အသင်းနဲ့ တတိယအမှတ်အများဆုံး အသင်းတို.ကတော့ အကြိုဗိုလ်လုပွဲ(သို.မဟုတ်) Play-Off ကစားပီး အနိုင်ရရှိတဲ့အသင်းက ဗိုလ်လုပွဲကိုကစားခွင့်ရရှိမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးကို အဓိကကျင်းပရတဲ့ ရည်ရွှယ်ချက်ကတော့ - 

(၁) မြန်မာ့အားကစား ဆောင်ပုဒ်ဖြစ်သော ''မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်''။
(၂) နိုင်ငံခြားရောက်မြန်မာကျောင်းသားများအချင်းချင်း ရိုင်းပင်းကူညီစွာ စည်လုံးညီညွှတ်မှုရရှိစေရန်။
(၃) အနိုင်မခံ အရှုံးမပေးစိတ်ဓတ်များ ရှင်သန်ပေါက်ဖွားလာစေရန်။
 စတဲ့ အချက်ကြီး(၃)ချက်ကိုရည်ရွှယ်ကာ ယှဉ်ပြိုင်ကျင်းပသွားမှာဖြစ်ပါတယ်။


ဒီနှစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မဲ့ အသင်း(၅)သင်းကတော့ (၁) Need For Speed FC (၂) B.E FC (၃) Fighter FC (၄) R Young Star FC (၅) Zippy FC တို.ပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးကို အဓိကစပွန်ဆာပေးသွားမှာကတော SAMUSAR Company နဲ့ပါဝင်ယှဉ်ပြိုင်ကြမဲ့ ဘောလုံးအားကစားသမားတွေ ကိုယ်တိုင်ပဲဖြစ်ပါတယ်။ အနိုင်မခံအရှုံးမပေးစိတ်ဓတ်များနဲ့ ပါဝင်ယှဉ်ပြိုင်ကြမဲ့ ကာလုဂါမြန်မာကျောင်းသားများရဲ့ နွေရာသီအဖွင့် အပျော်တမ်းချစ်ကြည်ရေးပြိုင်ပွဲဖလားကြီးကိုဘယ်အသင်းကဆွတ်ခူးမလဲဆိုတာကတော့..............................

                                        Post by JSF(Joint Strike Fighter)