အသင်းပွဲနိုင်သရေရှုံး ရဂိုး ပေးဂိုး ဂိုးကွာခြားချက် ရမှတ်
Zippy FC
Fighter FC
Need For Speed FC
R Young Star FC -၂
B.E FC -၂

“DUU PYAL STADIUM ကွင်းကြီးက ချန်ပီယံဗိုလ်လုပွဲ”


(၃.၅.၂၀၁၂) ရက်နေ.မှစတင်ပြီး ကျင်းပလာခဲ့တဲ့ ကာလုမြို.ရောက် မြန်မာကျောင်းသားများရဲ့ နွေရာသီအပျော်တမ်းချစ်ကြည်ရေး ပြိုင်ပွဲကြီးဟာ အုပ်စုပွဲများပြီးဆုံးပြီး (၃) ရက်ကြာ ရပ်နားထားခဲ့ရာမှ
ပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲကြီးကို (၁၁.၅.၂၀၁၂)ရက်နေ. ညနေ(၆:၀၀)နာရီအချိန်မှာ ရုရှားဖရက်ဒေးရှင်းနိုင်ငံ၊ကာလုဂါမြို.ရှိ  ဒူးပြဲ အမျိုးသားအားကစားကွင်းကြီးမှာ  ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ မထင်မှတ်ပဲ ဒီပြိုင်ပွဲကြီးရဲ့ ရေပန်းအစားဆုံးအသင်းတွေ ပြုတ်ကျန်ခဲ့ပြီး ရေပန်းမစားတဲ့ အသင်းနှစ်သင်းဖြစ်တဲ့ Fighter FC အသင်းနဲ့ Zippy FC အသင်းတို.ဟာ ဒီပြိုင်ပွဲကြီးရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးဗိုလ်လုပွဲကို တက်ရောက်လာကြတဲ့ အသင်းတွေဖြစ်ပြီး ပထမဆုံးသော အသင်းအတွက် သမိုင်းဝင်စေမဲ့ ဖလားကြီးကို ဗိုလ်လုမဲ့ပွဲလည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်သင်းမယှဉ်ပြိုင်ခင် ဗိုလ်လုပွဲနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို စုဆောင်းပြီး အခုလို သုံးသပ်တင်ပြလိုက်ပါတယ်။
ဒီနှစ်သင်းဟာ အုပ်စုပတ်လည်ပွဲစဉ်မှာ တွေ.ဆုံခဲ့မှုရှိပြီး Zippy FC အသင်းက (၃-၁) ရလဒ်ဖြင့် Fighter FC အသင်းကို အနိုင်ရရှိထားပါတယ်။ Fighter FC အသင်းကတော့ အုပ်စုတွင်း Zippy FC အသင်းနဲ့ ရမှတ်တူညီသော်လည်း ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာ ရပ်တည်ကာ Play-Off အဆင့်မှာ တတိယနေရာမှ Need For Speed FC အသင်းကို (၃-၂) ရလဒ်ဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲကို တက်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ Zippy FC အသင်းဟာ ပထမဆုံးပွဲစဉ်မှာ Need For Speed FC အသင်းကို ရှုံးနိမ့်ခဲ့တာမှလွှဲလို. (၃)ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို တင်ထားနိုင်တဲ့အသင်းလည်းဖြစ်ပါတယ်။ Fighter FC အသင်းကလည်း Zippy FC အသင်းကို ရှုံးနိမ့်ခဲ့တာမှလွှဲလို. ကျန်အသင်းတိုင်းကို အနိုင်(သို.) သရေအဖြစ်ကစားနိုင်ခဲ့တဲ့ အသင်းပဲဖြစ်ပါတယ်။
Zippy FC အသင်းရဲ့ လက်ရှိအခြေအနေ
မထင်မှတ်ပဲ အသင်းRhythm မှန်နေပြီး ခြေစွမ်းထက်နေတဲ့ Zippy FC အသင်းကို သုံးသပ်ရမယ်ဆိုရင် တိုက်စစ်မှာ အထောင်တိုက်စစ်မှုး သိန်းလွင်းဦး အထူးခြေစွမ်းပြလျက်ရှိပြီး ယခုနှစ် ပြိုင်ပွဲကြီးရဲ့ ထိပ်တန်း ဂိုးသွင်းဘုရင်စာရင်းမှာ ပါဝင်နေသူပဲဖြစ်ပါတယ်။ဒါ့အပြင် နောက်ထပ် ကွင်းလယ်တိုက်စစ်အတွဲဖြစ်တဲ့ ဖြိုးဝေမြင့်နဲ့ကြည်ဇော်တို.အတွဲဟာလည်း အုပ်စုတွင်းပွဲစဉ်(၄)ပွဲမှာ ဂိုးဖန်တီးပေးမှုပေါင်း (၃၇) ခါထိရှိခဲ့ပြီး ကွင်းလယ်ကစားသမားဖြစ်တဲ့ ကြည်ဇော်(၂)ဂိုးသွင်းယူထားနိုင်လို. ဒီပြိုင်ပွဲကြီးရဲ့ အကောင်းဆုံး ကွင်းလယ်တိုက်စစ်အတွဲဆိုရင် မှားမယ်မထင်ပါဘူး။ ဒီအသင်းရဲ့ ရဂိုးစုစုပေါင်း(၈)ဂိုးထိရှိခဲ့တာကြောင့် တစ်ပွဲ ပျှမ်းမျှ (၂) ဂိုးထိ သွင်းယူနိုင်တဲ့အသင်းလည်းဖြစ်ပါတယ်။ နောက်တန်းခံစစ်ကိုလေ့လာကြည့်မယ်ဆိုရင် ပွဲဦးထွက်မှာ (၂) ဂိုးပေးခဲ့တာမှလွှဲလို. နောက်ဆုံး (၃)ပွဲမှာတစ်ပွဲ (၁)ဂိုးသာပေးခဲ့လို. နောက်တန်းအမှားနည်းတဲ့ အသင်းလို. ဆိုရပါလိမ့်မယ်။

Fighter FC အသင်းရဲ့ လက်ရှိအခြေအနေ
Fighter FC အသင်းကတော့ တိုက်စစ် ခံစစ် မျှတတဲ့ အသင်းလို. ဆိုရပါလိမ့်မယ်။ Play- Off အပါအ၀င် စုစုပေါင်း (၅)ပွဲကစားထားပြီး ရဂိုး(၁၀) ဂိုး ပေးဂိုး(၈) ဂိုးအထိရှိတဲ့အသင်းဖြစ်တာကြောင့် တိုက်စစ်နဲ့ ခံစစ်ဟာ များစွာ ကွာဟမနေပါဘူး။ Fighter FC အသင်းရဲ့ တိုက်စစ်မှုးတွေ ဂိုးမသွင်းပဲ ကွင်းလယ်အဖျက်ဖြစ်တဲ့ ဖြိုးဇော် (၅) ဂိုးထိသွင်းယူထားပြီး ဂိုးသွင်းဘုရင်ဇယားထိပ်မှာ ရပ်နေတည်နေတဲ့သူဖြစ်ပါတယ်။ ခံစစ်ပိုင်းမှာလည်း
တစ်ဖက်အသင်းရဲ့ လျင်လျင်မြန်မြန်ထိုးဖောက်မှုတွေကို နောက်တန်းကစားသမားတွေ ဟန်.တားနိုင်ခြင်း သိပ်မရှိပါဘူး။

စိန်ခေါ်မှုသစ်တွေနဲ့ အသင်းနှစ်သင်းရဲ့ အဖြေ
ဒီပွဲရဲ့ ချန်ပီယံအဖြေကို ရှင်းလင်းစွားထုတ်ပေးမယ့် အဓိကအချက်ကတော့ နှစ်သင်းလုံးရဲ့ ကွင်းလယ်တိုက်စစ်တွေပါပဲ။ စပိန်လာလီဂါရဲ့ အကြီးကျယ်ဆုံး ဒါဘီ(EЛ Слasic0)လို.လက်ရှိတင်စားခြင်ခံနေရတဲ့ ရီးရဲမက်ဒရစ်- ဘာစီလိုနာ အသင်းရဲ့ကွင်းလယ်တိုက်စစ်တွေဖြစ်တဲ့  ရီးရဲမက်ဒရစ်အသင်းရဲ့ ကွင်းလယ်တိုက်စစ်အတွဲဖြစ်တဲ့  အိုဇေး-ဒီမာရီယာအတွဲလို တင်စားခြင်းခံနိုင်လောက်တဲ့ Zippy FC အသင်းရဲ့ ကွင်းလယ်တိုက်စစ်ဖြစ်တဲ့ ဖြိုးမြင့်ဝေ-ကြည်ဇော်တို. ကွင်းလယ်တိုက်စစ်ကို Fighter FC နောက်တန်းကစားသမားတွေဖြစ်တဲ့ နိုင်လင်းဦး၊ထွန်းထွန်းကျော်၊အောင်ပြည့်စုံတို့ ထိန်းချုပ်ဖို. မလွယ်ကူသလို
ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်တိုက်စစ်အတွဲဖြစ်တဲ့ ဇာဗီ-အင်နီယီစတာ အတွဲလို. တင်စားခြင်းခံနိုင်လောက်တဲ့ Fighter FC အသင်းရဲ့ ကွင်းလယ်တိုက်စစ်ဖြစ်တဲ့ အောင်ကျော်စိုး၊သိန်းမင်းထိုက်တို.အတွဲကို Zippy FC နောက်တန်းကစားသမားတွေဖြစ်တဲ့ အောင်ကိုထွေး၊ကျော်ဇေ၊ရန်နိုင်ထွန်းတို့ ထိန်းချုပ်ဖို. မလွယ်ကူနိုင်ပါဘူး။မထင်မှတ်တာတွေဖြစ်တတ်တဲ့ ဘောလုံးကမ္ဘာမှာ (25%)ဖြင့် ဗိုလ်စွဲဖို.ရေပန်းစားခဲ့တဲ့ R Young Star FC အသင်းနဲ့ အစဉ်အလာကြီးမားတဲ့ B.E FC အသင်းတို.ကို ဒီနှစ်သင်းလုံးက ကျော်ဖြတ်နိုင်ခဲ့တဲ့ သာဓကတွေလည်းရှိနေတာပါပဲ။ လက်ရှိအချိန်မှာ ဒီပြိုင်ပွဲကြီးမှာ ဗိုလ်စွဲဖို.ရေပန်းစားနေတာက Fighter FC အသင်းဖြစ်နေပေမယ့်လည်း ဒီပြိုင်ပွဲကြီးရဲ့ ဆောင်ပုဒ်ဖြစ်တဲ့
Even They Given Cup,Never They Give Up ဆိုတဲ့အတိုင်း ပြိုင်ဆိုင်မှုပြင်းထန်းတဲ့ ကစားသမားတွေရဲ. စိတ်ဓတ်ကတော့ အမြင့်ဆုံးကို ခေါ်ဆောင်သွားဦးမှာပါ။ ALL MYANMARNISH FINAL လို.တင်စားလို.ရတဲ့ ဒီပြိုင်ပွဲကြီးရဲ့ နောက်ဆုံးဗိုလ်လုပွဲဖြစ်တဲ့ ဒူးပြဲကွင်းကြီးရဲ့ စီးချင်းတိုက်ပွဲကြီး အဆုံးအသတ်မှာ ဘယ်အသင်းကချန်ပီယံဖလားကြီးကို ကိုင်မြှောက်ပြီး ဘာတွေဖြစ်လာမလဲဆိုတာကတော့ စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။
Fighter FC အသင်းဖြတ်သန်းခဲ့မှု

ပြိုင်ဘက်အသင်း
ရလဒ်
(၃.၅.၂၀၁၂)
Need For Speed FC 
(၁-၁) သရေ
(၄.၅.၂၀၁၂)
R Young Star FC
(၄-၂) နိုင်
(၅.၅.၂၀၁၂)
Zippy FC
(၁-၃) ရှုံး
(၆.၅.၂၀၁၂)
B.E FC
(၁-၀) နိုင်
(၉.၅.၂၀၁၂) Play-Off
Need For Speed FC 
(၃-၂) နိုင်

Zippy FC အသင်းဖြတ်သန်းခဲ့မှု

ပြိုင်ဘက်အသင်း
ရလဒ်
(၄.၅.၂၀၁၂)
Need For Speed FC 
(၁-၂) ရှုံး
(၅.၅.၂၀၁၂)
Fighter FC
(၃-၁) နိုင်
(၆.၅.၂၀၁၂)
R Young Star FC
(၃-၁) နိုင်
(၇.၅.၂၀၁၂)
B.E FC
(၁-၁) သရေ

အာရှ ပရိတ်သတ်အကြိုက်ရွှေးချယ်မှု- Zippy FC
ဥရောပ ပရိတ်သတ်အကြိုက်ရွှေးချယ်မှု - Fighter FC
တောင်အမေရိက ပရိသတ်အကြိုက်ရွှေးချယ်မှု - Fighter FC
မြောက်အမေရိက ပရိသတ်အကြိုက်ရွှေးချယ်မှု - Zippy FC
FIFA အကြိုက် - Zippy FC
UEFA အကြိုက် - Fighter FC
စာရေးသူအကြိုက် - Zippy FC
Eleven အကြိုက် - Zippy FC
Soccer Myanmar အကြိုက် - Fighter FC
နာမည်ကျော်သူများ၏ရင်တွင်းစကားများ
-“ကျနော်ကတော့ အသင်းစွဲမရှိပါဘူး။ ဒါပေမဲ့ ကြည်ဇော်ပါတဲ့ Zippy FC အသင်းကိုပဲ အားပေးဖြစ်မယ်ထင်ပါတယ်။” 
* (ပြည်ကျော်ခေါင်- Zippy FC ကစားသမား ကြည်ဇော်၏ သူငယ်ချင်း)
-“ကျနော်ကတော့ Fighter ရစေချင်တယ်ဗျာ။ ဘာဖြစ်လို.လဲဆိုတော့ သူတို.အသင်းက အရမ်းကြိုးစားတယ်ဗျ.. မျက်မြင်ကိုယ်တွေ.ပဲ. တစ်ခြားအသင်းတွေနဲ့ သိပ်မတူဘူး။ Fighter FC ကိုပဲအားပေးမှာပါ”
*(မျိုးမင်းသူ - ကာလုမြို. မနက်ခင်းကိုယ်ကာယလေ့ကျင့်ခန်းနှင့် ညနေခင်းအားကစားဆိုင်ရာ အကြီးတန်းသတင်းထောက်)
-“အူဝဲကတော့ Need For Speed FC ကိုအားပေးခဲ့တာပါရှင့်။ ဒါပေမဲ့ သူကထွက်သွားတော့ သူ.ကို Play –Off မှာ နိုင်သွားတော့ Fighter FC ကိုပဲ အားပေးသွားမှာပါ ”
*(အူဝဲ- ကာလုဂါမြို.မှ ကာပျက်ကာမှ အရောင်ဝန်ထမ်း)
-“ကျနော်ကတော့ ဘယ်သူနိုင်နိုင်ပျော်တယ်။ ဘာဖြစ်လို.လဲဆိုတော့ ဗိုလ်လုပွဲမှာ ဘီယာ၊အအေးနဲ့ အာလူးကြော် တိုက်မှာကိုဗျ… ဘယ်သူနိုင်နိုင်ကျေနပ်တယ် ”
*(ရန်လင်းအောင်- အပျော်တမ်းယမကာ သောက်သုံးရေး အထွေထွေအတွင်းရေမှုး)
-“ကျနော်ကတော့ ဂိုးများများသွင်းတဲ့ အသင်းကို အားပေးမှာပါ။ များများသွင်းတဲ့ တိုက်စစ်မှုးတွေကို မြေတောင်မြှောက်ပေးချင်ပါတယ်။”
*(ကိုကိုလွင်- မြန်မာကလပ် ဘေဘီဗိုက်တာ အသင်းပိုင်ရှင်)
-“သိန်းလွင်ဦးပါတဲ့ Zippy FC ကိုအားပေးမှာပါ။ သိန်းလွင်းဦးက ကျနော့် Patana လေဗျ.. ဟဲဟဲ .. သိတယ်မှတ်လား”
*(စိုးလင်းဦး - B.E FC အလယ်တန်းကစားသမား)
-“သင်ဇာကတော့ Zippy FC အသင်းရဲ့ အမာခံ ပရိတ်သတ်ပါ။ ကစားသမား ကျော်ဇေကို အရမ်းခရေဇီပေါ့နော်…အဟိ.. ဘယ်လိုပြောရမလဲ... ”
*(သင်ဇာဝင့်ကျော်-မြန်မာအမျိုးသမီးဝတ်စားဆင်ယင်မှု သရုပ်ပြကော်မတီ အဖွဲ.၀င်)

*ဗိုလ်လုပွဲမတိုင်ခင် ယခုနှစ် (2012) Kaluga Myanmar Summer Football Competition အနှစ်ချူပ်

စတင်ကျင်းပသည့်ရက်

(၃.၅.၂၀၁၂)

ပြိုင်ပွဲ ပြီးဆုံးမည့်ရက်

(၁၁.၃.၂၀၁၂)

ပြိုင်ပွဲအသင်းစုစုပေါင်း

၅ သင်း

လက်ရှိဂိုးအများဆုံး သွင်းထားသူ

ဖြိုးဇော်(၅ဂိုး- Fighter FC ) သိန်းလွင်းဦး(၄ဂိုး - Zippy FC

ဆုကြေးငွေ

ချန်ပီယံ(၆၀၀ ရူဘယ်) - ဒုတိယ( ၃၀၀ ရူဘယ်)

လက်ရှိကစားပြီးသော ပွဲ / ဂိုး

၁၁ ပွဲ / ၃၂ ဂိုး

တစ်ပွဲပျှမ်းမျှ သွင်းဂိုး

၂.၉ ဂိုး

ပြိုင်ပွဲ ပထမဆုံး ဂိုးသွင်းသူ

နိုင်လင်ဦး (Fighter FC)

 

ပြိုင်ပွဲ အစောဆုံး ဂိုးသွင်းသူ

ချမ်းမြေ့ကိုကို (၃ မိနစ်) ( R Young Star FC)

ပြိုင်ပွဲ နောက်အကျဆုံးဂိုးသွင်းသူ

ကျော်ဇေ (၆၀+၄ မိနစ်) (Zippy FC)

ရဂိုးအနည်းဆုံးအသင်း

B.E FC (၂) ဂိုး

ရဂိုးအများဆုံးအသင်း

Zippy  FC (၈) ဂိုး

ပေးဂိုးအများဆုံးအသင်း

R Young Star FC (၈) ဂိုး

ပေးဂိုးအနည်းဆုံးအသင်း

B.E FC – Need For Speed FC (၄) ဂိုးစီ

နိုင်ပွဲ အများဆုံး အသင်း

Fighter FC – Zippy FC  (၂) ပွဲစီ

ရှုံးပွဲ အများဆုံးအသင်း

B.E FC – R Young Star FC (၂) ပွဲစီ

 

“ဗိုလ်လုပွဲရောက် အသင်းနှစ်သင်း၏ထူးခြားချက်များ”
*ဒီနှစ်သင်းသည် သမိုင်းတစ်လျှောက် ဒီနှစ်အုပ်စုတွင်း ပွဲစဉ်တွင်(၁) ကြိမ်သာတွေ.ဆုံဖူးပြီး
Zippy FC အသင်းက Fighter FC အသင်းကို (၃-၁) ဂိုးဖြင့်အနိုင်ရရှိထားသည်။
*Zippy FC အသင်း၏ ကွင်းလယ်ကစားမား ကြည်ဇော်၊ဂိုးသမား မောင်မောင်ဦးတို.နှင့် Fighter FC နောက်တန်းကစားသမား ထွန်းထွန်းကျော်တို.သည်
အိုးစားဘက်များဖြစ်ကြသည်။
*Fighter နောက်တန်းကစားသမား ကောင်းမြတ်စိုးနှင့် Zippy FC တိုက်စစ်မှုး သိန်းလွင်ဦးတို.သည် မေဂျာတူ အခန်းတူများဖြစ်ကြသည်။
*Fighter FC ကွင်းလယ်ကစားမား သိန်းမင်းထိုက်နှင့် နောက်တန်းကစားသမား ထွန်းထွန်းကျော်တို.သည် ယမန်နှစ် ဒီပြိုင်ပွဲတွင် Geinus FC အသင်းနှင့် ဗိုလ်စွဲခဲ့သူများဖြစ်ကြသည်။ ဒီနှစ်ထပ်ဖလားရရှိလျှင် မည်သူမျှ တင်ထားနိုင်ခြင်းမရှိသေးသော နှစ်နှစ်ဆက်ချန်ပီယံဖြစ်သော ကစားသမားများအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။
*Zippy FC ကစားသမားများဖြစ်ကြသော အောင်ကိုထွေးသည် ချစ်သူကောင်မလေးကို အလိုမလိုက် သလောက် ရန်နိုင်ထွန်း၊သိန်းလွင်ဦးတို.သည် ချစ်သူကောင်မလေးကို  အလိုလိုက် ရသူများဖြစ်ကြသည်။
*Fighter FC နောက်တန်းကစားသမား အောင်ပြည့်စုံသည် မြန်မာသရုပ်ဆောင်မော်လ်ဒယ် သဉ္စာနွယ်ဝင်းကို အသေရရ အရှင်ရရ နှစ်သက်စွဲလန်းသူဖြစ်သည်။
*Fighter FC အသင်းခေါင်းဆောင် အောင်ကျော်စိုးသည် ဒီနှစ်ပြိုင်ပွဲကြီးရဲ့ တစ်ဦးတည်းသော အနီကဒ်ပိုင်ရှင်ဖြစ်သည်။
* Zippy FC အသင်းခေါင်းဆောင် ဖြိုးမြင့်ဝေသည် ဒီပြိုင်ပွဲ ပြီးဆုံးလျှင် (၁၃.၅.၂၀၁၂) Анненки မြက်တုဘောလုံးကွင်းတွင် ကျင်းပမည့် နိင်ငံအလိုက်  ဖိတ်ခေါ်ဖလား ပြိုင်ပွဲတွင် မြန်မာအသင်းကိုယ်စားပြု
အသင်းခေါင်းဆောင်အဖြစ် ဆက်လက် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

Zippy FC အသင်းသားများ
နောက်တန်း ၀ဲမှယာ - (ဖြိုးမြင့်ဝေ(အသင်းခေါင်းဆောင်)- ရန်နိုင်ထွန်း၊ဖြိုးဝေမြင့်၊အောင်ကိုထွေး၊မောင်မောင်ဦး
ရှေ.တန်း ၀ဲမှယာ - (ကြည်ဇော်၊သိန်းလွင်းဦး၊ကျော်ဇေ)


Fighter FC အသင်းသားများ
နောက်တန်း ၀ဲမှယာ - (ကျော်သူအောင်၊နိုင်လင်းဦး၊ဖြိုးဇော်၊သိန်းမင်းထိုက်၊အောင်ကျော်စိုး(အသင်းခေါင်းဆောင်))
ရှေ.တန်း ၀ဲမှယာ - ( ကောင်းမြတ်စိုး၊အောင်ပြည့်စုံ၊ထွန်းထွန်းကျော်)

                                                                  Post by JSF(Joint Strike Fighter)

“ပွဲစဉ်(၁၀) Need For Speed FC Vs R Young Star FC ပွဲစဉ်အားကြိုတင်ခန့်မှန်းခြင်း”


အနိုင်မခံ အရှုံးမပေးစိတ်ဓတ်များဖြင့် ပြိုင်ဆိုင်မှု ပြင်ထန်းနေတဲ့ ကာလုဂါမြန်မာကျောင်းသားများရဲ့ နွေရာသီ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကြီးရဲ့ အုပ်စုပွဲစဉ်နောက်ဆုံးဖြစ်တဲ့ ပွဲစဉ်(၁၀)ကို Need For Speed FC အသင်းနဲ့
R Young Star FC အသင်းတို.က (၇.၅.၂၀၁၂) ရက်နေ. ညနေ(၆:၀၀) နာရီမှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။ နှစ်သင်းစလုံး (၃)ပွဲစီ ကန်ပြီးဖြစ်ပီး Need For Speed FC အသင်းက ရမှတ်(၄)မှတ်ဖြင့် အဆင့်(၃) နေရာမှာ ရပ်တည်နေတဲ့အသင်းဖြစ်ပြီး R Young Star  FC အသင်းကတော့ ရမှတ်(၃)မှတ်ဖြင့် B.E FC အသင်းနဲ့ အမှတ်တူညီနေသော်လည်း ဂိုးကွားခြားချက် နှာတစ်ဖြားအသာဖြင့် အဆင့်(၄)နေရာ ရပ်တည်နေတဲ့အသင်းဖြစ်ပါတယ်။ ဒီပွဲကတော့ အင်မတန်လှ ကြည့်လိုကောင်းမဲ့ အဆုံးအဖြတ်ပွဲ တစ်ပွဲဖြစ်လာမှ ကျိန်းသေပဲဖြစ်ပါတယ်။ နိုင်တဲ့အသင်း Play- Off ကို ကစားခွင့်ရရှိမှာဖြစ်ပြီး
Need For Speed FC အသင်းက ချို.ယွင်းချက်အနေဖြင့် ပွဲစဉ်(၉)မှာ B.E FC အသင်း ရှုံးနိမ်.ခဲ့လျှင် သရေကျယုံဖြင့် Play-Off ကို ကစားခွင့်ရရှိမှာဖြစ်ပါတယ်။ R Young Star FC အသင်းကတော့ အနိုင်(၃)မှတ် ရမှသာ ကစားခွင့်ရရှိမှာဖြစ်တဲ့အတွက် Need For Speed FC အသင်းထက်စာရင် အခွင့်အရေး အနည်းငယ်နည်းပါးပါတယ်။ R Young Star FC အသင်းအတွက် Play – Off မျှော်လင့်ချက်ကို ရှင်သန်စေမဲ့ အခွင့်အရေး သတင်းကောင်းတစ်ခုကတော့ Need For Speed FC အသင်းရဲ့ အားထားရဲ့ တိုက်စစ်မှုးဖြစ်တဲ့ ရဲရင့်ကိုကို ရာသီကုန်ထိ အနားယူရတော့မှာပဲဖြစ်ပါတယ်။ လက်ရှိခြေစွမ်းအရကတော့ ဒီနှစ်သင်းက တူညီနေပီး
စိတ်ဓတ်ပိုင်းဆိုင်ရာမှာတော့ သရေ(၁)မှတ် ရရှိယုံဖြင့် Play –Off ဆင့်ကို တက်လှမ်းနိုင်နေတဲ့ Need For Speed FC အသင်းက သာနေမှာ အမှန်ပဲဖြစ်ပါတယ်။ R Young Star FC အသင်းကတော့ ပွဲတိုင်း အဖွင့်ဂိုးကို အားထားရတဲ့ တိုက်စစ်မှုးဖြစ်တဲ့ ညီညီအောင် သွင်းယူနိုင်သော်လည်း ဂိုးသမားနှင့် နောက်တန်းကစားသမားများ ကွင်းလယ်ကစားသမားများ ၇ဲ့ ပေါ့လျှော့မှုတွေ.ကြောင့် (၂) ပွဲဆက်တိုက် (၆) ဂိုးပေးထားရပီး အဆိုးအရွှားဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ပွဲစဉ်(၇)ဖြစ်တဲ့ Zippy FC အသင်းနဲ့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ အသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှုး ညီညီအောင်(ခ) ရွှန်ညီ က “အရမ်းကို စိတ်ပျက်ဖို.ကောင်းပါတယ်။ တစ်ခါလဲ မဟုတ် နှစ်ခါလည်းမဟုတ် ။ ကျနော့်အသင်း သင်ခန်းစာတွေ တော်တော်လေးရနေပါပီ။ ဒီလောက်သင်ခန်းစာတွေ ရနေတာတောင် တစ်ယောက်မှ အမှတ်မရှိသေးပါဘူး။ ဘယ်လိုပြောလို.ပြောရမှန်းကို မသိတော့ပါဘူးဗျာ။ စာမေးပွဲမှာ စပေါ့ရပီး မေးခွန်းမဖတ်တတ်သလို ဖြစ်နေပီ။  နှစ်ပွဲဆက် ဒီတိုင်းဖြစ်နေတယ်။ ထမင်းကို စားချင်စိတ်မရှိတော့ပါဘူး။ Play – Off မျှော်လင့်ချက် မကုန်သေးတာကိုပဲ ကျေးဇူးတင်ရမလိုဖြစ်နေပါပီဗျာ.. နောက်ဆုံးပွဲဖြစ်တဲ့ Need For Speed FC အသင်းနဲ့ပွဲစဉ်မှာ သေချာပေါက်အနိုင်ကစားသွားတော့မှာပါ” လို. ပွဲစဉ်(၇)မှာ လာရောက်သတင်းယူနေတဲ့ ကာလုဂါသတင်းထောက် မျိုးမင်းသူနဲ့ အပျော်တမ်း ယမကာသောက်သုံးရေး အထွေထွေအတွင်းရေမှုး ရန်လင်းအောင်တို.ကို ပြောပြသွားပါတယ်။ Need For Speed FC အသင်းကတော့ အသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှုးရဲရင့်ကိုကိုအစား အရန်အင်အားနည်းပါလို. ဘောလုံးလောကမှ အနားယူပီး အချစ်ရေးဘက်ကို ဦးစားပေးနေတဲ့ ပြေတီဦးနယ်သားလည်းဖြစ် မန်ယူကစားသမားပေါဘာရဲ့ အစ်ကိုလည်းဖြစ်တဲ့ ပေါအောင်ဇော်ထွန်းကို ပါဝင်ကစားခွင့်ရရှိဖို. ကာလုဂါအားကစားကော်မတီကို အသနားခံစာတင်ထားတယ်လို. အတည်ပြုထားပါတယ်။ ပြိုင်ပွဲကျင်းပရေး အားကစားကော်မတီမှ ခွင့်ပြုပေးခဲ့ရင်တော့ တိုက်စစ်မှုး ရဲရင့်ကိုကိုနေရာမှာ ပေါအောင်ဇော်ထွန်း ကစားခွင့်ရရှိမှာပဲဖြစ်ပါတယ်။ အကြိတ်အနယ်ရှိမဲ့ ပွဲဖြစ်ပြီး R Young Star FC အသင်းက အနိုင်ရလဒ်ကို ၇ရှိမှာသာ Play- Off အဆင့်ကို တက်ရောက်နိုင်မှာဖြစ်လို. ဖိအားများစွာဖြင့် ကစားရအဲ့အသင်းဖြစ်နေတာကြောင့် ရမှတ်(၁) မှတ် ရရှိယုံဖြင့် Play –Off အဆင့်ကို တက်ရောက်နိုင်မဲ့ Need For Speed FC အသင်းကိုပဲ ရွှေးချယ်သင့်ပါတယ်။
                                                                            Post by JSF(Joint Strike Fighter)

“ပွဲစဉ်(၉) Zippy FC Vs B.E FC ပွဲစဉ်အားကြိုတင်ခန့်မှန်းခြင်း

ကာလုမြို.ရောက် မြန်မာကျောင်းသားများရဲ့  နွေရာသီကို ကြိုဆိုသောအားဖြင့် ကျင်းပလျက်ရှိတဲ့
အပျော်တမ်းချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကြီးရဲ့ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်များဖြစ်တဲ့ ပွဲစဉ်(၉)နဲ့ ပွဲစဉ်(၁၀)ကို (၇.၅.၂၀၁၂) ရက်နေ.မှာ ကျင်းပသွားမှာပဲဖြစ်ပါတယ်။ ပွဲစဉ်(၈)ပွဲအထိ ကစားလို.အပြီးမှာတော့
Fighter FC အသင်းက (၄)ပွဲကန် (၂)ပွဲနိုင် (၁)ပွဲသရေ (၁)ပွဲရှုံး ရမှတ် (၇)မှတ်ဖြင့်  Play-Off အဆင့်ကိုသေချာပေါက်ကစားခွင့် ရရှိခဲ့ပီးဖြစ်ပါတယ်။ ပွဲစဉ်(၉) အဖြစ်
Zippy FC အသင်းနဲ့ B.E FC အသင်းတို.ကတော့ (၇.၅.၂၀၁၂)  ရက်နေ. DUU PYAL ကွင်းကြီးမှာ ညနေ(၄:၃၀) နာရီမှာ ယှဉ်ပြိုင်ကစားသွားမှာပဲဖြစ်ပါတယ်။  Zippy FC အသင်းကတော့ (၃)ပွဲကန်အပြီး ရမှတ်(၆)မှတ် ဂိုးကွားခြားချက် (+၃)ဖြင့် (၁)ပွဲလျှော့ အနေအထားဖြင့် ဇယားဒုတိယမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဒီပွဲမှာ အနိမ့်ဆုံး သရေကစားရုံဖြင့် Zippy FC အသင်း ဗိုလ်လုပွဲကို တက်ရောက်ခွင့်ရရှိမှာပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးရဲ့ အစဉ်အလာကြီးမားတဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတဲ့ B.E FC အသင်းကတော့ (၃) ပွဲကန်အပြီး (၁)ပွဲနိုင် (၂)ပွဲရရှုံး ရလဒ်ဖြင့် ဇယားအောက်ဆုံးကကို ရုန်းမထွက်နိုင်တော့ပဲ Play-Off မျှော်လင့်ချက် ကုန်သလောက်နည်းပါးဖြစ်နေတဲ့အသင်းဖြစ်ပါတယ်။ ဒီပွဲကို အနိမ့်ဆုံး (၂) ဂိုးပြတ်ဖြင့်အနိုင်ရရှိမှာသာ မျှော်လင့်ရရှိမှာဖြစ်ပြီး ပွဲစဉ်(၁၀)ဖြစ်တဲ့ R Young Star FC အသင်းနဲ့ Need For Speed FC အသင်းတို. သရေကျခဲ့မှသာ Play-Off ကို ကစားခွင့်ရရှိမှာဖြစ်ပါတယ်။ ပွဲစဉ်(၁၀)မှာ အနိုင် အရှုံး အဖြေပေါ်ထွက်လာခဲ့ရင်တော့ B.E FC အသင်း Zippy FC အသင်းကို ဘယ်လိုနိုင်နိုင် တက်ရောက်ခွင့် ရရှိမှာမဟုတ်ပါဘူး။ Zippy FC အသင်းကတော့ သရေ တစ်မှတ်ရရှိယုံဖြင့် တိုက်ရိုက် ဗိုလ်လုပွဲကို တက်ရောက်ခွင့်ရရှိမှာဖြစ်တဲ့ အတွက် သရေ ရလဒ်ကိုသာထိန်းကစားသွားဖို. ရှိပီး ဒီပွဲကိုအမှားခံတော့မှာ မဟုတ်ပါဘူး။ B.E FC အသင်းကတော့ အသင်းရဲ့ အသင်းသားတွေနားလည်မှု လွှဲချော်နေပါတယ်။ အသင်းရဲ့ အာထားရတဲ့ တိုက်စစ်မှုး ရော်နော်ရွှေ အထိနာနေမှု… အသင်းသားတွေရဲ့
စည်းလုံးမှုက ပျက်ပြားနေပါတယ်။ ဒါကြောင့် ဒီပွဲအဖြေကတော့ ထိန်းကစားပီး သရေရလဒ်နဲ့သာ ပီးဆုံးဖို.များပီး အနိုင်ဆိုရင်တော့ Rhythm မှန်နေပြီး ဂိုးတွေကို နှစ်ပွဲဆက် ဂိုးပြတ် ဆက်တိုက်သွင်းယူနေတဲ့ Zippy FC အသင်းဘက်ကပဲ ရပ်တည်သင့်ပါတယ်။
                                                   Post by JSF(Joint Strike Fighter)