အသင်းပွဲနိုင်သရေရှုံး ရဂိုး ပေးဂိုး ဂိုးကွာခြားချက် ရမှတ်
Zippy FC
Fighter FC
Need For Speed FC
R Young Star FC -၂
B.E FC -၂

"Genius FC Vs BE FC အတွက် ဆုတံဆိပ်များ"


၂၀၁၁ - ၂၀၁၂ ကာလုဂါဖလား
Genius FC
Pulpit rock
ပထမဆု
Genius FC
ဒုတိယဆု
BE FC
Pulpit rock Pulpit rock
အကောင်းဆုံး ကစားသမားဆု
သိန်းမင်းထိုက် (Genius FC)
ဂိုးအများဆုံး ကစားသမားဆု
ရဲရင့်ကိုကို (Genius FC)
Pulpit rock Pulpit rock

"EXPECT TO UNEXPECTED KALUGA MYANMAR SUMMER FOOTBALL CHALLENGE CUP"

(မျှော်လင့်မထားတာတွေကို ကြိုပြီးမျှော်လင့်ထားရမယ့် ကာလုဂါနွေရာသီ ဖလားပြိုင်ပွဲ)
သို့မဟုတ်    ( WE  SHOULD  PLAY   PROFESSIONAl )
၂၀၀၁ ခုနှစ် ကာလုဂါမြန်မာကျောင်းသားများရဲ့ နွေရာသီချစ်ကြည်ရေးဖလား ပြိုင်ပွဲကြီးဟာ ပွဲစဉ်(၁၂) ပွဲကစားပြီးခဲ့ပြီး (၅)ပုံ (၄)ပုံ ကျိုးလာခဲ့ပြီဖြစ်ပါတယ်။ ဒီအချိန်မှာ GENIUS FC အသင်းက အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရှုံးပွဲမရှိ စံချိန်တင်ပြီး ဦးဆောင်နေကာ ဗိုလ်လုပွဲထိရောက်ရှိသွားပြီး ယခုနှစ်နွေရာသီ 2011 Kaluga Myanmar Summer Football Challenge Cup ပြိုင်ပွဲကြီးဟာ  ဘောလုံးဝါသနာရှင် ပရိသတ်တွေကို မျှော်လင့်မထားတဲ့ အရာတွေကို များစွာပေးစွမ်းနေတဲ့ ပြိုင်ပွဲတစ်ခုလို. ဆိုရမှာဖြစ်ပါတယ်။ ကာလုဂါ ဘောလုံးလောကရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ BE FC အသင်းဟာ ပွဲစဉ်အစမှာ မထင်မှတ်ပဲရလဒ်တွေ  ဆက်တိုက်ဆိုးရွှားခဲ့ပြီး တန်းဆင်းဇုန်ထဲထိရောက်ရှိသွားခဲ့ကာ ကာလုဂါနွေရာသီဖလားပြိုင်ပွဲရဲ့ မထင်မှတ်ပဲ ခြေစွမ်းပြလာခဲ့တဲ့အသင်းကတော့ GENIUS FC အသင်းက အသင်းရဲ့အဓိက ကစားသမားဖြစ်တဲ့ ရဲ့ရင့်ကိုကို(လူးဝစ်)ရဲ့ မှော်ဆန်တဲ့ ကစ်ပျောက်ကန်ချက်တွေနဲ့အတူ ပွဲအစ(သို.မဟုတ်)ပွဲပြီးခါနီးမှာ ရရှိခဲ့တဲ့ အနိုင်ဂိုးတွေက ဒီရာသီရဲ့ ထူးခြားချက်တွေပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်အစဖြစ်တဲ့ ပွဲစဉ်(၃)မှာ လက်ရှိချန်ပီယံ BE FC အသင်းဟာ GENIUS FC အသင်းကို (၁-၀) နဲ့ ကပ်ရှုံးခဲ့သလို၊ပွဲစဉ်(၂)မှာ MRB FC  အသင်းကို (၂-၀)ဖြင့်အနိုင်ရခဲ့တဲ့ NEED FOR SPEED FC  အသင်းကကလည်း ဆက်တက်ဆိုသလို သရေနှစ်ပွဲဆက်ကြုံတွေ.ပြီး GENIUS FC အသင်းကို(၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့လို. မျှော်လင့်မထားတဲ့ရလဒ်တွေအတွက် ပရိသတ်အချို.ရင်မောခဲ့ရပါတယ်။ နောက်ဆုံးပွဲစဉ်တွေဖြစ်တဲ့ ပွဲစဉ်(၁၃/၁၄/၁၅)မှာတော့ Play-Off အဆင့်ကို မျှော်လင့်ခွင့်ရမဲ့ အသင်း(၄)သင်းအထိ ဆက်လက်ရှိနေတာဟာ ပရိသတ်တွေကို ရင်ခုန်မှုဖြစ်တာအမှန်ပါပဲ။အဲဒီ(၄)သင်းကတော့ NEED FOR SPEED FC -- MRB FC --- BE FC နဲ့ RED DEVIL FC အသင်းတွေပဲဖြစ်ပါတယ်။ RED DEVIl အသင်းကတော့ ရမှတ်(၃)မှတ်ဖြင့် အခွင့်အလမ်းအနည်းပါဆုံးဖြစ်ပြီး ကျန်(၃)သင်းကတော့ ရမှတ်(၅)မှတ်စီဖြင့် တူညီနေပြီ မျှော်လင့်ခွင့် အခွင့်အရေးပိုများပါတယ်။ ပွဲစဉ်(၁၃)မှာတော့ Need For Speed FC အသင်းနဲ့ Red Devil FC အသင်းတို.ထိပ်တိုက်တွေ.ဆုံနေပြီး Need For Speed FC အသင်းက အနိုင်ရရှိခဲ့မယ်ဆိုရင် ကျန်နှစ်သင်းဖြစ်တဲ့ MRB နဲ့ BE အသင်းမှတစ်သင်းသင်း သရေကျခဲ့လျှင် Play-Off ကိုကန်ခွင့်ရရှိမှာဖြစ်ပါတယ်။ သို.မဟုတ်ပဲ သရေ(သို့မဟုတ်) RED DEVIL ကအနိုင်ရခဲ့မယ်ဆိုရင်တော့ တစ်ဘက်နှစ်သင်းရဲ့ ပွဲစဉ်ရလဒ်ကို စောင့်ကြည်.ရမှာဖြစ်ပါတယ်။ ပွဲစဉ်(၁၄)မှာတော့ MRB FC နဲ့ GENIUS FC အသင်းတို. တွေ.ဆုံနေကြတာဖြစ်ပြီး MRB FC အသင်းအတွက် အမှတ်မလိုတော့တဲ့ အသင်းနဲ့တွေ.ဆုံနေတာဖြစ်ပါတယ်။ ဒီပွဲမှာ MRB သာအနိုင်ရမယ်ဆိုရင် ကျန်နှစ်သင်းဖြစ်တဲ့ BE နဲ့ NEED FOR SPEED FC အသင်းတစ်သင်းသင်း သရေကျရုံဖြင့် Play-Off ကိုတက်လှမ်းနိုင်မှာဖြစ်ပြီး သရေကျခဲ့မယ်ဆိုရင်တော့ ကျန်အသင်းများရဲ့ ရလဒ်ကို စောင့်ကြည်.ရဦးမှာဖြစ်ပါတယ်။ ဒီပွဲစဉ်(၁၄) ရဲ့အဓိက စိတ်ဝင်စားစရာအချက်ကတော့ အမှတ်မလိုတော့တဲ့ GENIUS FC အသင်းအနေနဲ့ ရှုံးပွဲမရှိစံချိန်ကို ထိန်းသိမ်းမလား???? သို.မဟုတ် Play-Off အတွက် အမှတ်လိုနေတဲ့ MRB FC အသင်းကိုပဲ ပရိုမဆန်ပဲ Child_Play ကစားပြီး အမှတ်တွေခွဲပေးမလားဆိုတာ စဉ်းစားစရာပါပဲ။ ထို.အတူ အုပ်စုပွဲစဉ်ရဲ့နောက်ဆုံးပွဲဖြစ်တဲ့
ပွဲစဉ်(၁၅)မှာလည်း Play-Off အတွက် အမှတ်လိုနေတဲ့ လက်ရှိချန်ပီယံ BE FC အသင်းဟာ လုံးဝမျှော်လင့်ချက်မရှိတော့ပဲ တန်းဆင်းသွားသော 2010-2011 ဘောလုံးရာသီတွင် ဘာစလေပရီးမီးယားလိဂ်မှ ၀က်ဟမ်းအသင်း၊အီတလီ စီးရီအေမှ ဆမ်ဒိုးရီးယားအသင်း၊စပိန်လာလီဂါမှ ဗယ်လာဒိုးလစ်အသင်း၊ ပြင်သစ်လိဂ်မှ မိုနာကိုအသင်း၊ဂျာမဏီဘွန်ဒက်လီဂါမှ စိန်.ပေါ်လီ အသင်းကဲ့သို.ဖြစ်သော SOCCER KING FC အသင်းနှင့်တွေ.ဆုံနေပြီး BE FC အသင်းက SOCCER ကိုအနိုင်ခဲ့လျှင် Play-Off ကိုမျှော်လင့်ရမှာဖြစ်ပြီး SOCCER အသင်းအနေဖြင့်လည်း မစားရတဲ့ အသားကို သဲနဲ့ပက်ခဲ့မလား???? စိတ်ဓတ်ရှိရှိပရိုဆန်ဆန်ကစားမလားးး????? အမှတ်ပြည့်ပေးခဲ့မလားးးး????
ဗိုလ်လုပွဲရောက်ပြီးမမှတ်မလိုတော့တဲ့ GEINUS FC --- အနိုင်အရှုံးအရေးမပါတော့တဲ့ SOCCER KING FC--- Play-Off အတွက် မျှော်လင့်ချက်နည်းပါနေတဲ့ RED DEVIL FC အသင်းတွေအနေနဲ့ ပရိုမပီသစွာ အီတလီစီရီးအေလုပ်ပွဲ အရှုပ်တော်ပုံ၊ မလေးရှား ၊တရုတ် လိဂ်တွေရဲ့ နာမည်ဆိုး လုပ်ပွဲဖန်တီးမလားဆိုတာကတော့ ပရိသတ်တွေအတွက်  ရင်ခုန်မှုရသ အပြည့်အ၀ပေးမှာဆိုတာ အသေအချာပဲဖြစ်ပါတယ်။ ပွဲစဉ်(၁၃)မှာ တာဝန်ယူမယ့် BE FC အသင်းမှ ဒိုင်လူကြီးရဲနန္ဒကျော်၊ ပွဲစဉ်(၁၄)မှာတာဝန်ယူမယ့် RED DEVIL အသင်းမှ ဒိုင်လူကြီးစိုးလင်းဦး၊ ပွဲစဉ်(၁၅)မှာ တာဝန်ယူမယ့် GENIUS FC အသင်းမှ ဒိုင်လူကြီး သိန်းမင်းထိုက်တို.ဟာလည်း နာမည်ကျော်ကမ္ဘာကျော်ဒိုင်လူကြီးများဖြစ်ကြတဲ့ အနားယူသွားတဲ့ အီတလီဒိုင်လူကြီးကော်လီနာ၊ အင်္ဂလန်ဒိုင်လူကြီးဟောင်းဝက်စ်၊ ဟန်ဂေရီဒိုင်လူကြီး ဗစ်တာကတ်ဆိုင်း၊ ဆွစ်ဇာလန် ဒိုင်လူကြီး ဘူဆာကာ၊အီတလီဒိုင်လူကြီး ရိုဆက်တီ၊ဂျပန်ဒိုင်လူကြီး ယူချီနာရီမူရာ၊မက္ကဆီကိုဒိုင်လူကြီး ရိုဒရင်ကွစ်၊မာလီဒိုင်လူကြီး ကိုမန်းဆူလီဘလေး၊နိုင်ငံသားချင်းတောင် ဘက်မလိုက်တဲ့ စပိန်ဒိုင်လူကြီး မယ်လယ်ဆို တို.လို. အမာသမတ်ကျပြီး ပွဲစဉ်အတွင်းမှန်ကန်စွာ တိကျဆုံးဖြတ်ချက်ပြတ်သားဖို.သလို  
(WE SHOULD PLAY PROFESSIONAL) or WHY DON`T THEY PLAY PROFESSIONAL?)လားဆိုတာကို သေချာစမ်းစစ်ဖို့
လိုအပ်ပါတယ်။ ဒါကြောင့် ဘေားလုံးပရိသတ်တွေ အနေနဲ့လည်း ကိုယ်မျှော်လင့်ထားတဲ့အရာတွေကို  မျှော်လင့်နေလို့မရသလို၊ ကိုယ်မမျှော်လင့်ထားတဲ့အရာတွေကိုလည်း ကြိုတင်မျှော်လင့်ရင်းနဲ့ ဒီ 2011 Kaluga Myanmar Summer Football Challenge Cup ပြိုင်ပွဲကြီးရဲ့ ပွဲစဉ်(13/14/15) ပွဲစဉ်တွေကို ဆက်လက်ရင်ခုန်ခံစားနေရဦးမှာပဲ ဖြစ်ပြီး ဘယ်အသင်း(၂)သင်း Play-Off ကို ကန်ခွင့်ရရှိမလဲဆိုတာကတော့?????????
                 Post  by  JSF (Joint Strike Fighter)

                                                                          

"ပွဲစဉ်(၈) Soccer King FC Vs MRB FC ပွဲစဉ်အားကြိုတင်ခန့်မှန်းခြင်း"

(၂၉.၇.၂၀၁၁) ရက်နေ့ ည(၈-၀၀) နာရီမှာ ဒီနှစ်သင်းဟာ  အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို.မှာရှိတဲ့ ၀င်ဘလေ(Wembley Stadium) ကွင်းကြီးမှာကစားကြမှာဖြစ်ပါတယ်။ Soccer King FC အသင်းက ၂ပွဲကန် ၂ ပွဲသရေဖြင့် အမှတ်ပေးဇယား အဆင့်(၄) ကိုရောက်ရှိနေတာဖြစ်ပြီး MRB FC ကတော့ ၂ ပွဲကန် ၁ ပွဲသရေ ၁ ပွဲရှုံးဖြင့် အဆင့်(၆)ဖြစ်တဲ့ အောက်ဆုံး(သို.မဟုတ်)တစ်လုံးချိုင့် :P ဘ၀ကို ရောက်ရှိနေတာဖြစ်ပါတယ်။ Soccer King FC အသင်းက ပွဲစဉ်(၁)ထက် ပွဲစဉ်(၄)ဖြစ်တဲ့ NFS FC အသင်းမှာ ခြေစွမ်းသိသာစွာ တိုးတက်လာပါတယ်။ အသင်းရဲ့ ၀င်းတိုက်စစ်ဖြစ်တဲ့ ရဲထွန်းမင်း(မက်ဆီရဲ) အပိုင်အခွင့်အရေးတွေကို ပိုင်နိုင်စွာ အသုံးမချနိုင်ခဲ့လို. သရေ နှစ်ပွဲဆက်ကြုံတွေ.ခဲ့ရတာပဲဖြစ်ပါတယ်။ MRB FC အသင်းဟာလည်း ပွဲစဉ်(၂)မှာ နောက်တန်းအားနည်းခဲ့လို. ရမှတ်ဆုံးရှုံးခဲ့ပြီး ပွဲစဉ်(၆)မှာတော့ နောက်တန်းအမှားကို ပြင်ဆင်နိုင်ခဲ့ပေမဲ့ တိုက်စစ်မှုးတွေ ဂိုးမသွင်းနိုင်တာကြောင့် သရေ (၁)မှတ်ပဲရရှိခဲ့တာဖြစ်ပါတယ်။ ဒီနှစ်သင်းရဲ့ တူညီတဲ့ ထူးခြားချက်ကတော့ ဂိုးဖန်တီးပေးပို.မဲ့သူတွေသာ ရှိပြီး ဂိုးအဖြစ်ပြောင်းလဲနိုင်မဲ့ တိုက်စစ်မှုးတွေ ဂိုးမသွင်းနိုင်တာပဲဖြစ်ပါတယ်။ Soccer King FC အသင်းရဲ့ ၀င်းတိုက်စစ်ဖြစ်တဲ့ မျိုးငြိမ်းရွှေ(ရော်နယ်ရွှေ) နဲ့ MRB FC အသင်းရဲ့ တိုက်စစ်မှုးဖြစ်တဲ့ သိန်းလွင်ဦး(ဒီမာရီယာ)တို့ ဂိုးမသွင်းနိုင်ကြတာပဲဖြစ်ပါတယ်။ ပွဲစဉ်(၄)မှာ Soccer King FC အသင်းရဲ့ အားထားရတဲ့ နောက်တန်းခံစစ်မှုးဖြစ်တဲ့ သိန်းဝင်း(သိန်းဒီနန်) ပထမပိုင်းအပြီး ခြေထောက်ဒဏ်ရာရလို. လူစားလဲခဲ့ရပြီးအသင်းရဲ့ ၀င်းတိုက်စစ်ဖြစ်တဲ့ ကိုညီညီလှိုင်(ညီကာမိုဒရစ်)လည်း သက်လုံကျနေတာကို မြင်တွေ.ခဲ့ရပါတယ်။ပွဲစဉ်(၈)ဖြစ်တဲ့ MRB FC ပွဲမှာတော့ ရော်နယ်ရွှေ ဂိုးသွင်းဖို. လိုသလို နောက်တန်းခံစစ်မှုးဖြစ်တဲ့ သိန်းဒီနန် ကစားနိုင် မကစားနိုင် သေချာမသိရသေးပါဘူး။ ပွဲစဉ်(၄)မှာ NFS FC အသင်းရဲ့ N.P.Messi ကို ပိုင်နိုင်စွာထိန်းချုပ်သွားနိုင်ခဲ့တော့ Soccer King FC အသင်းရဲ့ နောက်တန်းကစားသမား အောင်ပြည်စုံ(အဒီဘာယော)က “ ကျနော်တို့အသင်း နိုင်ပွဲတွေ ရသင့်နေပါပြီ။ ပွဲစဉ် (၈)မှာတော့ MRB FC အသင်းကို မဖြစ်မနေ အနိုင်ယူသွားမှာပါလို.’’ သူရဲ့ Facebook စာမျက်နှာဖြစ်တဲ့ Nay Min Sit အကောင်မှာ့ ကျုံးဝါးထားပါတယ်။ Soccer King FC အသင်းရဲ့ မထင်မှတ်ပဲ လက်စွမ်းပြ နှစ်ပွဲဆက် လက်စွမ်းပြကာကွယ်နေတဲ့ ရဲဘုန်းကျော် (ရဲဘုန်းဟတ်)ကတော့ “ကျနော်အတတ်နိုင်ဆုံး လက်စွမ်းပြကာကွယ်နေပါတယ်။ ကျနော်ဂိုးမပေးရအောင် ကာကွယ်နေပေမယ့် တစ်ဘက်အသင်းကို ဂိုးသွင်းမဲ့သူ ကျနော်တို.အသင်း လိုအပ်ပါသေးတယ်။ ဒီနွေရာသီ အပြောင်းအရွှေ.မှာ အသင်းအနေနဲ့ တိုက်စစ်မှုးကောင်းတစ်ယောက်ကို မဖြစ်မနေ ၀ယ်ယူဖို.လိုအပ်နေပါပီ”လို့ ပွဲစဉ်(၄) အပြီး သတင်းစာ ရှင်းလင်းပွဲပြောသွားခဲ့ပါတယ်။ Soccer King FC အသင်းခေါင်းဆောင် ကိုညီညီလှိုင်(ညီကာမိုဒရစ်)နဲ့ အသင်းရဲ့ အားထားရတဲ့ နောက်တန်းဗဟိုခံစစ်မှုး ကိုတင်ကိုကိုဝင်း(ဗာမယ်ဝင်း) တို.ဟာ ပွဲစဉ်(၄) အပြီး နားရက် ၂ ရက်ရရှိထားတာကြောင့် Genius FC အသင်းရဲ့ အထောင်တိုက်စစ်မှုးဖြစ်တဲ့ ကိုဇော်ရဲအောင်(ဇော်တောရက်စ်)၊BE FC အသင်းရဲ့ ၀င်းတိုက်စစ်မှုးဖြစ်တဲ့ ကိုကျော်မင်းသိန်း(ဘာဘာသိန်း)တို.နဲ့ အတူ ရုရှားနိုင်ငံ၊ကာလုမြို.နယ်ရဲ့ နာမည်ကြီး သဲသောင်ပြင်ဖြစ်တဲ့ УГРА Пляж မှာ шашли ကင်စားပြီး အပန်းဖြေအနားယူနေကြောင်း ရုရှားအားကစားသတင်းဌာနဖြစ်တဲ့ Realtvsport3 ရုပ်သံဌာနမှ တင်ဆက်သွားပါတယ်။:) MRB FC နဲ့ပွဲမှာတော့ Soccer King FC အသင်းက သူတို.အသင်းရဲ့ ကစားကွက်ဖြစ်တဲ့ (3-1-2) ကစားကွက်ကိုပဲ အသုံးပြူဖို.များပါတယ်။နောက်တန်းမှာ ကိုတင်ကိုကိုဝင်း၊သိန်းဒီနန်၊အောင်ပြည်.စုံတို.ကို အမာခံကစားခိုင်းပြီး ကွင်းလယ်တိုက်စစ် ရဲထွန်းမင်း(မက်ဆီရဲ)ကို ဘယ်ဝင်း ညာဝင်းကနေ ညီကာမိုဒရစ်နဲ့ ရော်နယ်ရွှေတို.က ပံ့ပေးပေးမှာဖြစ်ပါတယ်။ လိုအပ်လျှင် ရော်နယ်ရွှေပါ အထောင်တိုက်စစ်အဖြစ် ပြောင်းလဲ ကစားလာနိုင်ပါတယ်။ MRB FC အသင်းကတော့ ဇယားအောက်ဆုံးအသင်းပီပီ ဦးစားပေး အဆင့်(၁) သတ်မှတ်ခံရပြီး ထင်သလောက်ခြေစွမ်းမပြပဲ ၂ ပွဲကန် ၁ပွဲရှုံး ၁ပွဲသရေ ရရှိနေတာဖြစ်ပါတယ်။ ဒီပွဲမှာတော့ အဖြစ်မနေ အနိုင်ရဖို.လိုအပ်တာကြောင့် တိုက်စစ်ဖွင့် ကစားနိုင်ပါတယ်။ ပွဲစဉ်(၆) BE FC ပွဲလို အသင်းရဲ့ဗဟိုခံစစ်မှုးဖြိုးဇော်(ဇာဗီဖြိုး)ကို နောက်တန်းမထားတော့ပဲ…အသင်းခေါင်းဆောင် ကိုကြည်ဇော်(ဖေဘီယာနို)ကို နောက်တန်း အလယ်တန်းအဖြစ် တွဲဖက်ကစားပြီး ရှေ.တန်းတိုက်စစ်မှုးဖြစ်တဲ့ သိန်းလွင်ဦး(ဒီမာရီယာ)ကို ဇာဗီဖြိုးနဲ့ပူးပေါင်းကာ ကိုထွေး(ကလစ်ချီထွေး)ရဲ့ ပံ့ပိုးပေးမှုမှတစ်ဆင့် တစ်သင်းလုံးတက် တစ်သင်းလုံးဆင်း အကွက်နဲ့ ဘုရင့်နောင် ဖောင်ဖျက်ကစားလာနိုင်ပါတယ်။ ဒီလိုကစားခဲ့မယ်ဆိုရင် Soccer King FC အသင်းအနေနဲ့ Counter ကို ပိုင်နိုင်စွာ အသုံးချနိုင်ဖို. လိုအပ်ပါတယ်။ MRB FC အသင်းရဲ့ တိုက်စစ်မှုးဖြစ်တဲ့ သိန်းလွင်ဦး(ဒီမာရီယာ)က အသင်းရဲ့ ရလဒ်တွေကို စိတ်နာပြီး ဘယ်လိုနိုင်အောင်လုပ်ရမလဲဆိုတာကို သူရဲ့ပါတနာတွေဖြစ်တဲ့ Genius FC မှ ကိုကိုလွင်(ဗီလွင်) (ဘာစီလိုနာမှ ဗီလာ၏ညီမ:D )နှင့် စိုးလင်းဦး(ရှနိုက်စိုး)၊ Need For Speed FC မှ ကောင်းကြီး(ရာဖေ်းကောင်း) တို.ဆီမှ ဖုန်းဖြင့် အကြံဥာဏ်များ တောင်းယူနေကြောင်း MRB FC အသင်းရဲ့ အမာခံပရိသတ် ရန်ကုန်တိုင်ဒေသကြီး ရန်ကုန်မြို. ရွှေတောင်ကြားရပ်ကွက်နေ နတ်ကတော်မကျင်အုံးသမီး၊ အရက်သမားလှကြိုင်တူမ၊ဖဲသမားသောင်းဒိန်း မိန်းမ မတင်ရွှေထံမှ လျှို.၀ှက်စွာ သတင်းရရှိခဲ့ပါတယ်။ MRB FC အသင်း၇ဲ့ နောက်တန်းကစားသမားတွေဖြစ်ကြတဲ့ တင်အေးကျော်(ကိုကြီးကျော် မဟုတ်ပါ)နဲ့ ကျော်သူအောင်(ဖီးလစ်ကျော်) တို.ဟာလည်း အသင်းရလဒ်အပေါ် စိတ်ညစ်နေကြပြီး ပွဲစဉ်(၈)တွင် နိုင်ပွဲမရရှိပါက 2011 Kaluga Myanmar Summer Football Challenge Cup ပြိုင်ပွဲအပြီးတွင် အသင်းကို လျှော်ကြေး ပေးကာ စွန်.ခွာဖို. ပြင်ဆင်နေပြီဖြစ်ကြောင်း ၄င်းကစားသမားတို.၏ အေးဂျင့်များမှ တရားဝင်ကြေငြာထားပါတယ်။ ၂ပွဲစီကန်ပြီး ရမှတ်(၂)မှတ်အသင်းနဲ့ ရမှတ်(၁) မှတ်ရအသင်း တွေ.ဆုံမှုဖြစ်ပြီး နိုင်သောအသင်းသာလျှင် Play-off အဆင့်ကို မျှော်လင့်ခွင့်ရမှာဖြစ်ပြီး ရှုံးနိမ့်ခဲ့ပါက လုံးဝမျှော်လင့်ချက်ကုန်ဆုံးသလောက် ဖြစ်မှာဖြစ်ပါတယ်။ ပွဲစဉ်(၇)ထက်ပိုပြီး အကျိတ်အနယ်ဖြစ်ဖြစ်မှာ သေချာသလို ပွဲကြမ်း ပွဲကောင်းတစ်ပွဲဖြစ်မှာ ကျိန်းသေးပါတယ်။ ဒီပွဲအဖြေကတော့ ဂိုးယခု မသွင်းသေးတဲ့ အသင်းနှစ်သင်းတွေ.ဆုံနေတာဖြစ်တာကြောင့် ခန်.မှန်းရခက်ပါတယ်။ သရေနဲ့ပဲ ပီးဆုံးဖို.များတဲ့ ပွဲပဲဖြစ်ပါလိမ့်မယ်။

                             Post by JSF(Joint Strike Fighter)

 


"ပွဲစဉ်(၇) Need For Speed FC Vs BE FC ပွဲစဉ်အားကြိုတင်ခန့်မှန်းခြင်း"


(၂၉.၇.၂၀၁၁) ရက်နေ့ ညနေ(၆-၃၀)မိနစ် စပိန်နိုင်ငံ ဘာစီလိုနာမြို. ဘာစီလိုနာအသင်းရဲ့ နူးကမ့်(Nou Camp Stadium) ကွင်းမှာကန်မယ့် ဒီနှစ်သင်းကတော့ NFS FC အသင်းက ၂ ပွဲကန် ၁ပွဲနိုင် ၁ပွဲသရေ ရမှတ်(၄)မှတ်ဖြင့်  2011 Kaluga Myanmar Summer Football Challenge Cup အမှတ်ပေးပြိုင်ပွဲရဲ့ ဇယားထိပ်ဆုံးမှာဦးဆောင်နေတာဖြစ်ပြီး BE FC အသင်းကတော့ ၂ပွဲကန် ၁ပွဲသရေ ၁ပွဲရှုံးဖြင့် ရမှတ်(၁)မှတ်ဖြင့် ဇယားအဆင့်(၅) မှာရပ်တည်နေတာဖြစ်ပါတယ်။ NFS FC အသင်းက ပွဲစဉ်(၄) ဖြစ်တဲ့ Soccer King FC ပွဲစဉ်မှာ အသင်းရဲ့ အားထားရတဲ့ ကွင်းလယ်တိုက်စစ်မှုး N.P.Messi သက်လုံကျနေသလိုရှေ.တန်းတိုက်စစ်မှုး ညီညီအောင်(ရွှန်ညီ) အပိုင်အခွင့်အရေးတွေကို ပိုင်နိုင်စွာ အသုံးမချနိုင်ခဲ့လို. သရေ(၁) မှတ်ပဲ ရလိုက်တာဖြစ်ပါတယ်။ နောက်တန်းဖြစ်တဲ့ ကောင်းမြတ်စိုး(ကောင်းကြီး) ဟာလည်း ပွဲစဉ်(၄)မှာ ဒုတိယပိုင်း သိသာစွာ ခြေစွမ်းကျဆင်းလာပြီး တစ်ဖက်အသင်းရဲ့ ထိုးဖောက် တိုက်စစ်ဆင်မှုတွေကို ဟန်.တားနိုင်စွမ်းမရှိခဲ့ပါဘူး။ ကောင်းကြီးက “ကျနော်တို.အသင်း ဒုတိယပိုင်းမှာ ခံစစ်နီးပါးဖြစ်ခဲ့ပါတယ်။ ကျနော် သက်လုံကျပြီးခြေစွမ်းမပေါ်သလို ကျနော်တို.အသင်းရဲ့ အဓိက အားထားရတဲ့ အသင်းခေါင်းဆောင်ဖြစ်တဲ့ ကွင်းလယ်တိုက်စစ် N.P.Messi ပွဲစဉ်(၂)မှာတုန်းကလို ထင်သလောက်ခြေစွမ်း မပြခဲ့ပါဘူး။ ပွဲစဉ်(၄) ဖြစ်တဲ့ BE FC နဲ့ပွဲမှာတော့ ကျနော်တို.အသင်းသားတွေ နားရက်(၂)ရက်ရရှိထားပြီး.. အနိုင်ရရှိအောင် အစွမ်းကုန် ကြိုးစားသွားပါမယ်လို. ”   Need For Speed FC   အသင်းရဲ့လေ့ကျင့်ရေးကွင်းဖြစ်တဲ့  ကလတ်တန်ကွင်းမှာ NFS FC အသင်းရဲ့ အမာခံအသည်းစွဲ ပရိသတ်တွေဖြစ်ကြတဲ့ နာမည်ကြီးမော်ဒယ်လ်မလေးများဖြစ်ကြတဲ့ ၀ါဆိုမိုးဦး၊သဉ္စာနွယ်ဝင်း၊ အေးမြတ်သူ၊စံရတီမိုးမြင့်၊မိုးယုစံ တို.ကို ပြောဆိုသွားခဲ့ပါတယ်။ NFS FC အသင်းရဲ့ နောက်တန်းကော ဘယ်ဝင်းပါဖြန်.ကျက်ကစားနိုင်တဲ့ ကိုမင်းသော်ထွန်(ရာမီးရက်) ကတော့ “ကျနော်တို.အသင်း ၂ ပွဲကန် ၄ မှတ်နဲ့ ဇယားထိပ်ဆုံးမှာရပ်တည်နေရူံနဲ့ ကျေနပ်နေမှာမဟုတ်ပါဘူး။ အသင်းတိုင်းကိုလျှော့တွက်လို. မရတဲ့အတွက်နောက်ဆုံးပွဲစဉ်ထိ ရေကုန်ရေခန်းကြိုးစားသွားပါ့မယ်လို.” မြ၀တီရုပ်မြင်သံကြား သတင်းတင်ဆက်သူ စောကလျာဦးကို ဒီမနက်မှာ ပြုလုပ်ခဲ့တဲ့ ပွဲစဉ်(၇)အကြို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ NFS FC အသင်းရဲ့ နောက်တန်းဗဟိုခံစစ်မှုးဖြစ်တဲ့ ဇင်လင်ဦး(ဆိုးကမ်းဘဲ) နဲ့ နောက်တန်းညာစွန်ခံစစ်မှုးဖြစ်တဲ့ စိုင်းသက်အောင်(စိုင်လေး)တို.ကတော့ ပွဲစဉ်(၄) ပြီးကတည်းက နားရက်(၂)ရက်ရတာကြောင့် အသင်းနှင့်အတူ လေ့ကျင့်ခန်းမဆင်းပဲ အသင်းနည်းပြဖြစ်တဲ့ မစ္စတာတောက်ရူးဆီမှာ ခွင့်တောင်းပြီး မြန်မာနာမည်ကြီး ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်များဖြစ်ကြတဲ့ ပြေတီဦးနဲ့ အိနြာကျော်ဇင်တို့ မင်္ဂလာဆောင်အပြီး ဟန်နီးမွန်းထွက်ခဲ့ကြတဲ့ အင်ဒိုးနီးရှားနိုင်ငံ၊ဘာလီကျွန်းမှာ Star & Model Agency မှ မော်ဒလ်မလေးများနဲ့ ပျော်ပါးနေပါတယ်လို့ ယိုးဒယားနာမည်ကြီးသတင်းစာ ဘန်ကောက်ပို.စ်မှာ တရားဝင်ဖော်ပြသွားပါတယ်။အသင်းခေါင်းဆောင်ဖြစ်တဲ့N.P.Messiနဲ့တိုက်စစ်မှုးရွှန်းညီတို. ကတော့
အသင်းနဲ့အတူ လ့ကျင့်ခန်းအတူ ဆင်းနေပြီးကြံခိုင်မှု ပြည့်ဝနေကြောင်း  Need For Speed
အသင်းရဲ့ဝက်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ BE FC အသင်းရဲ့ အသင်းကတော့ ပွဲစဉ်(၃) မှာမထင်မှတ်ပဲ အရှုံးပေးခဲ့သလို ပွဲစဉ်(၆)ဖြစ်တဲ့ MRB FC အသင်းပွဲစဉ်မှာလည်း အပိုင်အခွင့်အရေးတွေကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။ ပွဲစဉ်(၇) မှာတော့ မဖြစ်မနေအနိုင်ကစားဖို. လိုအပ်လာပြီဖြစ်ပါတယ်။ NFS FC အသင်းအတွက် ပွဲစဉ်အတွက် သတင်းကောင်းတစ်ခုကတော့ BE FC အသင်းရဲ့ အားထားရတဲ့ အသင်းခေါင်းဆောင် ရဲကြီးဟာ ပွဲစဉ်(၃) တုန်းကရရှိခဲ့ ဒဏ်ရာဟာ ပွဲစဉ်(၆)မှာ ပြန်လည်ရရှိခဲ့ပြီး ပွဲစဉ်(၇) မှာလုံးဝ မဖြစ်မနေအနားရယူရပါ့မယ်လို့ BE FC အသင်းရဲ့ ဆရာဝန်ထံမှ သတင်းရရှိခဲ့ပါတယ်။ BE FC အသင်းရဲ့ ဂိုးသမားဖြစ်တဲ့ မောင်ယု(ယုဂီယာ)ဟာလည်း ပွဲစဉ်(၃) အပြီးမှာ ရှုံးနိမ့်လိုဆိုပြီး ပွဲစဉ်(၆) မတိုင်ခင်မှာ
ရှိသမျှ ဆံပင် 65% လောက်ဖြတ်တောက်ပြီး ဆံပင်စတိုင်လ်အသစ်ဖြင့် ပွဲထွက်လာတာကို ပွဲစဉ်(၆)မှာ တွေ.မြင်ခဲ့ရပါတယ်။ ယုဂီယာကို ဆံပင်သွားရောက်ဖြတ်တောက်ခဲ့တဲ့ နာမည်ကြီး အလှပြင်ဆိုင်မှ မိတ်ကပ်ဆရာမကြီး မာမီခင်စန်းဝင်းက “သူ(ယုဂီယာ) အရမ်းစိတ်ပျက်နေပုံရပါတယ်။ သူတို.အသင်းထင်ထားသလောက် ခြေစွမ်းမပြဘူးဖြစ်နေပါတယ်။ ဒီတိုင်း နိုင်ပွဲမရှိပဲ ဆက်သွားနေမယ်ဆိုရင် သူ(ယုဂီယာ) နောက်နှစ် အသင်းကထွက်ခွာဖို.များပါတယ်” လို့ ယုဂီယာ နောက်ကို သတင်းလိုက်ယူနေတဲ့
မဟုတ်မမှန် ဂျာတိုက်မှ အကြီးတန်းသတင်းထောက်ဖြစ်သူ  ကိုဆိုးပေ(ခ)တုတ်ကြီး ကိုပြောပြသွားပါတယ်။ BE FC အသင်းရဲ့ ပွဲစဉ်(၃)မှာ တိုက်စစ်မှုးကနေ ပွဲစဉ်(၆)မှာတော့ နောက်တန်းခံစစ်မှုးဖြစ်သွားတဲ့ ကိုဖြိုးဝေမြင့်ကတော့ ပွဲစဉ်(၆) ရဲ့ Man of The Match ကိုရရှိသွားခဲ့ပါတယ်။ BE FC အသင်းက ပွဲစဉ်(၃) က သံဝေဂ ကိုရယူပြီး ပွဲစဉ်(၆) မှာ လူအခင်းအကျင်း ကစားကွက် အနည်းငယ် ပြောင်းလဲ့ခဲ့ပါတယ်။ NFS FC အသင်းနဲ့ပွဲစဉ်မှာလည်း ပွဲစဉ်(၆) တုန်းက ကစားကွက်အတိုင်း ဆက်လက်အသုံးပြုဖို. များပါတယ်။ လစ်လပ်သွားတဲ့ အသင်းခေါင်းဆောင် ရဲကြီး နေရာကို Geinus FC အသင်းခေါင်းဆောင် သိန်းမင်းထိုက်(ဖလက်ချာသိန်း)ကို တစ်ရက်အငှား နှုတ်ကတိစာချူပ်ဖြင့် (ငှါးရမ်းခ- ညစာထမင်းအ၀ကြွှေး)ဖြင့် လာရောက်ကစားပေးမှာဖြစ်တယ်လို. အသင်းနည်းပြမှ ပြောကြားထာပါတယ်။ BE FC အသင်းဟာ ပွဲစဉ်(၆) မှာ ကစားကွက် အပြောင်းအလဲ လုပ်တာနဲ့အညီ ကွင်းလယ်တိုက်စစ် အောင်ဇော်ထွန်း(ပြေတီဦးနယ်သား)၊တိုက်စစ်မှုးကိုကျော်မင်းသိန်း(ဘာဘာသိန်း) တို. အချိတ်အဆက်မိမိကစားနိုင်သလို နောက်တန်းဖြစ်တဲ့ အောင်မိုး(ဂျိုမိုး)နဲ့ ဗဟိုခံစစ်မှုးဖြစ်တဲ့ ၀ူကျိ တို. အမှားနည်းစွာ ကစားခဲ့ကြပါတယ်။ ပွဲစဉ်(၇)မှာတော့ အသင်းခေါင်းဆောင် ရဲကြီး မပါဝင်တော့လို. ကစားကွက်ကို ဘယ်လို ပုံဖော်မလဲဆိုတာတော့ စဉ်းစားစရာပါ။ NFS FC ကတော့ ပုံမှန်ကစားကွက်အတိုင်း ကြီးကြီးမားမားပြောင်းလဲမှု မလုပ်နိုင်ပဲ တိုက်စစ်ဖွင့်ကစားပြီး ဗဟိုခံစစ်မှုးဖြစ်တဲ့ ဆိုးကမ်းဘဲနဲ့ နောက်တန်း ဗယ်ဝင်းဖြစ်တဲ့ ရာမီးရက် တစ်ယောက်ယောက်ကို တိုက်စစ်ထိ လိုက်ပါကစားနိုင်ပါတယ်။ ဒီနှစ်သင်းက လူစာရင်းအရ ညီမျှနေပါတယ်။ NFS FC အသင်းက ရှေ.တန်းအားသာ၊နောက်တန်းအားနည်းသလို ၊ BE FC အသင်းကတော့ ကွင်းလယ်ကစားကွက် ကောင်းပါတယ်။ ကစားသမားတွေရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာမှာတော့ NFS FC အသင်းက အမှတ်ပေးဇယားကို ဦးဆောင်နေတာနဲ့အညီ တက်ကြွှနေမှာဖြစ်ပြီး BE FC အသင်းကတော့ အားထားရတဲ့ အသင်းခေါင်းဆောင်ရဲကြီး ဒဏ်ရာကြောင့် မပါဝင်နိုင်တာကြောင့် အနည်းငယ် စိုးရိမ်းပူပန်နေပြီး ဖိအားများနှင့် ကစားရမှာဖြစ်ပါတယ်။ ဒီပွဲမှာ NFS FC အသင်းက နိုင်ခဲ့မယ်ဆိုရင် ဗိုလ်လုပွဲထိကို မျှော်မှန်းလို.ရမဲ့ အနေအထားသို.ရောက်ရှိမှာဖြစ်ပြီး၊ BE FC အသင်းက နိုင်ခဲ့မယ်ဆိုရင်တော့ Play-Off အဆင့်ကို မျှော်မှန်းခွင့်ရရှိမှာဖြစ်ပါတယ်။ BE FC အသင်း လုံးဝ(လုံး) ရှုံးနိမ်.လို.မရသလို NFS FC အသင်းကလည်း ဗိုလ်လုပွဲ မျှော်လင့်ခွင့်ကို လက်လွှတ် အဆုံးရှုံးခံမှာမဟုတ်ပါဘူး။ ဒီပွဲအဖြေကတော့ သရေဆိုတာ နှစ်သင်းစလုံးအတွက် မျှတတဲ့အသင့်တော်ဆုံးဖြစ်ပြီး
အနိုင်ဆိုရင်တော့ ဖိအားကင်းပြီး စိတ်ဓတ်တက်ကြွှနေတဲ့ Need For Speed FC အသင်းပဲဖြစ်ပါလိမ့်မယ်။
                             Post by JSF(Joint Strike Fighter)

"ပွဲစဉ်(၆) MRB FC Vs BE FC ပွဲစဉ်အားကြိုတင်ခန့်မှန်းခြင်း"

(၂၈.၇.၂၀၁၁) ရက်နေ့ ည(၈)နာရီ စပိန်နိုင်ငံ မက်ဒရစ်မြို.တော်  ရီးရဲမက်ဒရစ်အသင်းရဲ့ ဘာနေဗျုး
(Bernabeu Stadium ) မှာကန်မဲ့ ပွဲစဉ်(၆)မှာတော့ နာမည်ကြီးဂိုးသမားတွေပိုင်ဆိုင်ထားပြီး (၁)ပွဲစီရှုံးနိမ့်ထားတဲ့ နာမည်ကြီးထမင်းငတ် :P အသင်းနှစ်သင်း တွေ.ဆုံနေတာဖြစ်ပါတယ်။ ဒီပွဲအနူိုင်ရရှိခဲ့အသင်းဟာ မျှော်လင့်ချက်ရှင်သန်လာမှာဖြစ်ပြီး ဆက်လက်ရှုံးနိမ့်သွားခဲ့ အသင်းဖြစ်မယ်ဆိုရင်  Play –Off အဆင့်ထိမရောက်ပဲ အခွင့်အလမ်းလုံးဝ နည်းပါးသွားမှာဖြစ်ပါတယ်။ သရေလို့ကျလို. လည်းမရတာကြောင့်လုံးဝ(လုံးဝ) အကျိတ်အနယ်ဖြစ်မှာ ကျိန်းသေနေပါတယ်။ MRB FC အသင်းက ပွဲစဉ်(၂)မှာ NFS FC အသင်းကို နောက်တန်းအားပျောခဲ့လို. အရှုံးပေးခဲ့ရတာဖြစ်ပြီး BE FC အသင်းကတော့Geinus FC  အသင်းရဲ့ တန်ပြန်တိုက်စစ်နဲ့ Geinus FC အသင်းရဲ့ အမာခံကစားသမား ရဲရင့်ကိုကို (လူးဝစ်ရဲ) ရဲ့ မှော်ဆန်တဲ့ ကန်ချက်ဂိုးကြောင့် အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။ ဒီနေ.ပွဲမှာတော့ နှစ်သင်းစလုံး ရှုံးနိမ်.မှုတွေကို သင်ခန်းစာ ရယူပြီး အင်တိုက် အားတိုက်ကစားကြမှာဖြစ်ပါတယ်။ MRB FC အသင်းက ပွဲစဉ်(၂)မှာ နောက်တန်းအားပျော့လို. ရှုံးခဲ့ တာကြောင့် ပွဲစဉ်(၂) မှာ Wing တိုက်စစ်အဖြစ်ကစားခဲ့တဲ့ နောက်တန်းခံစစ်မှုး ဖြိုးဇော်(ဇာဗီဖြိုး)ကို ဗဟိုခံစစ်မှုးအဖြစ်ပြောင်းလဲပြီး ကိုတင်ကြီး(ဖာဒီတင်)နဲ့ ကျော်သူအောင်(ဖိလစ်ကျော်) တို.ကို တွဲဖက် အသုံးပြုနိုင်ပါတယ်။ ရှေ.တန်းမှာတော့ အပြောင်းအလဲ မလုပ်တော့ပဲ အထောင်တိုက်စစ်ဖြစ်တဲ့ သိန်းလွင်ဦး(ဒီမာရီယာ)နဲ့ ကွင်းလယ်အဖျက် အသင်းခေါင်းဆောင် ကိုကြည်ဇော်(ဖေဘီယာနို) က ပံ့ပို.မှုနဲ့ ပြီး နောက်တန်း ဘယ်ဝင်း ညာဝင်းပါ ကစားနိုင်တဲ့ အောင်ကိုထွေး(ကလစ်ထွေး)ရဲ့ Wing မှထရစပ် ထိုးဖောက်မှုတွေနဲ့ BE FC ကို တိုက်စစ်ဆင်လာနိုင်ပါတယ်။ MRB FC အသင်းရဲ့ လက်ရှိပေးဂိုးအများဆုံး ၀ါရင့်ဂိုးသမားဖြစ်တဲ့ ကိုထွန်းတောက်အောင်(ကာဆီးတောက်)က “ကျနော်တို.အသင်း တစ်ဖက်အသင်းသား(NFS FC) တွေကို လျှော့တွက်မိခဲ့လို. ရမှတ်တွေဆုံးရှုံးခဲ့ပါတယ်။ အသင်းနည်းပြကြီး မစ္စတာဗရမ်းဗတာရဲ့ ကစားကွက်ကို ကျနော် စိတ်တိုင်းမကျခဲ့ပါဘူး။ ဒါပေမဲ့ လည်း နည်းပြကို စောဒကတက်ရင် ကျနော်နံပါတ်(၁) ဂိုးသမားနေရာ ပျောက်ဆုံးမှာဖြစ်တဲ့အတွက် သူ.ချပေးတဲ့ နောက်တန်းတွေနဲ့ ပဲ ကန်ခဲ့ရပါတယ်။ ကျနော်တို. BE FC အသင်းနဲ့ပွဲကို BE FC အသင်းသားတွေကို BEထက်ပြင်းတဲ့  ဘိုက်ဂျီကာ  ၊ဂျာဂွါး ၊ပါလီးမန့်၊ဇီလိုးနားရား ၊ကလင်းစကောရယ် ၊အိုးဘော်ဘီ ၊ လာဂျား စတဲ့နာမည်ကြီး အယ်ကိုဟော အမျိုးအစားတွေကို စမ်းသပ်းပြီး အကောင်းဆုံးတစ်ခုကိုရွှေးချယ်သောက်သုံးပြီး BE FC အသင်းကို ရဲဝံ့စွာ ရင်ဆိုင်ကစားသွားမှာပါ ” ဟု ကားဆီးတောက်ဟာ သူ.ရဲ့ပါတနာဖြစ်တဲ့ စပိန်လက်ရွှေးစင်အသင်း နောက်တန်းကစားသမားတစ်ဦးလည်းဖြစ်  ကိုလံဘီယာနွယ်ဖွား စပိန်နိုင်ငံသူအဖြစ်ခံယူထားသော နာမည်ကြီး Pop အဆိုတော် ရှက်ကီယာ (Shakira) ရဲ့ ရည်စားဖြစ်သူ ဂျာရတ်ပီကေး(Gerard Pique) ကို စပိန်နိုင်ငံ၊ဘာစီလိုနာမြို.ရဲ့ နာမည်ကြီး Night Club တစ်ခု မှာ ညစာ အတူတူစားရင်း (ဘာတွေစားမှန်းတော့မသိပါ :D) ပြောဆိုသွားခဲ့ပါတယ်။ MRB FC အသင်းက ဒီပွဲမှာ ပွဲစဉ်(၂) က ဖြစ်ရပ်ဆိုးက သင်းခန်းစာယူပြီး ပွဲစဉ် (၆)မှာ အမှတ်ပြည့်(၃) မှတ် ရယူသွားမယ်လို. MRB FC အသင်းရဲ့ အသင်းခေါင်းဆောင် ဖေဘီယာနိုက ကြုံးဝါးထားပါတယ်။ BE အသင်းကတော့ ပွဲစဉ်(၃) အပြီးမှာတော့ BE FC  အသင်းရဲ့ ၀ါရင့်လူငယ်လက်သစ်ဂိုးသမားဖြစ်တဲ့ အောင်ကျော်ယု (ယုဂီယာ) က “ဒီရလဒ်ဟာ ကျွန်တော်တို. အသင်းအတွက် လုံးဝ(လုံးဝ)ထင်မထားတဲ့ရလဒ်ပါပဲ.. Geinus FC အသင်းဟာ တစ်ချက်ကောင်းကို ပိုင်နိုင်စွာ အသုံးချနိုင်ခဲ့ပါတယ်။ ကျွန်တော်တို. ဒီဖြစ်ရပ်ကို သင်ခန်းစာယူပြီး ကျန်ပွဲတွေကို အမှတ်ပြည်.ရယူသွားမှာပါ” ဟု Bagan FM သတင်းထောက် စိုးကျော်ဆန်းကို ပြောပြသွားပါတယ်။ BE FC  အသင်းကတော့ ပွဲစဉ်(၃)မှာ ဂိုးသွင်းခွင့် အခွင့်အရေးများစွာ ရရှိသော်လည်း တိုက်စစ်မှုးတွေ အနည်းငယ် လှုပ်ရှားမှု လေးလံနေတာကြောင့်  ဂိုးအဖြစ်မပြောင်းလည်းခဲ့နိုင်ပါဘူး။ BE FC အသင်းကတော့ Geinus FC တုန်းက ကစားကွက်ဖြစ်တဲ့  3-2-1(အမှတ်စဉ်ရေနေတာမဟုတ်ပါ။ ဘာအကွက်လဲတော့မသိပါ :D) ကစားကွက်အတိုင်း ပြန်လည်အသုံးပြုဖို.များပါတယ်။  နောက်တန်းဗဟိုခံစစ်မှုးအဖြစ် ဝေဖြိုးလင်း(လီဗာပူးမှ ဂျွှန်ဖလာနာဂန်လက်သစ်)၊အောင်မိုး (မာဆယ်မိုး) (ရီးရဲမက်ဒရစ်မှ မာဆယ်လိုမဟုတ်ပါ) တို.ကို အသင်းခေါင်းဆောင် ရဲနန္ဒကျော်(ခ)ရဲကြီး(ခ)နှာနီ(ခ) ရဲရဲ ကို တွဲဖက်ကစားစေမှာဖြစ်ပြီး ကွင်းလယ်အသာစီးရပါက ကစားကွက်က မန်ချက်စတာယူနိုက်အသင်းမှ ဆာဘွဲ့ရရှိထားတဲ့ နာမည်ကျော်ဝါရင့်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်အကွက်ဖြစ်တဲ့ (4-4-2 မှ 3-5-2 ) 2-3-1 ပုံစံအဖြစ်ပြောင်းလဲသွားပြီး ၇ဲကြီးက ကွင်းလယ်တိုက်စစ်ထိ လိုက်ပါကစားသွားနိုင်ပါတယ်။ ဒီ အကွက်ကို MRB FC မရိတ်မိဘူးဆိုရင်တော့ (ဖက်ထိတ် မြက်ရိတ်ခိုင်းခြင်းမဟုတ်ပါ)  :) :P BE FC အသင်းရဲ့ တစ်ဖက်သတ် ကွင်းလယ် စိုးမိုးမှုအောက်မှာ တုံးအောက်ကဖားကဲ့သို. ပြားပြားဝပ်နေမှာဖြစ်ပြီး ဒုက္ခိတ ပျားတုတ်တာထက် ဆိုးသွားမှာဖြစ်ပါတယ်။ BE FC ရဲ့ ကစားသမားဖြစ်တဲ့ မြန်မာနေရှင်နယ်လိဂ်မှ နိုင်ပွဲ တစ်ပွဲမှ မရရှိသေးသော ဇွဲကပင်ယူနိုက်တက်အသင်းမှ အငှားနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှုးဖြစ်တဲ့ အောင်ဇော်ထွန်း(ပြေတီဦးနယ်သား) ကတော့ Free – Role  ကစားနိုင်ပြီး မန်ယူအသင်းက အန်ဒါဆန် ဖလက်ချာလိုကွင်းလယ်အဖျက်၊ ချီချာရီတို..ဘာဘာတော့လို တိုက်စစ်မှုး၊ အက်ရှလေယန်း ၊နာနီ ဗလင်စီယာလို wing ကနေတရစပ်ပြေး ပတ်ဂျီဆန်လို ကွင်းလယ်မှာလိုက်ရှုပ် ရာဖေးလ် ဖေဘီယို ဘရာဇီးအမြွှာညီအစ်ကိုလို နောက်တန်းညာဝင်းကနေ တစ်ဖက်ဂိုးဧရိယာထဲထိ တစ်ကွင်းလုံးပတ်မွှေပြီး လိုအပ်သလို ကစားသွားနိုင်ပါတယ်။ ဒါကို MRB FC အသင်း ပါးနပ်စွာ သိရှိဖို. လိုအပ်ပါတယ်။ ရှေ.တန်းမှာ ၀ါရင့်တိုက်စစ်မှုးဖြစ်တဲ့ ကိုကျော်မင်းသိန်(ဘာဘာသိန်း)နဲ့ ကိုဖြိုးဝေမြင့်(ဟတ်စကီး) စီးလို.ရတဲ့ ဟတ်စကီးမဟုတ်ပါ။ :P
တို.တိုက်စစ်အတွဲပဲ ရူန်းမှာဖြစ်ပါတယ်။ 2011 Kaluga Myanmar Summer Football Challenge Cup ရဲ့ ဦးစားပေး ဆီဒင်သတ်မှတ်ချက် အဆင့်(၁)နဲ့ (၂) တွေ.ကြတာဖြစ်ပြီး ၀ါရင့်ကစားသမားကောင်းများစွာ
ပိုင်ဆိုင်ထားကြတဲ့ အသင်းကောင်းတွေဖြစ်ပါတယ်။ (၁)ပွဲစီ ရှုံးနိမ့်ထားတာခြင်းဖြစ်သလို ကစားသမားတစ်ဦးချင်း ခြေစွမ်းပိုင်းလည်း မကွာသလို ရှေ.၊လယ်၊နောက် မျှတနေကြတဲ့အပြင် ခါးသီးတဲ့ ပြိုင်ဘက်တွေဖြစ်ကြတဲ့ အင်္ဂလန်ဘာစလေပရီးမီးယားလိဂ်မှ မန်ချက်စတာယူနိုက်တက်-မန်ချက်စတာစီးတီး၊ အီတလီ စီးရီးအေမှ အင်တာမီလန်-အေစီမီလန်၊ စပိန်လာလီဂါမှ ရီးရဲမက်ဒရစ်-အက်သလက်တီကိုမက်ဒရစ် စတဲ့ မြိုခံဒါဘီပြိုင်ဘက်အသင်းတွေလို အလွန်တစ်ရာမှ ကြည်.လို.ကောင်းမဲ့ပွဲ( ချန်ပီယံလိဂ်ဖိုင်နယ်ကဲ့သို.) ဖြစ်မှာသေချာပါတယ်။ ရှုံးနိမ့်တဲ့အသင်းဟာ  မျက်ရည်မိုး ရွှာသွန်းရမှာဖြစ်ပြီး အနိုင်ရသူကတော့ Paly –Off  အဆင့်ထိကို မျှော်လင့်ခွင့်ရရှိမှာဖြစ်ပါတယ်။ MRB FC အသင်းက ဇာဗီဖြိုး၊ဖေဘီယာနို၊ဒီမာရီယာ၊ကလစ်ထွေးတို. အချိတ်မိဖို.လိုသလို BE FC အသင်းကလည်း ရဲကြီး၊ဘာဘာသိန်း၊ပြေတီဦးနယ်သား၊ဟတ်စကီးတို. အချိတ်အဆက်မိဖို. လိုပါတယ်။ ဒီပွဲအဖြေကတော့ သရေကျဖို. အလားအလာများနေပြီး အနိုင်ဆိုရင်တော့ ရုန်းအား၊တွန်းအား၊ဆိုက်၊ကိုက်၊ဘော်ဘီ၊တင်၊ရင် အားလုံး ကောင်းတဲ့ BE FC အသင်းပဲဖြစ်ပါလိမ့်မယ်။
                                         Post by JSF(Joint Strike Fighter)

"ပွဲစဉ်(၅) Red Devil FC Vs Genius FC ပွဲစဉ်အားကြိုတင်ခန့်မှန်းခြင်း"

(၂၈.၇.၂၀၁၁)ရက်နေ. ညနေ ၆-၃၀ မိနစ် ရုရှားနိုင်ငံ မော်စကိုမြို. လုအီဇနီ(Luzhniki Stadium) ကွင်းမှာကန်မယ့် ပွဲစဉ်(၅) မှာတော့ တစ်ပွဲဆီ ကန်ပီးသားဖြစ်တဲ့ ဒီအသင်းနှစ်သင်း တွေ.ဆုံနေတာဖြစ်ပါတယ်။Red Devil  FC အသင်းကတော့ ပွဲစဉ်(၁) မှာ Soccer King FC အသင်းကို ဂိုးသွင်းခွင့် အပိုင်အခွင့်အရေးများစွာ ရရှိသော်လည်း Red Devil  FC အသင်းရဲ့ တိုက်စစ်မှုးဖြစ်တဲ့ ကိုစိုးနေလင်းအောင်(စိုးနေမာ) ဟာ ပိုင်နိုင်စွာ အသုံးမချနိုင်ခဲ့သလို. ကွင်းလယ်အဖျက်ဖြစ်တဲ့ စိုးလင်းဦး(ရှနိုက်စိုး) ဟာလည်း အခွင့်အရေးတွေကို ပိုင်နိုင်စွာ အသုံးမချနိုင်ခဲ့တာကြောင့် သရေ(၁)မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတဲ့အသင်းပဲဖြစ်ပါတယ်။ Genius FC အသင်းကတော့ မထင်မှတ်ပဲ 2009 Kaluga Myanmar Summer Football Challenge Cup ချန်ပီယံ BE အသင်းကို  အသင်းခေါင်းဆောင် သိန်းမင်းထိုက်(ဖလက်ချာသိန်း) ရဲ့ ဖန်တီးပေးပို.မှုမှတစ်ဆင့် အမာခံကစားသမား ရဲရင့်ကိုကို(ခ)လူးဝစ် ရဲ့ ကစ်ပျောက်ကန်ချက် တစ်လုံးတည်းသော ဂိုးနဲ့ မထင်မှတ်ပဲ အဖိုးတန်(၃) မှတ်ရရှိသွားတာဖြစ်ပါတယ်။ Red Devil  FC အသင်းရဲ့ အသင်းခေါင်းဆောင် ဥက္ကာမင်း(ခ)ဖာကြီးကတော့ “Soccer King FC နဲ့ပွဲတုန်းက ကျွန်တော်တို.အသင်း အမှတ်ပြည့်ရအောင်မယူနိုင်ခဲ့ပါဘူး။ ကျွန်တော်တို. Genius FC အသင်းနဲ့ပွဲမှာတော့ အမှတ်ပြည့်ရအောင် မဖြစ်မနေရအောင်ယူသွားပါ့မယ်” လို. Red Devil  FC အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ဂျာနယ်လစ်တွေနဲ့ အမာခံ ပရိသတ်တွေကို လက်ပြနှုတ်ဆက် ပြောဆိုသွားခဲ့ပါတယ်။ Red Devil  FC အသင်းရဲ့ နည်းပညာဝန်ကြီးဌာနရဲ့ လက်ရွှေးစင်တွေဖြစ်တဲ့ ရှေ.တန်းတိုက်စစ်မှုး စိုးနေမာနဲ့ နောက်တန်းဗဟိုခံစစ်မှုးဖြစ်တဲ့ကိုမျိုးပိုင်ဆက်(တယ်ရီဆက်) တို.ဟာလည်း Genius FC နဲ့ ပွဲအတွက် အစွမ်းကုန် Training ဆင်းနေတယ်လို. သတင်းရရှိပါတယ်။ ဂိုးသမားဖြစ်တဲ့ စည်သူအောင်(ဂိုးမက်စ်စည်) ၊ နောက်တန်းခံစစ်မှုးဖြစ်တဲ့ ကျော်ဇောမောင်(ကျော်ကြီး) နဲ့ တောင်ပံတိုက်စစ်မှုး ကျော်ဇေ(Ka Zay) တို.ဟာလည်း  ပွဲစဉ်(၁)မှာ အဖိုးတန်(၂) မှတ်ဆုံးရှုံးသွားတယ်ဆိုသော အကြောင်းပြချက်ဖြင့်  ကြယ်လေးပွင့် အဆင့်ရှိ Kaluga Hotel တွင် ရုရှားလှပျိုဖြုမလေးများဖြင့် ရှမ်းပြည်နယ်ဒေသကြီး၊တောင်ကြီးသား Hip-Hop အဆိုတော် စိုင်းစိုင်းခမ်းလှိုင်သီချင်းလို “ဖုတ်လိုက် ဖုတ်လိုက်” ဖြင့် အလဲလဲ အကွဲကွဲဖြစ်နေပါတယ်လို့ လျှို.၀ှက်စွာ သတင်းရရှိပါတယ်။ Genius FC အသင်းအတွက် ၀မ်းသာစရာ သတင်းကောင်းတစ်ခုကတော့  Red Devil  FC အသင်းရဲ့ အသင်းခေါင်းဆောင်ဥက္ကာမင်းဟာ ပွဲစဉ်(၁)မှာ ရရှိခဲ့ ခြေထောက်ဒဏ်ရာဟာ လုံးဝကင်းစင် သက်သာမှု မရှိသေးဘူးလို.အသင်းဆရာဝန် ဒေါက်တာရမ်းကုမှ Genius FC အသင်းရဲ့ ပရိတ်သတ်တွေဖြစ်ကြတဲ့ အမေရိကန်သမ္မတ ဘားရက်အိုဘားနဲ့ ဂျာမဏီနိုင်ငံ ၀န်ကြီးချူပ် မာကယ်တို.ကို အသင်းအပေါ် သစ္စာဖောက်ပြီး အီးမေးလ်ပို.ခဲ့ပါတယ်။  Genius FC အသင်းကတော့ မထင်မှတ်ပဲ BE FC အသင်းဆီကနေ အဖိုးတန်(၃) မှတ်ရရှိခဲ့လို. စိတ်ဓတ်ပိုင်းဆိုင်ရာမှာတော့ Red Devil  FC အသင်းထက် သာလွန်နေမှာဖြစ်ပါတယ်။ Genius FC အသင်းက BE FC တုန်းက ကစားကွက်အတိုင်း  Red Devil  FC အသင်းကို ဆက်လက်ယှဉ်ပြိုင်ဖို. မဖြစ်နိုင်ပါဘူး။ ဒီပွဲမှာတော့ Red Devil  FC က BE FC ရဲ့ အဖြစ်ဆိုး သင်ခန်းစာကိုတွေ.ရှိပီးဖြစ်သလို. Red Devil  FC အသင်းကိုယ်တိုင်လည်း အဖွင်.ပွဲစဉ်မှာ အမှတ်ဆုံးရှုံးခဲ့လို. ဒီပွဲကိုမဖြစ်မနေ အနိုင်ကန်မှာဖြစ်ပါတယ်။ Genius FC အသင်းက နောက်တန်းမှုးတွေဖြစ်တဲ့ ကိုကိုလွင်၊ကိုဖက်ကြီးတို. ဂိုးစည်းထဲမှာ လှဲအိပ်တာ မှန်ခဲ့လို. အဖိုးတန်(၃) မှတ်ရရှိခဲ့ဖြစ်ပါတယ်။ ပွဲစဉ် (၃) မှာ Genius FC အသင်းတစ်ဖက်သက် ခံစစ်နီးပါးဖြစ်ခဲ့ပါတယ်။ Red Devil  FC အသင်းနဲ့ ပွဲမှာတော့ BE FC အသင်းနဲ့တုန်းက  ရရှိခဲ့တဲ့ ဂိုးလို ပြန်လည်ရရှိဖို.ဆိုတာ မဖြစ်နိုင်ပါဘူး။ Red Devil  FC အသင်းကပဲ ဘောလုံးအသားစီးရယူပြီး တစ်ဖက်သတ် ဖိအားပေး ကစားဖို.ပဲများပါတယ်။ Genius FC အသင်းရဲ့ မထင်မှတ်ပဲ ဂိုးသမားအဖြစ်တာဝန်ယူသွားတဲ့ ကိုအောင်မျိုးထွန်း(ခ)လီဆူး (ရီနာဆူး)ကလည်း မထင်မှတ်ပဲ လက်စွမ်းပြ ကာကွယ်သွားတာကို ပွဲစဉ်(၃) မှာမြင်တွေ.ခဲ့ပါတယ်။ ရီနာဆူးက “ကျနော် အရမ်းပျော်ပါတယ်… ဘယ်လိုပျော်၇ွှင်မှုမျိုးလဲဆိုတာတော့ ပြောမပြတတ်လောက် အောင်ပါပဲ.. မထင်မှတ်ပဲ ကျနော်တို့အသင်းကို ဘုရားသခင်က ကံကောင်းခြင်းလက်ဆောင်တွေ ပေးလိုက်တာပါပဲ.. ကျနော်တို. Play –Off အဆင့် ရောက်အောင် အစွမ်းကုန်ကြိုးစားသွားပါ့မယ်”လို. ပွဲစဉ်(၃) အပြီးမှာ တရုတ်နာမည်ကြီး သတင်းဌာနဖြစ်တဲ့ CCTV-9 ကိုပြောပြသွားခဲ့ပါတယ်။ Genius FC  အသင်းရဲ့ ခေါင်းဆောင် ဖလက်ချာသိန်းကတော့ BE FC အသင်းဆီမှ အဖိုးတန်(၃)မှတ်ရရှိကာ အပျော်လွန်းပြီး အမောဖောက်နေကြောင်း (မိုင်းလ်-၇  အသောက်များသောကြောင့်)၁ ရက်ကြာ အနားယူရမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံဖွား ဟောလိဝုဒ်နာမည်ကျော် မင်းသမီး မီရှယ်လ်ယိုးဆီမှ  သိရှိရပါတယ်။ ဒီပွဲမှာတော့ Red Devil  FC အသင်းအနေနဲ့ Geinus FC အသင်းနဲ့လုံးဝ အမှတ်ခွဲယူဖို. မဖြစ်နိုင်သလို Genius FC အသင်းကလည်း ဒီပွဲသာ ထပ်အနိုင်ရခဲ့မယ်ဆိုင်ရင် သေချာပေါက် အနိမ့်ဆုံးအဆင့် Play –Off အထိ တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဒီပွဲမှာတော့ နှစ်သင်းစလုံး ကစားကွက်နည်းငယ် အပြောင်းအလဲ ပြုလုပ်နိုင်ပါတယ်။ ဒီနှစ်သင်းရဲ့ လူစားရင်းအရ Red Devil  FC သာတယ်ဆိုပေမယ့် ဒီ 2011 Kaluga Myanmar Summer Football Challenge Cup ပြိုင်မှာ ထိပ်ဆုံး ဦးစားပေးအသင်းတွေ မထင်မှတ်ပဲ အရှုံးတွေဖြစ်နေပါတယ်။ ဘယ်အသင်းကိုမှ လျှော့တွက်လို.မရပါဘူး။ Red Devil  FC အသင်းကတော့ Genius FC အသင်းရဲ့ Key _ Player နှစ်ယောက်ကိုသာ ထိန်းချုပ်နိုင်မယ်ဆိုရင် အနိုင်သေချာပါတယ်။ Genius FC အသင်းကတော့ BE FC အသင်းကို အနိုင်ရခဲ့တာမှန်ပေမဲ့ ခြေစွမ်းပိုင်းမှာတော့  အားရကျေနပ်စရာမရှိပါဘူး။ အသင်းခေါင်းဆောင် ဖလက်ချာသိန်း အမောမခံနိုင်သလို အမာခံကစားသမား  လူးဝစ်ကလည်း ထင်သလောက် မရှုန်းနိုင်ပါဘူး။ ဒီကစားကွက်အတိုင်းသာ နည်းပြက ဆက်လက် အသုံးပြုနေမယ်ဆိုရင် သေချာပေါက် Red Devil  FC အသင်းကို ရှုံးနိမ့်မှာ ဖြစ်ပါတယ်။ Genius FC အသင်းရဲ့ အထောင်တိုက်စစ်မှုး ကိုဇော်ရဲအောင် ခြေမပေါ်သလို (ခြေအိတ်အရှည်ဝတ်ထား သောကြောင့်) :D နောက်တန်းဖြစ်တဲ့ အဲဗာတန်လူငယ်လေ့ကျင့်ရေးကျောင်းထွက် ဝေယံအောင်ဟာလည်း ပွဲစဉ်(၃)မှာ ထင်သလောက် ခြေစွမ်းမပြခဲ့ပါဘူး။ မည်သို.ပင်ဖြစ်စေကာမူ ၁ပွဲစီ ကန်ပြီး ရမှတ်(၁)မှတ်ရ အသင်းနဲ့ (၃) မှတ်ရအသင်းဖြစ်တာကြောင့် အကျိတ်အနယ်ဖြစ်မှာသေချာပါတယ်။  2011 Kaluga Myanmar Summer Football Challenge Cup ပြိုင်ပွဲရဲ့ ဦးစားပေး အဆင့်(၃) နဲ့ (၄) တွေ.တာဖြစ်ပါတယ်။ ဒီပွဲအဖြေကတော့ အပေးအယူ အချိတ်အဆက်မိမိ ကစားနိုင်တဲ့ Red Devil  FC အသင်းကိုပဲ အနိုင်အဖြစ်ရွှေးချယ်သင့်ပါတယ်။
                                                   Post by JSF(Joint Strike Fighter)

"ပွဲစဉ်(၁) သုံးသပ်ချက် "

ပွဲစဉ်(၁) ဖွင့်ပွဲ အနေနဲ့ ယနေ့ ကန်သွားကြတဲ့ Read Devil FC နဲ့ Soccer King FC အသင်းတို့ ဟာ ဖွင့်ပွဲ ဖြစ်တာနဲ့ အညီ ပွဲစတာနဲ့ တစ်သင်းနဲ့ တစ်သင်း အားကြိုးမာန်တက် တွန်းတွန်းတိုက်တိုက် ကစားသွားခဲ့ကြပါတယ်။ တစ်ဖက် နဲ့ တစ်ဖက် ကွင်းလယ်ကို ထိန်းချုပ် ဖို့ ကြိုးစားကစားနေကြတဲ့ အတွက် ပွဲဟာပထမပိုင်းမှာ အေးဆေးနေခဲ့ပါတယ်။ Read Devil FC ဖွင့်ပွဲအနေနဲ့ ကစားကွက် ကို (၃-၁-၂)နဲ့ ပွဲထွက်ခဲ့သလို Soccer King FC ကလည်း (၃-၂-၁)နဲ့ ပွဲထွက်ခဲ့ပါတယ်။ တစ်ဖက် နဲ့ တစ်ဖက် ကွင်းလယ်ကို ထိန်းချုပ် ဖို့ ကြိုးစားကစားနေကြတဲ့ အတွက် ပွဲဟာပထမပိုင်းမှာ အေးဆေးနေခဲ့ပါတယ်။ ကွင်းလယ်ကိုထိန်းချုပ်ဖို့အတွက် ကွင်းလယ် ဗိုလ်ချုပ် ရွာသား(ခ) စိုးလင်းဦးဟာ( မကွေးတိုင်း၊ပွင်.ဖြူမြို.နယ်၊ဆည်တော် ကျေးရွာလက်ရွေးစင်လို့တော့ သူကိုယ်သူပြောတာပဲ) ကွင်းလယ် အဖျက် (အလွန်ဆို)လိုတစ်မျိုး (အိုဇေး)လို တစ်ဖုံ ကစားခဲ့ပါတယ်။နောက်တန်းမှာတော့နောက်တန်းမှာတော့
ဗဟိုခံစစ်မှုးပီပီဘယ်လောက် အကြမ်းအတမ်းဖျက်ထုတ်သလိုဆိုရင် အမြဲတမ်း ကွင်းထဲမှာ မှောက်လဲလို. ဒူးမှာ အမာရွှတ်တွေ စီတန်းနေတဲ့ ကိုဖားကြီးက နောက်တန်းကိုဦးဆောင်ခဲ့ပါတယ်။ဘယ်စွန်မှာတော့ ကိုကျော်ကြီး(ကနားစီး တော့မဟုတ်ပါ ) ထားပြီး ညာစွန်မှာတော့ အသင်းရဲ့ အားထားရတဲ့ ခံစစ်မှုး ကိုပိုင်စက်(မိထ္တီလာ) ကဦးဆောင်ခဲ့ပါတယ်.။ရှေ့တန်းမှာဆိုရင် ကာဇေ(ကြောင်ဇေ)နဲ့ ကိုငယ်ကြီး(ကိုစိုးနေလင်းအောင်) တိုက်စစ်အတွဲနဲ့ ပွဲကိုထွက်ခဲ့သလို။့ Soccer King FC အသင်းကတော့ နောက်တန်းခံစစ်မှုး ကိုတင်ကိုကိုဝင်း(ဒီနေ့ပွဲတွက် man of the match)က ဦးဆောင်ခဲ့ပြီး ဘယ်စွယ်မှာ အဒီဘာယော (အောင်ပြည့်စုံ)နဲ့ ညာစွယ်မှာ သိန်းဒီနန်(သိန်းဝင်း) တို့ကိုထားခဲ့ပါတယ်။ကွင်းလယ်မှာတော့ ဘာစီလိုနာက ကွင်းလယ်ကစားသမား အန်နီယေစတာ လို ရှေ့နောက်ကစားနိုင်တဲ့ ကို ညီညီလှိုင် နဲ့ မက်ဆီနဲ့ ဆိုဒ်ခြင်းတူတဲ့ အသေးလေး(ရဲထွန်းမင်း) တို့က ဦးဆောင်ခဲ့ပါတယ်။ရှေ့တန်းမှာတော့ အထောင်တိုက်စစ်မှုးလည်းဖြစ် ဂိုးများလည်း ပက်ပက်စက်စက်သွင်းနေတဲ့(အိမ်မက်ထဲမှာ မူကြိုကလေးတွေနဲ့)ေ၇ာ်နယ်ရွှေ(ကရင်မ) က တိုက်စစ်မြှားဦး ဖြစ်ခဲ့ပါတယ်။ပွဲစတာနဲ့ တစ်သင်းနဲ့တစ်သင်းအမှားမခံပဲ ကစားကြပါတယ်။  Soccer King FC အသင်းကတော့ပထမပိုင်းမှာ တိုက်စစ်ထက် ခံစစ်ကို ဦးစားပေးကစားခဲ့တဲ့ အတွက် ဘောလုံးပိုင်ဆိုင်မှုကို Read Devil FC က ပိုင်ဆိုင်မှုများခဲ့ပါတယ်။ Read Devil FC အသင်းက နောက်ဆုံးအဆုံးသတ်လေးတွေ ညံဖျင်းနေတဲ့အတွက်ကြောင်း ပထမပိုင်းမှာ ဂိုးက ရသင့်သလောက် မရရှိပဲ သရေအဖြစ် ပထမပိုင်းပြီးဆုံးသွားခဲ့ပါတယ်။ Soccer King FC အသင်းက နောက်တန်းခံစစ်မှုး ကိုတင်ကိုကိုဝင်းကောင်းမွန်နေသောကြောင့် တစ်ဖက်အသင်းသားများထင်သလောက် မပေါက်ဖြစ်ခဲ့ပါတယ်။
ပထမပိုင်းခေတ္တနားနေချိန်မှာတော့ ဖိလစ်ပိုင်နွယ်ဖွား အမေရိကန် POP အဆိုတော် Charice က သီချင်းနဲ့ ဂုဏ်ပြုခဲ့ပါတယ်။  :P ဒုတိယပိုင်း ပွဲစတာနဲ့ တစ်ဖက်နဲ့တစ်ဖက်ဟာ ပထမပိုင်းလို ပွဲကိုမထိန်းတော့ပဲ ဖွင့်ကစားခဲ့ကြပါတယ်(ရှိသမျှ အအေးဗူးတွေအကုန်ဖွင့်ပြီး) ကစားခဲ့ကြတဲ့အတွက် ပွဲဟာ မြိုင်ခဲ့ပါတယ်။ ပွဲစပြီး ၁၀မိနစ်ကျော်ကျော်လောက်မှာတော့ Soccer King FC အသင်းက အပိုင်ဂိုးသွင်းခွင့် ၃ကြိမ် မက ရရှိခဲ့ပါတယ်။ Soccer King FC အသင်းရဲ တိုက်စစ်မှုး ရော်နယ်ရွှေ အဆုံးသတ် ညံဖျင်းနေတာကြောင့် ဂိုးမရရှိခဲ့တာပါ။ရော်နယ်ရွှေဟာ (Target 0, Style 9 )နဲ့ ဒီနေ့ပွဲရဲ့ Man Of The Match ကိုရဖို့ ကပ်လွဲခဲ့ပါတယ်။:P Soccer King FC ကွင်းလယ် ဗိုလ်ချုပ် ကိုညီညီလှိုင် ဟာ သူရဲ့ ရှေ့တန်းတိုက်စစ်မှုး ရော်နယ်ရွှေ ဂိုးရအောင် ဖန်တီးမှု အများဆုံး ပေးဖို့ခဲ့ပါတယ်။ဘောလုံး ဖန်တီးမှု 80% တိဖန်တီးပေးခဲ့ပါတယ်။
Red Devil FC အသင်း ဂိုးသမား စည်သူအောင်(ဂျိုးသူအောင်) ကောင်းမွန်နေသောကြောင့် ဂိုးမရရှိသလို၊ Red Devil FC အသင်းကလည်း တစ်ဖက် ဂိုးပေါက်ကို သေချာဖောက် အကောင်းဆုံး ခြိမ်းခြောက် နိုင်ခဲ့ပါတယ်။ Soccer King FC ဂိုးသမား ရဲဖုန်း(ပီတာရဲဆက်) ကြောက်ရူးထနေတဲ့ အတွက်၇ယ် နောက်တန်း ခံစစ်မှုး ကိုတင်ကိုကိုဝင်း ကောင်းမွန်နေတဲ့အတွက်ကြောင့် ဂိုးမရရှိခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့  Red Devil FC အသင်းက ဖားကြီး ရှေ့တန်းအထိ တက်ပြီး ကိုရအောင် ဖန်တီးခဲ့သော်လည်း ပွဲအဖြေကို မပြောင်းလဲနိုင်ခဲ့ပါဘူး။ Read Devil FC နဲ့ Soccer King FC အသင်းတို့ တူညီတဲ့ ရမှတ် တစ်ခုကို ခွဲဝေယူခဲ့ကြပါတယ်။ နှစ်သင်း လုံး နောက်ပွဲတွေမှာ အနိုင်ရအောင်ကြိုးစား မှာသာ အုပ်စုပွဲ အတွင်းအခြေအနေကောင်းမှာဖြစ်တဲ့ အတွက် နောက်ပွဲတွေမှာ ဘယ်လို ကစားကွက်ကို တည်ခင်း မလဲဆိုတာကို ကျွန်တော်တို့ စောင့်မျှော်ကြည့်ရှု့ ကြရမှာ ဖြစ်ပါတယ်။ ဒီနေ့ပွဲကို ကွင်းလယ်ဒိုင်လူကြီးအဖြစ်
မြန်မာဒိုင်လူကြီး ရဲကြီး မှ ဆောင်ရွက်သွားခဲ့ပါတယ်။

"ပွဲစဉ်(၄) Need For Speed FC Vs Soccer King FC ပွဲစဉ်အားကြိုတင်ခန့်မှန်းခြင်း"

၂၅.၇.၂၀၁၁ ရက်နေ့ ကစားခဲ့တဲ့ ပွဲစဉ်(၂) NFS FC နဲ. ပွဲစဉ်(၁) Soccer King FC  ခြေစွမ်းတွေအရ
နှစ်သင်းစလုံး မျှတနေတာကို တွေ.ရပါတယ်။ NFS FC အသင်းက ထိပ်ဆုံးဆီဒင်အဆင့်(၁) အသင်း MRB အသင်းကို မထင်မှတ်တဲ့ ကွင်းလယ်တိုက်စစ်မှုး N.P.MESSI ရဲ့ တစ်ကိုယ်တော်ဖောက်ထွင်း သွင်းဂိုးတွေနဲ့ အတူ ပွဲစဉ်(၂)ရဲ့ Man Of The Match ရရှိသွားပြီး MRB FC အသင်းက အရှုံးပေးလိုက်ရတာဖြစ်ပါတယ်။ ထို.ကြောင့် NFS FC အသင်းဟာတစ်ပွဲကန် (၃)မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးကို နေရာရယူသွားပါပီ။ NFS FC ရဲ့ ဂျိုကာလေးဖြစ်ကြတဲ့ စိုင်းလေးနဲ့ ကောင်းကြီးတို.ဟာလည်း မထင်မှတ်ထားတဲ့အတိုင်း အမှားအနည်းဆုံး နဲ့  မန်ချက်စတာယူနိုက်တက်အသင်းက  ရာဖေးလ် နဲ့ဖေဘီအို လို ခြေစွမ်းတွေပြသွားခဲ့တာကိုတွေ.ရပါတယ်။ 

စိုင်းလေးက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ “ကျွန်တော်တို. မနက်ဖြန်မှာကန်မဲ့ Soccer King FC  အသင်းနဲ့ပွဲစဉ်ကို ဒီနေ.ခြေစွမ်းအတိုင်း ဆက်လက်ထိန်းသိမ်းအနိုင်.ယူသွားပါမယ်လို.” အယ်ဂျားစီယာ ရုပ်သံဌာနကို ပြောကြာသွားပါတယ်။ ဗဟိုခံစစ်မှုးဖြစ်တဲ့ ဇင်လင်းဦး (ဆိုးကမ်းဘဲလ်) ကလည်း အမှားမရှိအောင် တစ်ဘက်အသင်းရဲ့ တိုက်စစ်မှုတွေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါတောင် အထောင်တိုက်စစ်မှုးဖြစ်တဲ့ ညီညီအောင်(ရွှန်းညီ) အပိုင်အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို. အခုလို 2-0 ဖြစ်သွားတာဖြစ်ပါတယ်။ MRB အသင်းကတော့ ဖြိုးဇော်၊ဖေဘီယာနို၊ကလစ်ထွေး၊ဒီမာရီယာတို.အတွဲ အပိုင်အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို. အခုလို ရှုံးနိမ့်သွားတာဖြစ်ပါတယ်။ မထင်မှတ်ပဲ လက်စွမ်းပြသွားသူကတော့ NFS FC အသင်းရဲ့ စွယ်စုံရကစားသမား ရန်နိုင်ထွန်းပဲဖြစ်ပါတယ်။ ဂိုးမပေးရအောင် တစ်ဘက်ထောင့်ကန်ဘောများကို ရဲ့ဝင့်စွာကာကွယ်နိုင်တာကိုတွေ.ရပါတယ်။

ယနေ.ပွဲမှာ အပိုင်ဂိုးတွေကို မသွင်းလိုက်နိုင်တဲ့ ညီညီအောင်(ရွှန်းညီ)ဟာ ဘာလို. ဒီလိုဖြစ်တာလဲဆိုတော့
ဒူးနည်းနည်းချောင်းနေကြောင်း NFS FC ရဲ့အမာခံပရိသတ်ဖြစ်တဲ့ ယိုးဒယားနိုင်ငံဘုရင် ဘူမိဘောအဒူလျာရက်ဒက်စ်ရဲ့ သမီးတော် မဟာချက်ကရီ သီရိဒုံက Soccer King FC အသင်းရဲ့ အမာခံပရိသတ်ဖြစ်တဲ့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီယာရီကလင်တန်ကို ဖုန်းဖြင့် ပြောဆိုခဲ့ပါတယ်။
နောက်တန်းဘယ်ဝင်းဖြစ်တဲ့ ရာမီးရက်ဟာလည်း တစ်ဘက်ဘယ်ဝင်းတိုက်စစ်ကို ပိုင်နိုင်စွာ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ 

Soccer King FC   ကတော့ Red Devil FC  အသင်းကို ခန်.မှန်းထားတဲ့အတိုင်း ခံစစ်ပိတ်ဆို.ကစားသွားပြီး
ရော်နယ်ရေနဲ့ ညီကာမိုဒရစ်က ဘယ်ဝင်းညာဝင်းကနေ ဖြန်.ကျက်ကစားခဲ့ပါတယ်။ ဗဟိုခံစစ်မှုးဖြစ်တဲ့ ကိုတင်ကိုကိုဝင်း မထင်မှတ်ပဲ ခြေစွမ်းအထူးပြပြီး  ပွဲစဉ်(၁) ရဲ့ Man Of The Match ရရှိသွားပါတယ်။
Soccer King FC   ရဲ့ လူငယ်လက်သစ်ဂိုးသမားဖြစ်တဲ့ ရဲဘုန်းဟတ် လက်စွမ်းပြကာကွယ်သွားပါတယ်။
နောက်တန်းလို. သိရှိထားတဲ့ သိန်းဒီနန်ကတော့  တိုက်စစ်အထိပါ လိုက်ပါကစားပေခဲ့ပါတယ်။
Soccer King FC   အသင်းရဲ့ ကွင်းလယ်အဖျက်ဖြစ်တဲ့ အောင်ပြည်စုံ(ခ) အဒီဘာယောက
“ကျွန်တော်တို. အပိုင်အခွင့်အရေးတွေကို လက်လွှတ်ခဲ့ရပါတယ်…အဖိုးတန်(၂)မှတ်လည်း ဆုံးရှုံးသွားပါတယ်။  NFS FC အသင်းကို အစွမ်းကုန်ကြိုးစားအနိုင်ယူသွားမှာပါ” လို. ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဂျာနယ်လစ်တွေကို ပြောကြားခဲ့ပါတယ်။ ကွင်းလယ်အဖျက်ဖြစ်တဲ့ ရဲထွန်းမင်း(ခ) မက်ဆီရဲကလည်း မထင်ရင် မထင်သလို. တစ်ဘက်ဂိုးပေါက်ထိ ချိန်းချောက်သွားတာကို ပွဲစဉ်(၁)မှာ မြင်တွေ.ခဲ့ရပါတယ်။ ပွဲစဉ်(၁)မှာ ရော်နယ်ရွှေနဲ့ ညီကာမိုဒရစ် အတွဲ အတော်လေရူန်းအားကောင်းပါတယ်။ ပွဲစဉ် (၄)မှာတော့ Soccer King FC  အသင်းက ကစားကွက် အနည်းငယ် အပြောင်းအလဲပြုလုပ်နိုင်ပါတယ်။ NFS FC ကတော့ MRB တုန်းက ကစားကွက်အတိုင်း ပြန်လည်းအသုံးပြုဖို.များပါတယ်။ NFS အသင်းက နောက်တန်းတွေဖြစ်ကြတဲ့ စိုင်းလေး၊ကောင်ကြီး၊ဗဟိုခံစစ်မှုးဖြစ်တဲ့ ဇင်လင်းဦး တို.သာ MRB ပွဲတုန်းကလို. အမှားနည်းမယ်ဆိုရင်
Soccer King FC   ရဲ့ Key _Players တွေဖြစ်တဲ့ ရော်နယ်ရွှေနဲ့ ညီကာမိုဒရစ် အတွဲ အလုပ်မဖြစ်နိုင်ပါဘူး။
Soccer King FC    အသင်းရဲ့ နောက်တန်းတွေဖြစ်ကြတဲ့ သိန်းဒီနန်၊ကိုတင်ကိုကိုဝင်းဟာလည်း NFS FC အသင်းရဲ့ ကွင်းလယ်တိုက်စစ်ဖြစ်တဲ့ N.P.MESSI ကိုမထိန်းချုပ်နိုင်ဘူးဆိုရင် သေချာပေါက် ဂိုးပေးရမှာဖြစ်ပါတယ်။ ယခုပွဲမှာ NFS FC အသင်းက အနိုင်ရခဲ့မယ်ဆိုရင် 65% လောက် Play –Off  ထိ တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ Soccer King FC   အသင်းကတော့  အရှုံးခံလို. လုံးဝ(လုံးဝ) မဖြစ်သလို
သရေဆိုလည်း အလားအလား အတော်လည်းနည်းပါတယ်။ ဒါကြောင်. Soccer King FC   အသင်းက တိုက်စစ်မြင့်ပြီး ကစားကွက် အပြောင်းအလဲလုပ်နိုင်ပါတယ်။ ဂိုးတွေဆက်တိုက်သွင်းယူနေတဲ.အတွက် NFS FC ရဲ. ကွင်းလယ်တိုက်စစ် N.P.Messi ကို  Soccer King FC     ရဲ.နောက်တန်းမှုးတွေဖြစ်တဲ့ ကိုတင်ကိုကိုဝင်း ၊ သိန်းဒီနန်တို.   ထိန်းနိုင်ပါ.မလားဆိုတာ စဉ်းစားစရာပါ။ ဒီကစားသမားကို ထိန်းချုပ်နိုင်မယ်ဆိုရင်တော့ Soccer King FC   အသင်းသေချာပေါက် အမှတ်ရမှာပါ။ 2011 Kaluga Myanmar Summer Football Challenge Cup ရဲ့ အဆင့်သတ်မှတ်ချက် (၅) နဲ့ (၆) နဲ့တွေ.တာဖြစ်ပေမဲ့ NFS FC အသင်းကပွဲစဉ်(၂) မှာ  မထင်မှတ်ပဲ ခြေစွမ်းပြသွားပါတယ်။ ဒီပွဲအဖြေကတော့ Need For Speed FC အသင်း သေချာပေါက် အမှတ်ရပါလိမ့်မယ်။
                                                Post by JSF(Joint Strike Fighter)

"ပွဲစဉ်(၃) Geinus FC Vs BE FC ပွဲစဉ်အားကြိုတင်ခန့်မှန်းခြင်း"

ဒီနှစ်သင်းက လူစာရင်းအရ BE အသင်းက အနည်းငယ်သာနေပါတယ်။ BE FC အသင်းဟာလည်း
2009  ကာလုဂါဖလား ရဲ့ချန်ပီယံဖြစ်တာနဲ့အညီ ဂုဏ်ပုဒ်ကိုဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ပါတယ်။
ဒါပေမဲ့ 2009 တုန်းကလိုတော့ လူစာရင်းမတောင့်တော့ဘဲ လူအနည်းငယ်ကွာခြားသွားပါတယ်။ ကစားသမားအသစ်တွေခေါ်ယူဖြည်.တင်းထားတာတွေ.ရပါတယ်။ BE အသင်းရဲ့ အဓိက အားသာချက်ကတော့ 2011 Kaluga Myanmar Summer Football Challenge Cup ရဲ့ ရေပန်းအစားဆုံး အသက်အငယ်ဆုံး ဂိုးသမားဖြစ်တဲ့.. မန်ယူအသင်းရဲ့ ၀ါရင့်ဂိုးသမား ဗန်ဒါဆားနေရာ အစားထိုး ၀င်ရောက်နေရာယူနေသောစပိန်လက်ရွှေးစင်ဂိုးသမား ဒီဂီယာလို.တင်းစားနေကြတဲ့ အောင်ကျော်ယု(ခ)ယုဂီယာ ပဲဖြစ်ပါတယ်။ အောင်ကျော်ယုဟာ ၀ါရင့်ဂိုးသမားတစ်ယောက်ဖြစ်သလို 2009 Kaluga Myanmar Summer Football Challenge Cup ပြိုင်ပွဲရဲ့ ချန်ပီယံ BE အသင်းနဲ့အတူ ဖလားကိုင်မြောက်လာသူဖြစ်တာနဲ့အညီ အတွေ.အကြုံများစွာ ရှိနေသူဖြစ်ပါတယ်။ ယုဂီယာ ကတော့ 2008 နွေရာသီ အပြောင်းအရွှေ.မှာ BE FC အသင်းကို  ပေါ်တူဂီကလပ် စပို.တင်းလင်းစပွန်းအသင်းကနေ ပြောင်းရွှေ.ကြေး ပေါင် (၅)သိန်း ဖြင်.ပြောင်းလာသူဖြစ်ပြီး တစ်ရိုန်ထိုး ပွဲစဉ်များတွင်  လက်စွမ်းပြ ကာကွယ်နိုင်သူဖြစ်ပြီး ယခု 2011 တွင် ဥရောပ ကလပ်အသင်းကြီးများဖြစ်ကြတဲ့ ဘာစီလိုနာ၊ဘိုင်ယန်မြူးနစ်၊အေစီမီလန်၊လိုင်ယွန်၊ ဂါလာတာစာရေး၊ စတဲ့အသင်းတွေက စိတ်ဝင်စားခြင်းခံနေရသူဖြစ်ပါတယ်။ အင်္ဂလန်နာမည်ကြီးသတင်းစာဖြစ်တဲ့ The Sun ရဲ့တွက်ချက်မှုအရ ဒီကစားသမားတန်းဖိုးဟာ ပေါင် သန်း(50) ၀န်းကျင်ရှိပါတယ်။ :D 
BE အသင်းရဲ့ အသင်းခေါင်းအဖြစ်တာဝန်ယူထားတဲ့ ရဲနန္ဒကျော်(ခ) ရဲကြီးကလည်း ၀ါရင်.ကစားသမားတစ်ယောက်ဖြစ်သလို  ရှေ.လယ်နောက် အစုံ ကစားနိုင်သူဖြစ်သလို. တွန်းအား ရုန်းအား အကုန်ကောင်းပါတယ်။ ရဲကြီးဟာ မြန်မာ့တပ်မတော်(ရေ) လက်ရွှေးစင် အသင်းသားတစ်ယောက်ဖြစ်သလို 2011 ၀န်ကြီးဌာနပေါင်းစုံပြိုင်ပွဲမှာ ခြေစွမ်းပြနေသူတစ်ယောက်ဖြစ်ပါတယ်။  Yangon FC အသင်းက ခေါ်ယူမယ်လို. MFF က သတင်းလွှင်.ထားပါတယ်။ ဗဟိုခံစစ်မှုးလည်းရ .. ဘယ်ဝင်း ညာဝင်းပါ ကစားနိုင်တဲ့ ဝေဖြိုးလင်း(ခ) ၀ူကျိ ကတော့ ထိပ်တန်းအဆင့်ရှိပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် လီဗာပူးအသင်းက ဂျွန်ဖာနာဂန် လက်သစ်လို.တင်စားခြင်းခံနေရသူဖြစ်ပြီး လီဗာပူးနည်းပြကြီး Kenny Dalgish  ကိုယ်တိုင် ချီးမွန်းခံနေရသူဖြစ်ပါတယ်။ BE FC အသင်းရဲ့ ကွင်းလယ်တိုက်စစ် တွေဖြစ်ကြတဲ့ ကိုကျော်မင်းသိန်း၊အောင်မိုးတို.ဟာလည်း အတွေ.အကြုံရင်. ကစားသမားကောင်းတွေဖြစ်ပါတယ်။ အောင်မိုးဟာ 2010-2011 အီတလစီးရီးအေအမှတ်ပေးပြိုင်ပွဲရဲ့  တန်းဆင်းသွားတဲ့ ဆမ်ဒိုးရီးယားအသင်းကနေ BE FC အသင်းက အလွတ်ပြောင်းရွှေ.ကြေးဖြင်. ခေါ်ယူထားသူဖြစ်ပါတယ်။ ကွင်းလယ်အဖျက်ကစားနိုင်သလို တောင်ပံတိုက်စစ်ပါ လိုက်ပါကစားနိုင်သူဖြစ်ပါတယ်။ BE FC အသင်းရဲ့ ဒိတ်ဒိတ်ကျဲတိုက်စစ်မှုးတွေဖြစ်ကြတဲ့ ကိုဖြိုးဝေမြင့်၊အောင်ဇော်ထွန်းတို.ကလည်း MLN CUP Grand Royal 2009 ပြိုင်ပွဲမှာ ဂရမ်းတွေကို အ၀သောက်ပြီး အထူးခြေစွမ်းပြခဲ့ကြသူတွေဖြစ်ပါတယ်။ အလိမ်အခေါက်..အလည်.အပတ် ကစားပုံကတော့
စပိန်အသင်းနဲ့ ဘာစီလိုနာအသင်း ကစားကွက်ဖြစ်တဲ့ Tika_Tika လို.ခေါ်တဲ့ အတိုပေး အမြန်ရွှေ. (Pass & Move Mothed) ကို အကောင်အထည်ဖော်နေကြသူတွေဖြစ်ပါတယ်။ BE FC အသင်းဟာ BE ဆိုတာနဲ.အညီ အရက်သမားအများစုနဲ့ ဖွဲ.စည်းထားတာဖြစ်ပါတယ်။ (အသင်းသားအားလုံးမဟုတ်ပါ :P)
ကစားသမားတွေဟာ အရက်ကို ဘယ်လိုသောက်ရင် မူးတယ်ဆိုတာ သိသလို ဘောလုံးကစားရာမှာလည်း တစ်ဘက်အသင်းသားတွေ ဘယ်လိုမူးနောက်သွားအောင် လုပ်ရမယ်ဆိုတာ သိရှိနားလည်ပြီးဖြစ်ပါတယ်။
အတွေ.အကြုံရင့် ကစားသမားတွေနဲ.ဖွဲ.စည်းထားတာကြောင်. ဦးစားပေ(၂) အဖြစ်သတ်မှတ်ခံထားရတဲ့အသင်းလည်းဖြစ်ပါတယ်။  Genius FC အသင်းကတော့ အတွေ.အကြုံရင့် ကစားသမား အတော်နည်းပါတယ်။ အသက်အရွှယ်အားဖြင်.လည်း  AC Milan အသင်းလို ကမ္ဘာ. အသက်ကြီးဆုံး အသင်းဆိုပြီး တင်းစာခေါ်ဝေါ်ရင်လည်း မမှားနိုင်ပါဘူး… :D
Genius FC အသင်းရဲ့ အဓိက ကစားသမားနှစ်ယောက်ဖြစ်တဲ့ သိန်းမင်းထိုက်(ခ)ငါးကြီး နဲ့ ရဲရင့်ကိုကို(ခ) လူးဝစ် (ချယ်ဆီးလ်က လူးဝစ် (Not Me) နဲ.ဘာမှမဆိုင်ပါ) အချိတ်အဆက်မိမှာသာ အသင်းက အံဝင်မှာဖြစ်ပါတယ်။ ဂိုးသမားအဖြစ်တာဝန်ယူမယ်လို. သတင်းထွက်နေတဲ့ ကိုကိုလွင်(ခ)လေ၀က် ဟာလည်း အတော်လေး Speed နည်းသလို ကွင်းအတွင်းကစားပုံ  အနည်းငယ် လေးပါတယ်။ နောက်တန်းဗဟိုခံစစ်မှုးဖြစ်တဲ့ Greece ကလပ် POAK အသင်းက ယူရို (15) သန်းနဲ့ ၀ယ်ယူထားတဲ့ Genius FC အသင်းရဲ့ နောက်တန်း ကိုထွန်းထွန်းကျော်(ခ) ဖက်ကြီးဟာလည်း အသက်အရွှယ်အားဖြင်. ဘာစီလိုနာမှ ပူယိုးလ်.. ချယ်ဆီးလ်မှ တယ်ရီ…မန်ယူမှ ဖာဒီနန်တို.လို အကျပိုင်းကို ရောက်နေပါပီ။ ကွင်းလယ်ကစားသမားဖြစ်တဲ့
ကိုအောင်မျိုးထွန်း(ခ)လီဆူး ရဲ့ ခြေစွမ်းက အတော်လေးခန်.မှန်းရခက်ပါတယ်။ BE FC သာ ကွင်းကယ်စိုးမိုးသွားမယ်ဆိုရင် Genius FC အသင်း သေချာပေါက် ဂိုးပြတ်၇ှုံးနိမ်.မှာဖြစ်ပါတယ်။ အလယ်တန်းအဖျက်ဖြစ်တဲ့ ဝေယံအောင် နဲ့ ဟာလည်း ဘောလုံးလောကမှ အနားယူမလိုလို
ဖြစ်နေတာက ပြန်လည်ကစားလာတာဖြစ်တာကြောင့် ခြေစွမ်းက ခန်.မှန်းရခက်ပါတယ်။ Genius FC
အသင်းရဲ့ ဂိုးသွင်းစက်လို. တင်စားနေကြတဲ့ အထောင်တိုက်စစ်မှုး ကိုဇော်ရဲအောင်(ခ)ဇော်တောရက်စ် ရဲ့ခြေစွမ်းကလည်း ခန်.မှန်းလို.မရပါဘူး။ Genius FC အသင်းရဲ့ အဓိက Key – Player တွေဖြစ်တဲ့ အသင်းခေါင်းဆောင် သိန်းမင်းထိုက်(ဖလက်ချာသိန်း)… အသင်းသား ရဲရင့်ကိုကို အဲဒီနှစ်ယောက် အချိတ်အဆက်မိမှာသာ BE FC အသင်းကို သူတစ်ပြန် ကိုယ်တစ်ပြန် ကစားနိုင်မှာဖြစ်ပါတယ်။ အဲဒီနှစ်ယောက်သာ ခြေမပေါ်ရင်တော့ BE FC အသင်းရဲ့ ချယ်လှယ်စိုးမိုးမှုကို Genius FC အသင်းပြားပြားဝပ် နေမှာဖြစ်ပါတယ်။ Genius FC အသင်းက အသင်းခေါင်းဆောင်ကို မန်ချက်စတာယူနိုက်တက်အသင်းမှ တိုက်စစ်မှုး Rooney ကဲ့သို. Free-Role ကစားခိုင်းပြီး  လီဆူး(ခ)ကိုအောင်မျိုးထွန်းနဲ့လူးဝစ်ကို ကွင်းလယ်အဖျက်… ဖက်ကြီး(ခ)ကိုထွန်းထွန်းကျော် ဗဟိုခံစစ်မှုးအဖြစ်ထားပြီး တိုက်စစ်မှုးဖြစ်တဲ့ ကိုဇော်ရဲအောင်ကို အထောင်ထားပြီး Long-Ball (အမြင့်ဘော)တွေနဲ့ ကစားလာနိုင်ပါတယ်။ ဒီလိုဆိုရင် BE အသင်းက အရပ်အနည်းငယ် ပုသူတွေများတာကြောင့် အခက်တွေ.နိုင်ပါတယ်။  BE  FC အသင်းကတော့  ဂိုး၊ရှေ.၊လယ်၊နောက် မျှတတဲ့အတွက် ကြီးကြီးမားမား ပြဿနာမရှိနိုင်ပါဘူး။ ပွဲစဉ်(၃) ဖြစ်တဲ့ Genius FC နဲ့ BE FC တို.ပွဲရဲ့ထူးခြားချက်ကတော့ BE FC အသင်းခေါင်းဆောင် ရဲကြီးနဲ့ Genius FC အသင်းရဲ့ ကွင်းလယ်အဖျက် ဝေယံအောင် တို.ဟာ  အင်္ဂလန်အနောက်မြောက်ပိုင်းဒေသ မာဆေးဆိုဒ်အခြေစိုက် အဲဗာတန်လူငယ်ဘောလုံး ဖွုံု့ဖြိုးလေကျင့်ရေး သင်းတန်းကျောင်းမှာ အတူတူ တက်လာခဲ့တဲ့ စီးပွားဖက် ပါတနာတွေဖြစ်ပါတယ်လို. ၀ီလ်က အင်တာနက် Facebook နဲ့ Twitter စာမျက်နှာတွေပေါ်မှာဖွင့်ချထားပါတယ်။ ဆီဒင်သတ်မှတ်ချက် အဆင့်(၂) နဲ့ အဆင့်(၄)
တွေ.တာဖြစ်သလို ခါးသီတဲ့ ပြိုင်ဘက်တွေလည်းဖြစ်ပါတယ်။ Genius FC အသင်းက လူစာရင်းအရ
အင်အားနည်းပေမဲ့ စိတ်ဓတ်ပိုင်းမှာတော့ BE FC ထက်အနည်းငယ်သာပါတယ်။ ဒီပွဲရဲ့အဖြေက
Genius FC အသင်းရဲ့ KEY PLAYER နှစ်ယောက်အပေါ်မှာပဲ မူတည်ပါတယ်။ Genius FC အတွက် အမြင့်ဆုံးမျှော်မှန်းသင့်တာက သရေ (၁) မှတ်ပဲဖြစ်ပြီး….. BE FC အသင်းသာ ရှေ.၊လယ်၊နောက် အချိတ်အဆက်မိရင် ဂိုးပြတ် မပြတ်ကိုပဲ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။
                                                Post by JSF(Joint Strike Fighter)

"ပွဲစဉ်(၂) Need For Speed FC Vs MRB FC ပွဲစဉ်အားကြိုတင်ခန့်မှန်းခြင်း"

ဒီနှစ်သင်းက လူစာရင်းအရ ရှေ.၊လယ်၊နောက် အရမ်းကွာပါတယ်။ ဆီဒင်အဆင့်သတ်မှတ်ချက်မှာလည်း MRB က အဆင့် ၁ ဖြစ်ပါတယ်။ MRB ကအသင်းခေါင်းဆောင် ကိုကြည်ဇော်ကတော့ ဘရာဇီးက ဖေဘီယာနိုလို တစ်ဘက်သင်းကို အလဲလဲအကွဲကွဲဖြစ်အောင် ကစားနိုင်သူဖြစ်ပါတယ်. ကွင်းလယ်အဖြစ်ကစားနိုင်သလို ရှေ.တန်းလည်း ကစားနိုင်သူဖြစ်ပါတယ်။ ဘောလုံးဖျက်ထုတ်တာ ကြမ်းတမ်းသလို 2009နှစ် Kaluga Myanmar Summer Football Challenge Cup မှာ အ၀ါကဒ်တွေပြခံထားရသူဖြစ်ပါတယ်။ ဒီနှစ်မှာလည်း ပတ်လည် ၅ပွဲမှာ အနည်းဆုံး(2 )ကဒ် လောက်ထိနိုင်ပါတယ်။နောက်တန်းနှစ်ယောက်ဖြစ်ကြတဲ့ ကိုတင်ကြီး(တင်အေးကျော်)နဲ့ ကျော်သူအောင်တို.က ပရီးမီးယားလိဂ်က၀ါရင့်ကစားသမားတွေဖြစ်ပါတယ်။ ကိုတင်ကြီးကတော့ ဘောလုံးကိုနောက်တန်းကို လုံးဝ အရောက်မခံသူဖြစ်ပါတယ်။ ဘောလုံးသူဆီလာတာနဲ့ တစ်ချက်တည်းအပြင်းကန်တတ်သူဖြစ်ပါတယ်။ အဖျက်ကြမ်းချက်ကတော့ လီဗာပူးကနေ ဘာစီလိုနာကို ပြောင်းရွှေ.သွားတဲ့ အာဂျင်တီးနားကစားသမား မာရှေယာနိုနဲ့ နင်လားငါလားပါပဲ။
ကျော်သူအောင်ဟာလည်း ၀ါရင့်နောက်တန်းတစ်ယောက်ဖြစ်သလို ဥရောပပြိုင်ပွဲတော်တော်များများ ကစားဖူုးသူဖြစ်ပါတယ်။(ဖလားတော့မရပါ)။ MRBအတွက် နောက်တန်းဘယ်ဝင်းနဲ့ ရှေ.တန်းဘယ်ဝင်းထိပါ လိုက်ပါကစားမဲ့သူကတော့ အာကြီးက ဝေါ့ကောကိုခရေဇီဖြစ်ပီး ဝေါ့ကောကဲ့သို. အခုနောက်ပိုင်း ချစ်ကြည်ရေးပွဲတွေမှာ ဂိုးတွေမထင်သလို သွင်းယူနေတတ်တဲ့ ကိုထွေး(ကလစ်ချီထွေး)ဖြစ်ပါတယ်။ ဒီကစားသမားက ဘော်ဘီပေးခံရလျှင် အမြဲတမ်းစောဒက တက်ပါတယ်။ ရှေ.တန်းမှာတော့ ဒီမာရီယာလို ဂဏန်းပြေး ပြေးတဲ့ သိန်းလွင်ဦး(ခ) သိန်းသိန်း ကတော့ တစ်ဖက်နောက်တန်းတွေအတွက် လုံးဝ သတိထားစရာ တိုက်စစ်မှုးဖြစ်ပါတယ်။ သိန်းလွင်ဦးးဟာလည်း လက်ရှိ မြန်မာနေရှင်နယ်လိဂ် ဇေယျာရွှေမြေအသင်းကို မန်နေဂျာအဖြစ်ကိုင်တွယ်နေရာမှ နွေရာသီအပြောင်းရွှေ.ကာလမှာ
အသင်းပိုင်ငွေများအသုံးလက်လွန်ပြီး ရုရှားကလပ် CSCK Moscow အသင်းမှ
အာရှသား ဟွန်ဒါ အားအချောင်ရလိုရငြား လာရောက်ဆွေးနွေးရင်း
အဆင်မပြေသဖြင်. ဇေယျာရွှေမြေကိုမပြန်ရဲတော့ပဲ ရုရှားနိုင်ငံတွင်အခြေချမည်ဟုဆုံးဖြတ်ကာအလွှတ်စာချုပ်ဖြင်. နည်းပြဘ၀မှ ကစားသမားဘ၀ပြောင်းကာ MRB အသင်းတွင် တပါတ်လုပ်ခ ရုဘယ် (၁၅၀၀)ဖြင်. လာရောက်ကစားပေးနေကြောင်း
ရုရှားဝန်ကြီးချုပ် В. Путин မှ MRTV-3 သို.ပြောကြားခဲ.ပါတယ်။ နောက်တန်း၊အလယ်တန်း၊ရှေ.တန်းဝင်းပါကစားနိုင်တဲ့ ဖြိုးဇော်ကို နေပြည်တော် FC အသင်းကနေ MRB အသင်းက ယူရို(1) သန်းနဲ့ အချိုအချောင်ရလိုက်တာဟာ MRB အတွက် ကျေနပ်စရာပါ။ MRB အသင်းရဲ့ အဓိက ကစားသမားလို.ပြောနိုင်တဲ့ ဂိုးသမားဖြစ်တဲ့ အာဆယ်နယ် အယ်မူယာနီလိုတင်စားခံရတဲ့ အယ်မူတောက်(ဆရာတောက်) ဟာ 2009 Kaluga Myanmar Summer Football Challenge Cup မှာ ပေးဂိုးအများဆုံး (အနည်းဆုံးမဟုတ်ပါ)ဂိုးသမားအဖြစ်မှတ်တမ်းတင်ထားနိုင်သူဖြစ်ပါတယ်။ NFS FC အသင်းကတော့ ၀ါရင့်ကစားသမားတွေရှိနေပေမယ့် MRB အသင်းလို ရှေ.လယ်နောက် မမျှတပါဘူး။ နောက်တန်း အားနည်းသလို… ရှေ.တန်းမှာလည်း  ရွန်းညီလိုသာတင်စားနေပေမယ့် ရွန်နီလို အပြေးမမြန်တဲ့ ညီညီအောင် က တိုက်စစ်မှုးဖြစ်ပါတယ်။ ကွင်းလယ်မှာ ကစားမဲ့ ဒီအသင်းရဲ.ခေါင်းဆောင်
ကိုဥာဏ်ကြီး(N.P.Messi) ဟာဆိုရင် ၀ါရင်.တိုက်စစ်မှုးတစ်ယောက်ဖြစ်သလို ယခုလက်ရှိ စပိန်လာလီဂါ
ရီးရဲမက်ဒရစ် ဥက္ကဠပီးရက်(စ်) ရဲ. ဘောလုံးကြယ်စင်စု အကောင်အထည်ဖော်ရေးမှာ
C.Ronaldo၊ KaKa၊ Ozil၊Dimaria တို.နဲ.အတူ စပိန်လာလီဂါ ရီးရဲမက်ဒရစ်မှာခြေစွမ်းပြနေကြတဲ့ ကစားသမားနည်းပါးလောက်စွမ်းရည် ရှိပါတယ်။ နောက်တန်းခံစစ်မှုးကတော့ မြန်မာ့တပ်မတော်(လေ) လက်ရွှေးစင်အသင်းက အလွတ်ပြောင်းရွှေ.ကြေးဖြင့်ခေါ်ယူုထားတဲ့ နောက်တန်းမှာဆိုရင် တိုးမပေါက်နိုင်အောင် တစ်ဘက်အသင်း ရှေ့ တန်းတိုက်စစ်မှူးတွေကို အဟန့် အတားဖြစ်စေမယ့် ဆိုးကမ်းဘဲလ်ကဲသို့  မဲမဲပြောင်ပြောင် (ဘောလုံးကို မနားတမ်း သဲသဲမည်းမည်းဖျက်၍ ပြောင်ပြောင်တင်းတင်း ခံစစ်ဆင်) တတ်တဲ့ ဇင်လင်းဦး(လေ၀က်-၂) ရှိတဲ့အတွက်လည်း အားတက်စရာပါ။ ဒီသင်းမှာ ဂိုးသမားသတ်မှတ်ခြင်း မရှိပဲ ကြုံသလို ဖမ်းမည်ဟု နည်းပြမှ သတင်းစာရှင်းလင်းပွဲတွင်ပြောထားသောကြောင့် MRB အတွက် အခွင်.အရေးတစ်ရပ်ဖြစ်ပါတယ်။ NFS FC ရဲ့ကွင်းလယ်တာဝန်ယူမဲ့ ကိုမင်းသော်ထွန်း(ရာမီးရက်) ကလည်း ခေသူတစ်ယောက်မဟုတ်ပါဘူး။ ချယ်ဆီးလ်က ရာမီးရက်လို အဖျက်ကြမ်းပီး အ၀ါပြခံရဖို.များပါတယ်။ ‘ဘန့် တနာလို ဆိုဒ်ပိနေပေမဲ့ အိုရှေးလို စွယ်စုံရပြီး Skill မခေလှတဲ့ ရန်နိုင်ထွန်းဟာ ဆိုရင်လည်း ခြေစွမ်းပြနိုင်လိမ့်မယ်လို့  ယုံကြည်ပါတယ်။’ ဟု အသင်းခေါင်းဆောင် ကိုဥာဏ်ကြီးကလည်း မနက်က သတင်းစာရှင်းလင်းပွဲမှာ ချီးမွမ်းခန်းဖွင်.သွားပါတယ်။ NFS FC ရဲ့ ဂျိုကာလေးတွေဖြစ်ကြတဲ့ (လိုရာသုံး) စိုင်းလေး(စိုင်းသက်အောင်)နဲ့ ကောင်းကြီး(ကောင်းမြတ်စိုး) တို.ကိုလည်း
လျှော့တွက်လို.တော့မရပါဘူး။ ဘာဖြစ်လို.လဲဆိုတော့ မော်ဒယ်လ်မြင်.ပြီး ဈေးကြီးလို.ပါ။ :D
Kaluga Myanmar Summer Football Challenge Cup ပြိုင်ပွဲရဲ့ ဗိုလ်စွဲရန်ရေးပန်းစားမှုအဆင့်(၁)နဲ့ နောက်ဆုံးအဆင့်(၆) တွေ.ကြတာဖြစ်ပါတယ်။ ဒီပွဲရဲ့အဖြေက မရွှေးရသေးတဲ့ NFS FC ဂိုးသမားပေါ်မှာ အနည်းငယ်မူတည်နေပါတယ်။ ကိုဥာဏ်၊ဇင်လင်းဦး၊ရွန်းညီ၊ရာမီးရက်အတွဲက ထိပ်တန်းအဆင့်ဆိုပေမဲ့ နောက်တန်းက အတော်လေးအားနည်းနေပါတယ်။ ဒီအခွင်.ရေးကို MRB က အသုံးချမယ်ဆိုရင်အဖိုးတန်(3)မှတ်ကို ရမှာဖြစ်ပါတယ်။ MRB က ဖြိုးဇော်၊ဖေဘီယာနို၊ကလစ်ထွေး၊ဒီမာရီယာတို.ကို ထိန်းချုပ်နိုင်မယ်ဆိုရင် NFS FC အတွက် အမှတ်ရမှာ ကျိန်းသေပါတယ်။ ဒီပွဲအဖြေကတော့ NFS FC အတွက် အမြင့်ဆုံး သရေပဲ မျှော်မှန်းသင့်ပါတယ်။ ယခုလက်ရှိကျင်းပနေတဲ့ ကိုပါအမေရိကပြိုင်ပွဲလို မထင်မှတ်တဲ့ရလဒ်လည်းဖြစ်ပေါ်နိုင်ပါတယ်။
                                                Post by JSF(Joint Strike Fighter)

"ပွဲစဉ်(၁) Red Devil FC Vs Soccer King FC ပွဲစဉ်အားကြိုတင်ခန့်မှန်းခြင်း"

ဒီနှစ်သင်းဟာ ထိပ်တိုက်တွေ.ဆုံမှု လုံးဝမရှိသေးပါဘူး… ဘာဖြစ်လို.လဲဆိုတော့ အခုမှစတွေ.ကြလို.ပဲဖြစ်ပါတယ်…ဒီနှစ်သင်းရဲ့ ကစားသမားစာရင်းအရ Red Devil FC အသင်းက
နှာတစ်ဖျားသာတယ်လို.ဆိုရမှာဖြစ်ပါတယ်။ ဗိုလ်စွဲရန်ရေပန်းစားမှုမှာလည်း Red Devil FC က အဆင့်(3)မှာရှိပြီး Soccer King FC ကတော့ လူစာရင်းအရအဆင့်(5)မှာရှိပါတယ်။ Red Devil FC အသင်းရဲ့အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူထားတဲ့ ဖားကြီးကလည်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဗဟိုခံစစ်မှုးဖြစ်တဲ့ ဖာဒီနန်နဲ့ နင်လား ငါလားပါပဲ။ ဗဟိုခံစစ်မှုးပီပီဘယ်လောက် အကြမ်းအတမ်းဖျက်ထုတ်သလိုဆိုရင် အမြဲတမ်း ကွင်းထဲမှာ မှောက်လဲလို. ဒူးမှာ အမာရွှတ်တွေ စီတန်းနေပါတယ်။ ဒ့ါအပြင် နောက်တန်းကော အလယ်တန်းအဖျက်ပါ ကစားနိုင်တဲ့ ရွာသား(ခ) စိုးလင်းဦးဟာဆိုရင်လည်း မကွေးတိုင်း၊ပွင်.ဖြူမြို.နယ်၊ဆည်တော် ကျေးရွာလက်ရွေးစင်ဖြစ်သလို မန်ယူအသင်းက အာရှသား ပတ်ဂျီဆန်လို ကွင်းလယ်မှာ အမွှေအနှောက် အင်မတန်ကောင်းပါတယ်။ စလိုက်ပြစ်တာကတော့ ဒီကစားသမားကို ဘယ်သူမှ မမှီပါဘူး။ တစ်သက်အသင်းသားများ ဒူးမပြဲချင်လျှင်
သူကိုရှောင်တိမ်းဖို.လိုအပ်ပါမယ်။ ဒီကစားသမားကိုလည်း မန်ယူနည်းပြ ဖာဂီကြီးက သူ.အသင်းရဲ့ လစ်လပ်သွားတဲ့ ၀ါရင့်ကွင်းလယ်လူပေါ့စခိုးလ်နေရာ အစားထိုးဖို. ပြောင်းရွှေ.ကြေး ယူရို(4) သန်း
တစ်ပတ်လုပ်ခ ပေါင်(2သိန်းခွဲ) စီရော်နယ်ဒိုလစာနည်းပါးပေးတာတောင် ငြင်းဆန်နေသူဖြစ်ပါတယ်။
ရှေ.တန်းတိုက်စစ်မှုးဖြစ်တဲ့ ကျော်ဇေ (Ka Zay)ဟာဆိုရင်လည်း လူကောင်သေးသလောက် အဆိပ်ပြင်းပါတယ်။
လူကောင်သေးပြီး ပေါ့ပါးသွက်လက်ပြီး တစ်ဖက်နောက်တန်းတွေကို ဖ၇ိုဖရဲဖြစ်တတ်အောင်လုပ်တတ်ပြီး
အမြဲတမ်းလူကျွှံနေတတ်ပါတယ်။ Red Devil FC အသင်းရဲ.နောက်ထပ်တိုက်စစ်မှုးတစ်ယောက်ဖြစ်တဲ့ နည်းပညာဝန်းကြီးဌာနရဲ့  လက်ရွေးစင်ဖြစ်တဲ့ ကိုစိုးနေလင်းအောင် ကလည်း အသက်အရွှယ်အကျပိုင်းရောက်နေသော်လည်း မန်ယူက မိုက်ကယ်အိုဝင်လည်း အဆုံးသတ်သေချာတဲ့ တိုက်စစ်မှုးတစ်ယောက်ဖြစ်ပါတယ်။ ဗဟိုခံစစ်မှုးတွေဖြစ်ကြတဲ့ ကျော်ဇောမောင်.. ကိုမျိုးပိုင်ဆက်တို. အတွဲဟာလည်း မန်ချက်စတာယူနိုက်တက် အသင်းက လူငယ်တွေဖြစ်ကြတဲ့ စမောလင်းနဲ့ အီဗန်. အတွဲနဲ.
ထူးမခြားနားပါပဲ.. ဒီနောက်တန်းနှစ်ယောက်ကို ကျော်ဖြတ်ပြီး ဂိုးသွင်းဖို.ဆိုရင် တစ်ဖက်အသင်းက တိုက်စစ်မှုးတွေဟာ မက်ဆီလို အလိမ်အခေါက်ကျွမ်းမှ ဖြစ်နိုင်ပါမယ်… သို.မဟုတ်လျှင် ကိုမျိုးပိုင်ဆက်
တစ်ချက်လူကာပြီး ဘော်ဒီပေးလျှင် တိုက်စစ်မှုး ပြစ်လှဲသွားနိုင်ပါတယ်။ ဂိုးသမားဖြစ်တဲ့ စည်သူအောင်ဟာလည်း စပါးအသင်းက ဂိုးမက်စ်လို Own Goal အမြဲတမ်းဖြစ်တတ်ပေမဲ့ တော်ရုံတန်ရုံ ကန်ချက်တွေကိုတော့ အသာလေး ဖမ်းနိုင်ပါတယ်။ Soccer King FC အသင်းကတော့ အသင်းရဲ့ အဓိက Key Player တွေဖြစ်တဲ့ ကိုညီ နဲ့ ရော်နယ်ရွှေတို. အတွဲ အချိတ်အဆက်မိမှ ကစားကွက်ကျနိုင်ပါတယ်.. အဲဒီနှစ်ယောက်သာ အချိတ်အဆက်မမိဘူးဆိုရင် တစ်ဘက်အသင်းရဲ့ ချယ်လှယ်စိုးမိုးမှုကို ကျိန်းသေးပေါက် ခံရမှာပဲဖြစ်ပါတယ်။ ကိုညီဟာဆိုရင်လည်း အာဆင်နယ်အသင်းက နာဆရီလို ကွင်းလယ်အသားစီးကောင်းသလို ရော်နယ်ရွှေကလည်း စီရော်နယ်ဒိုလ်နဲ့ ဘာမှမဆိုင်ပါဘူး။ သူ.စတိုလ်တွေ လိုက်ခိုးထားတာပါ :D  နောက်တန်းခံစစ်မှုးဖြစ်တဲ့ သိန်းဒီနန်ကလည်း MLN CUP Grand Royal 2009 ချန်ပီယံရတနာပုံအသင်းနဲ့ အတူအရန်ထိုင်ခုံမှာ ထိုင်ပြီးခြေစွမ်း ပြလာတဲ့ နောက်တန်းခံစစ်မှုးတစ်ယောက်ဖြစ်ပါတယ်။ နောက်တန်းယောင်ယောင် အလယ်တန်းယောင်ယောင် အောင်ပြည်.စုံ(ခ)အဒီဘယောဟာလည်း လျှော.တွက်လို.မရတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်… အာဆင်နယ်ကနေ မန်စီးတီး… မန်းစီးတီးကနေ ရီးရဲမက်ဒရစ် အဲဒီလို အသင်းတည်ငြိမ်မှုမရှိပဲ ခိုကိုးရာမဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်လို. Soccer King FC အသင်းနည်းပြက ထမင်းကျွေးနေစ၇ာပေးပီး တစ်ပတ်လုပ်ခ ရူဘယ်(500)နဲ. ၆ လ စာချုပ် ချုပ်ဆိုးထားသူဖြစ်ပါတယ်။ နောက်တန်းနောက်တစ်ယောက်ဖြစ်တဲ့ ကိုတင်ကိုကိုဝင်းဟာလည်း ယမန်နှစ်ချစ်ကြည်ရေးပွဲမှာ အာဆင်နယ်က ရမ်းဆေးလို ဒဏ်ရာအပြင်းထန်ရပီး ကျောက်ပတ်တီးကိုင်ခံရပီး  1နှစ်နီးပါ အနားယူနေသူဖြစ်ပါတယ်။ ဒီနှစ် Kaluga Myanmar Summer Football Challenge Cup မှာ ပုံမှန်းခြေစွမ်းပြန်လည်ရယူဖို. ကြိုးစားနေသူဖြစ်ပါတယ်။ကွင်းလယ်အဖျက်နဲ့ ရှေ.တန်းပါကစားနိုင်တဲ့ မက်ဆီရဲ(ရဲထွန်းမင်း) ကတော့ မက်ဆီလို အလိမ်အခေါက်ကျွမ်းပါတယ်။ သို.ပေမဲ့ ဘော်ဒီတိုင်လျှင် တစ်ထိုင်တည်း လှဲကျသွားတတ်ပါတယ်။မန်စီးတီးက ဂိုးသမားဖြစ်တဲ့ ဂျိုးဟတ်လို.တင်စားနေတဲ့ ရဲဘုန်းဟတ်(ရဲဘုန်းကျော်)ကတော့ ဒီနှစ်မှ စတင်ဂိုးဖမ်းမဲ့သြူုဖစ်သလို မန်ယူက ဘုန်းတစ်ဂိုးရှင်ဖြစ်တဲ့
ကတ်ဇတ်လိုတော့ ဖြစ်မယ်မထင်ပါဘူးခင်ဗျာ… ဘယ်လိုဖြစ်စေကာမူ Kaluga Myanmar Summer Football Challenge Cup ရဲ့ ဖွင်.ပွဲဖြစ်တာနဲ့အညီ ကစားသမားစာရင်းအရ တူညီမှုရှိနေတာကြောင်. အကျိတ်အနယ်ဖြစ်မှာ သေချာပါတယ်… Soccer King FC အသင်းက ညီကာမိုဒရစ်နဲ့ စီရော်နယ်ရွှေ အချိတ်အဆက်မိဖို.လိုသလို တစ်ဘက်အသင်းက ရွာသား၊ကျော်ဇေ၊ဖားကြီး တို.အတွဲကိုလည်း
သိန်းဒီနန်နဲ့ အဒီဘာယောတို. ထိန်းချုပ်နိုင်ဖို.လိုအပ်ပါတယ်။ Red Devil FC ဂိုးသမားက အတွေ.အကြုံအနည်းငယ်ရှိပြီး Soccer King FC ကတော့ လူငယ်လက်သစ် ဂိုးသမားပဲဖြစ်ပါတယ်။ ရွာသား၊ကျော်ဇေ၊ဖားကြီး တို.အတွဲ ရုန်းအားကောင်းလျှင် ကျိန်းသေပေါက် ဂိုး၇မှာဖြစ်ပါတယ်။ Soccer King FC ကအသင်းခံစစ်ပိတ်ကစားပြီး ရော်နယ်ရွှေ(သို.)ညီကာမိုဒရစ်ကို အထောင်ထားပြီး Counter နဲ့ ကစားနိုင်ပါတယ်။ ဒီပွဲအဖြေကတော့ သရေ(သို.မဟုတ်) Red Devil FC ကပ်နိုင်ပါလိမ့်မယ်။
                                     Post by JSF(Joint Strike Fighter)

"Red Devil FC"

ကျွန်တော်တို့  “ Red Devil FC “  ကတော့ သရဲနီပရိတ်သတ်အများစုနဲ့ ဖွဲ့စည်းထားတဲ့အသင်းဖြစ်ပါတယ်။ ဂိုးသမားအနေနဲ့ကတော့  ပြီးခဲ့တဲ့ မူကြိုကျောင်းပေါင်းစုံဖလားပြိုင်ပွဲမှာ လက်စွမ်းပြခဲ့တဲ့  ဒီဂီစည်(စည်သူအောင်) ဖြစ်ပါတယ်။ သူကလည်း အမေရိကန်ဂိုးသမလေး ဟုတ်ဆိုလိုနဲ့တောင် ညှိနေတယ်လို့ နာမည်ကြီးသတင်းစာ The Sun က မနေ့ကသတင်းတစ်ပုဒ်မှာ ဖော်ပြသွားပါတယ်။ (ဟိုကောင်ဘာတွေသွားလုပ်ပြလို့ ဟိုက ပါးရိုက်မယ်ဘာမယ် ဖြစ်ကျတာလား မသိပါဘူး) ။ Center back အဖြစ်ကစားမဲ့သူကတော့  ဘုန်းတော်ကြီးကျောင်းပေါင်းစုံဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ အစွမ်းပြခဲ့တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲကို ကျွန်တော်က ကိစ္စတစ်ခုနဲ့ (အိမ်သာသွားတက်နေတာပါ) အပြင်ရောက်နေလို့ မကြည့်လိုက်ရပါဘူး။ ဒါပေမယ့် ကျွန်တော်ထင်ပါတယ် မိုးဦးကျမှာ ပြိုင်ပွဲက ကျင်းပတာဆိုတော့ သူက အရမ်းခြေစွမ်းပြမယ်ထင်ပါတယ် (ဖားကြီးဆိုတော့လေ )။ သူကတော့  ကျွန်တော်တို့အသင်းခေါင်းဆောင် ဖားကြီး(ဥက္ကာမင်း) ဖြစ်ပါတယ်။ ဘယ်နောက်ခံလူအနေနဲ့ကတော့   အသင်းရဲ့လူငယ်ခြေတက်ကစားသမားထဲက ကျော်ကြီး(ကျော်ဇောမောင်)ကို နည်းပြက ပထမအသင်းကနေ ခေါ်ယူလာခဲ့တာ ဖြစ်ပါတယ်။ သူရဲ့အရပ်အမောင်းနဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုက အမြင်ဘောတွေ ရှင်းထုတ်ရာမှာ ကျွမ်းကျင်ပြီး မာမာထန်ထန်ကစားနိုင်ပါတယ်။ ဘယ်နောက်ခံလူနေရာမှာ အားနည်းနေတဲ့ လီဗာပူးလ်နဲ့ ကလစ်ချီကို ထုတ်ရောင်းထားတဲ့ အာကြီးတို့က ကမ်းလှမ်းတာကို နည်းပြက တူလားတန်လား(နင်ပဲငဆ) ပြောပြီး ငြင်းပယ်ထားပါတယ်။ ညာနောက်ခံလူကတော့  ပြီးခဲ့တဲ့အရက်သမားဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ အကောင်းဆုံးကစားသမားဆုရခဲ့တဲ့  ရာဖေးလ်ဆက်(ကိုမျိုးပိုင်ဆက်) ဖြစ်ပါတယ်။ ရာဖေးလ်ဆက် ဆိုတဲ့ အမည်က သူနဲ့ကစားပေါက်တူ ခန္ဓာကိုယ်အချိုးအစား မတိမ်းမယိမ်းနဲ့ လျင်မြန်ပုံချင်းပါ ခွဲမရအောင်တူလို့ ကျွန်တော်ကိုယ်တိုင်ပေးထားတာပါ။ သူ့ကိုတော့  “ BE FC “ က အောင်ဇော်ထွန်း နှဲ့” Soccer King FC “ က ဂိုးသမား ရဲဘုန်းကျော်တို့က သူတို့နည်းပြတွေကို အရခေါ်ပေးဖို့တောင်းဆိုတဲ့ကြားထဲကနေ ကျွန်တော်တို့ နည်းပြကြီးက ရာဖေးလ်ဆက်ကို မက်လောက်တဲ့အလုံးကြီး ပေးပြီးတော့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂိုးသမား ရဲဘုန်းကျော် ၊ အောင်ဇော်ထွန်းနဲ့ ရာဖေးလ်ဆက်တို့ဟာ  ပြီးခဲ့တဲ့နှစ်က လည်းကူးပေါင်းနားက ကိုဝင်းမြထန်းတောမှာ လှည်းနဲ့ထမင်းထုပ်တွေနဲ့သွားပြီး အတွဲညီညီခြေစွမ်းပြခဲ့ကျတာဖြစ်ပါတယ်။ ကွင်းလယ်ကစားသမားကတော့  ကောင်မလေးက ပြေတီဦးနဲ့တူတယ်ပြောလွန်းလို့ ဂတုံး တုံးပြီး ရူပါချတာတောင် အဆင်မပြေသေးတဲ့ အင်နီယေစတာ ဖြစ်ပါတယ် (နာမည်တော့ မပြောတော့ဘူး အကုန်လုံးသိတယ် )။ သူကလည်းသူပဲလေ အသားလေးကမဆိုသလောက်လေး ညိုစိမ့်စိမ့်လေးဖြစ်နေတာကိုက အဲဒီအကောင် ပြေတီဦးနဲ့ လိမ့်တူနေတာထင်ပါတယ် ။ သူ့ရဲ့အဓိက၀င်ငွေက လစာမဟုတ်ပါဘူး ပုံရိပ်အသုံးပြုခပဲ အဓိကဖြစ်ပါတယ် ။ သူကတော့ မိသားစုတွင်းချစ်ကြည်ရေးဘောလုံးပြိုင်ပွဲမှာ ပြိုင်ဘက်မရှိ အကောင်းဆုံးကစားသမားဆုကို ထိုက်ထိုက်တန်တန်ရခဲ့တာ ဖြစ်ပါတယ် ။ (အိမ်မှာက ဘောလုံးကန်တတ်တာ တစ်ယောက်ပဲရှိတာကိုး)။ အဲဒီပြိုင်ပွဲရဲ့ အထွန်းတောက်ဆုံး ပါရမီအရှိဆုံးကစားသမားဆိုပြီးတော့လည်း သူ့အဖေနဲ့အမေက သူတို့ဘာသာ မှတ်ချက်ပေးသွားပါတယ် ။  ရှေ့တန်းနဲ့အလယ်တန်းကြားက ခြေစွမ်းပြမဲ့ ကစားသမားကတော့  ကာဇေ (သူကိုယ့်သူ ကာကာနဲ့တူတယ်ပြောတာ) ကျော်ဇေဖြစ်ပါတယ်။ သူကိုတော့ အသင်းခေါင်းဆောင် တော်တော်များများက ရွာက ကွမ်းတောင်ကိုင်များထင်နေကျလား မသိဘူး လုလိုက်ကျတာကို ပြောမနေနဲ့ နောက်ဆုံးတော့ ကစားသမားက ငွေရေးကြေးရေးက အဓိက မဟုတ်ပါဘူး အရုပ်ကအဓိက(နိုင်ရင် အရုပ်ရမှာလေ) ဆိုပြီး ကျွန်တော်တို့အသင်းကို အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထန်းကောက်ဖာလေး ခေါင်းပေါ်ရွက်ပြီး ပြောင်းရွေ့ကြေး (စတာလင်ပေါင် သန်း (၃) ကောင် ) နဲ့ ပြောင်းရွေ့လာတာဖြစ်ပါတယ်။ သူရဲ့စွမ်းဆောင်မှုနဲ့အသင်းအောင်မြင်မှုအလိုက် (ကြမ်းပိုး (၂) ကောင်) ထပ်ဆောင်းပေးဖို့လည်း သဘောတူစာချုပ်ထားပါတယ်။ ရှေ့တန်းတိုက်စစ်မှူးအဖြစ် ပါဝင်အသုံးတော်ခံပေးမှာကတော့ ကျွန်တော်တို့ မေဂျာက စိုးနေမာအောင်(ကိုစိုးနေလင်းအောင်) ဖြစ်ပါတယ်။ သူ့ကိုယ်သူတော့ ဘရာဇီးလ်တိုက်စစ်မှူးလေး နေမာလက်သစ်လို့ ညွှန်းနေတာပါပဲ။ ကျွန်တော်ထင်ပါတယ် နောက်ဘ၀လောက်တော့ ဖြစ်နိုင်ပါတယ်။ ဟုတ်တယ်လေ နေမာဆိုတာက သူမူကြိုတုန်းက အ၀ှာလုပ်တန်းကစားတုန်းကတာ အ၀ှာဖြစ်ခဲ့ရင် သူသားအကြီးဆုံးလောက်ပဲ ရှိအုံးမှာကို သူကလက်သစ်လုပ်နေသေးတယ်။ သူကလည်း ဟိုတုန်းကတော့ တကယ့်ဒိတ်ဒိတ်ကျဲ တိုက်စစ်မှူးတစ်ယောက်ပါပဲ။ အခုအချိန်မှာလည်း သူ့ရဲ့အချိန်ကိုက် လှုပ်ရှားနိုင်မှု နေရာယူတတ်မှု(စာသင်ရင်နောက်ဆုံးတန်းကို ပြေးပြေးယူတာ) တွေက တစ်ဖက်နောက်တန်းတွေက အမြင်ကတ်စေမှာ အသေအချာပါပဲ။ သူကလည်း အသင်းနဲ့သောကြာနေ့မှ ပြောင်းရွေ့ကြေး လစာကိစ္စတွေ ညှိနှိုင်းပြီး မနေ့ကပဲ မော်စကိုကနေ အမြန်လှည်းနဲ့ ဆေးစစ်မှုခံယူပြီး လက်မှတ်ထိုးသွားတာ ဖြစ်ပါတယ်။ အခုလို လူငယ်ကစားသမားတွေနဲ့ဝါရင့်ကစားသမားတွေ ပေါင်းစပ်ပြီး ညီညီညာညာ(ဟိုဘက်က ကိုပိုင်ဆက် ဗိုက်နည်းနည်းထွက်နေတယ် - နောက်ဆုတ်) စုစုစည်းစည်း ကစားသွားကျမှာပါပဲ။ ကျွန်တော်တို့အသင်း အရုပ်ရဖို့ကိုလည်း ကစားသမားတွေအားလုံး အားသွန်ခွန်စိုက် ကြိုးစားသွားမယ်လို့  နည်းပြကြီးက ဆည်တော်သတင်းဌာနကို ပြောပြသွားပါတယ်။။။။။။။။။။။။                       
                                                                                                          စိုးလင်းဦး