EVEN THEY GIVEN CUP,
NEVER THEY GIVE UP,
THIS IS KALUGA MYANMAR SUMMER
FOOTBALL COMPETITION
''အနိုင်မခံ အရှုံးမပေးစိတ်ဓတ်များနဲ့
ပြိုင်ဆိုင်မှုပြင်းထန်တဲ့
ကာလုဂါမြန်မာကျောင်းသားများရဲ့
နွေရာသီအဖွင့် အပျော်တမ်းချစ်ကြည်ရေးပြိုင်ပွဲ''
2012-2013
ဘောလုံးရာသီကိုကြိုဆိုတဲ့ အနေနဲ့ ကာလုဂါမြန်မာကျောင်းသားများရဲ့ နွေရာသီ
အပျော်တမ်းချစ်ကြည်ရေး ပြိုင်ပွဲကြီးဟာဆိုရင် လာမည့် မေလ(၃)ရက်နေ.မှာ ကာလုဂါမြို.မြန်မာကျောင်းသားများ အားထားရတဲ့
ဘောလုံးကွင်းကြီးဖြစ်တဲ့ ပရိတ်သတ်(၁၅၀)ခန့်ကွင်းဘေးမှာ မတ်တပ်ရပ် ၀ိုင်းပီးကြည့်လို့ရမဲ့
DUU PYAL STADIUM ကွင်းကြီးမှာ စတင်ယှဉ်ပြိုင်ကြတော့မှာပဲဖြစ်ပါတယ်။
ဒီနှစ်မှာလည်း
အရင်နှစ်ကလိုပဲ အသင်းကြီး(၅)သင်း ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ အသင်း(၅)သင်းလုံး
ပတ်လည်စနစ်နဲ့ ကစားကြမှာဖြစ်ပြီး
အမှတ်အများဆုံးရရှိတဲ့အသင်းက ဗိုလ်လုပွဲတက်ခွင့်ရရှိမှာဖြစ်ပြီး ဒုတိယအမှတ်အများဆုံး
အသင်းနဲ့ တတိယအမှတ်အများဆုံး အသင်းတို.ကတော့
အကြိုဗိုလ်လုပွဲ(သို.မဟုတ်) Play-Off ကစားပီး အနိုင်ရရှိတဲ့အသင်းက ဗိုလ်လုပွဲကိုကစားခွင့်ရရှိမှာဖြစ်ပါတယ်။
ဒီပြိုင်ပွဲကြီးကို အဓိကကျင်းပရတဲ့ ရည်ရွှယ်ချက်ကတော့ -
(၁) မြန်မာ့အားကစား ဆောင်ပုဒ်ဖြစ်သော ''မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်''။
(၂) နိုင်ငံခြားရောက်မြန်မာကျောင်းသားများအချင်းချင်း ရိုင်းပင်းကူညီစွာ
စည်လုံးညီညွှတ်မှုရရှိစေရန်။
(၃) အနိုင်မခံ အရှုံးမပေးစိတ်ဓတ်များ ရှင်သန်ပေါက်ဖွားလာစေရန်။
စတဲ့ အချက်ကြီး(၃)ချက်ကိုရည်ရွှယ်ကာ ယှဉ်ပြိုင်ကျင်းပသွားမှာဖြစ်ပါတယ်။
ဒီနှစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မဲ့ အသင်း(၅)သင်းကတော့ (၁) Need For Speed FC (၂)
B.E FC (၃) Fighter FC (၄) R Young Star FC (၅) Zippy FC တို.ပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးကို
အဓိကစပွန်ဆာပေးသွားမှာကတော SAMUSAR Company နဲ့ပါဝင်ယှဉ်ပြိုင်ကြမဲ့ ဘောလုံးအားကစားသမားတွေ
ကိုယ်တိုင်ပဲဖြစ်ပါတယ်။ အနိုင်မခံအရှုံးမပေးစိတ်ဓတ်များနဲ့ ပါဝင်ယှဉ်ပြိုင်ကြမဲ့
ကာလုဂါမြန်မာကျောင်းသားများရဲ့ နွေရာသီအဖွင့် အပျော်တမ်းချစ်ကြည်ရေးပြိုင်ပွဲဖလားကြီးကိုဘယ်အသင်းကဆွတ်ခူးမလဲဆိုတာကတော့..............................
Post by
JSF(Joint Strike Fighter)






0 comments:
Post a Comment