အသင်းပွဲနိုင်သရေရှုံး ရဂိုး ပေးဂိုး ဂိုးကွာခြားချက် ရမှတ်
Zippy FC
Fighter FC
Need For Speed FC
R Young Star FC -၂
B.E FC -၂

"ပွဲစဉ်(၇) Need For Speed FC Vs BE FC ပွဲစဉ်အားကြိုတင်ခန့်မှန်းခြင်း"


(၂၉.၇.၂၀၁၁) ရက်နေ့ ညနေ(၆-၃၀)မိနစ် စပိန်နိုင်ငံ ဘာစီလိုနာမြို. ဘာစီလိုနာအသင်းရဲ့ နူးကမ့်(Nou Camp Stadium) ကွင်းမှာကန်မယ့် ဒီနှစ်သင်းကတော့ NFS FC အသင်းက ၂ ပွဲကန် ၁ပွဲနိုင် ၁ပွဲသရေ ရမှတ်(၄)မှတ်ဖြင့်  2011 Kaluga Myanmar Summer Football Challenge Cup အမှတ်ပေးပြိုင်ပွဲရဲ့ ဇယားထိပ်ဆုံးမှာဦးဆောင်နေတာဖြစ်ပြီး BE FC အသင်းကတော့ ၂ပွဲကန် ၁ပွဲသရေ ၁ပွဲရှုံးဖြင့် ရမှတ်(၁)မှတ်ဖြင့် ဇယားအဆင့်(၅) မှာရပ်တည်နေတာဖြစ်ပါတယ်။ NFS FC အသင်းက ပွဲစဉ်(၄) ဖြစ်တဲ့ Soccer King FC ပွဲစဉ်မှာ အသင်းရဲ့ အားထားရတဲ့ ကွင်းလယ်တိုက်စစ်မှုး N.P.Messi သက်လုံကျနေသလိုရှေ.တန်းတိုက်စစ်မှုး ညီညီအောင်(ရွှန်ညီ) အပိုင်အခွင့်အရေးတွေကို ပိုင်နိုင်စွာ အသုံးမချနိုင်ခဲ့လို. သရေ(၁) မှတ်ပဲ ရလိုက်တာဖြစ်ပါတယ်။ နောက်တန်းဖြစ်တဲ့ ကောင်းမြတ်စိုး(ကောင်းကြီး) ဟာလည်း ပွဲစဉ်(၄)မှာ ဒုတိယပိုင်း သိသာစွာ ခြေစွမ်းကျဆင်းလာပြီး တစ်ဖက်အသင်းရဲ့ ထိုးဖောက် တိုက်စစ်ဆင်မှုတွေကို ဟန်.တားနိုင်စွမ်းမရှိခဲ့ပါဘူး။ ကောင်းကြီးက “ကျနော်တို.အသင်း ဒုတိယပိုင်းမှာ ခံစစ်နီးပါးဖြစ်ခဲ့ပါတယ်။ ကျနော် သက်လုံကျပြီးခြေစွမ်းမပေါ်သလို ကျနော်တို.အသင်းရဲ့ အဓိက အားထားရတဲ့ အသင်းခေါင်းဆောင်ဖြစ်တဲ့ ကွင်းလယ်တိုက်စစ် N.P.Messi ပွဲစဉ်(၂)မှာတုန်းကလို ထင်သလောက်ခြေစွမ်း မပြခဲ့ပါဘူး။ ပွဲစဉ်(၄) ဖြစ်တဲ့ BE FC နဲ့ပွဲမှာတော့ ကျနော်တို.အသင်းသားတွေ နားရက်(၂)ရက်ရရှိထားပြီး.. အနိုင်ရရှိအောင် အစွမ်းကုန် ကြိုးစားသွားပါမယ်လို. ”   Need For Speed FC   အသင်းရဲ့လေ့ကျင့်ရေးကွင်းဖြစ်တဲ့  ကလတ်တန်ကွင်းမှာ NFS FC အသင်းရဲ့ အမာခံအသည်းစွဲ ပရိသတ်တွေဖြစ်ကြတဲ့ နာမည်ကြီးမော်ဒယ်လ်မလေးများဖြစ်ကြတဲ့ ၀ါဆိုမိုးဦး၊သဉ္စာနွယ်ဝင်း၊ အေးမြတ်သူ၊စံရတီမိုးမြင့်၊မိုးယုစံ တို.ကို ပြောဆိုသွားခဲ့ပါတယ်။ NFS FC အသင်းရဲ့ နောက်တန်းကော ဘယ်ဝင်းပါဖြန်.ကျက်ကစားနိုင်တဲ့ ကိုမင်းသော်ထွန်(ရာမီးရက်) ကတော့ “ကျနော်တို.အသင်း ၂ ပွဲကန် ၄ မှတ်နဲ့ ဇယားထိပ်ဆုံးမှာရပ်တည်နေရူံနဲ့ ကျေနပ်နေမှာမဟုတ်ပါဘူး။ အသင်းတိုင်းကိုလျှော့တွက်လို. မရတဲ့အတွက်နောက်ဆုံးပွဲစဉ်ထိ ရေကုန်ရေခန်းကြိုးစားသွားပါ့မယ်လို.” မြ၀တီရုပ်မြင်သံကြား သတင်းတင်ဆက်သူ စောကလျာဦးကို ဒီမနက်မှာ ပြုလုပ်ခဲ့တဲ့ ပွဲစဉ်(၇)အကြို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ NFS FC အသင်းရဲ့ နောက်တန်းဗဟိုခံစစ်မှုးဖြစ်တဲ့ ဇင်လင်ဦး(ဆိုးကမ်းဘဲ) နဲ့ နောက်တန်းညာစွန်ခံစစ်မှုးဖြစ်တဲ့ စိုင်းသက်အောင်(စိုင်လေး)တို.ကတော့ ပွဲစဉ်(၄) ပြီးကတည်းက နားရက်(၂)ရက်ရတာကြောင့် အသင်းနှင့်အတူ လေ့ကျင့်ခန်းမဆင်းပဲ အသင်းနည်းပြဖြစ်တဲ့ မစ္စတာတောက်ရူးဆီမှာ ခွင့်တောင်းပြီး မြန်မာနာမည်ကြီး ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်များဖြစ်ကြတဲ့ ပြေတီဦးနဲ့ အိနြာကျော်ဇင်တို့ မင်္ဂလာဆောင်အပြီး ဟန်နီးမွန်းထွက်ခဲ့ကြတဲ့ အင်ဒိုးနီးရှားနိုင်ငံ၊ဘာလီကျွန်းမှာ Star & Model Agency မှ မော်ဒလ်မလေးများနဲ့ ပျော်ပါးနေပါတယ်လို့ ယိုးဒယားနာမည်ကြီးသတင်းစာ ဘန်ကောက်ပို.စ်မှာ တရားဝင်ဖော်ပြသွားပါတယ်။အသင်းခေါင်းဆောင်ဖြစ်တဲ့N.P.Messiနဲ့တိုက်စစ်မှုးရွှန်းညီတို. ကတော့
အသင်းနဲ့အတူ လ့ကျင့်ခန်းအတူ ဆင်းနေပြီးကြံခိုင်မှု ပြည့်ဝနေကြောင်း  Need For Speed
အသင်းရဲ့ဝက်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ BE FC အသင်းရဲ့ အသင်းကတော့ ပွဲစဉ်(၃) မှာမထင်မှတ်ပဲ အရှုံးပေးခဲ့သလို ပွဲစဉ်(၆)ဖြစ်တဲ့ MRB FC အသင်းပွဲစဉ်မှာလည်း အပိုင်အခွင့်အရေးတွေကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။ ပွဲစဉ်(၇) မှာတော့ မဖြစ်မနေအနိုင်ကစားဖို. လိုအပ်လာပြီဖြစ်ပါတယ်။ NFS FC အသင်းအတွက် ပွဲစဉ်အတွက် သတင်းကောင်းတစ်ခုကတော့ BE FC အသင်းရဲ့ အားထားရတဲ့ အသင်းခေါင်းဆောင် ရဲကြီးဟာ ပွဲစဉ်(၃) တုန်းကရရှိခဲ့ ဒဏ်ရာဟာ ပွဲစဉ်(၆)မှာ ပြန်လည်ရရှိခဲ့ပြီး ပွဲစဉ်(၇) မှာလုံးဝ မဖြစ်မနေအနားရယူရပါ့မယ်လို့ BE FC အသင်းရဲ့ ဆရာဝန်ထံမှ သတင်းရရှိခဲ့ပါတယ်။ BE FC အသင်းရဲ့ ဂိုးသမားဖြစ်တဲ့ မောင်ယု(ယုဂီယာ)ဟာလည်း ပွဲစဉ်(၃) အပြီးမှာ ရှုံးနိမ့်လိုဆိုပြီး ပွဲစဉ်(၆) မတိုင်ခင်မှာ
ရှိသမျှ ဆံပင် 65% လောက်ဖြတ်တောက်ပြီး ဆံပင်စတိုင်လ်အသစ်ဖြင့် ပွဲထွက်လာတာကို ပွဲစဉ်(၆)မှာ တွေ.မြင်ခဲ့ရပါတယ်။ ယုဂီယာကို ဆံပင်သွားရောက်ဖြတ်တောက်ခဲ့တဲ့ နာမည်ကြီး အလှပြင်ဆိုင်မှ မိတ်ကပ်ဆရာမကြီး မာမီခင်စန်းဝင်းက “သူ(ယုဂီယာ) အရမ်းစိတ်ပျက်နေပုံရပါတယ်။ သူတို.အသင်းထင်ထားသလောက် ခြေစွမ်းမပြဘူးဖြစ်နေပါတယ်။ ဒီတိုင်း နိုင်ပွဲမရှိပဲ ဆက်သွားနေမယ်ဆိုရင် သူ(ယုဂီယာ) နောက်နှစ် အသင်းကထွက်ခွာဖို.များပါတယ်” လို့ ယုဂီယာ နောက်ကို သတင်းလိုက်ယူနေတဲ့
မဟုတ်မမှန် ဂျာတိုက်မှ အကြီးတန်းသတင်းထောက်ဖြစ်သူ  ကိုဆိုးပေ(ခ)တုတ်ကြီး ကိုပြောပြသွားပါတယ်။ BE FC အသင်းရဲ့ ပွဲစဉ်(၃)မှာ တိုက်စစ်မှုးကနေ ပွဲစဉ်(၆)မှာတော့ နောက်တန်းခံစစ်မှုးဖြစ်သွားတဲ့ ကိုဖြိုးဝေမြင့်ကတော့ ပွဲစဉ်(၆) ရဲ့ Man of The Match ကိုရရှိသွားခဲ့ပါတယ်။ BE FC အသင်းက ပွဲစဉ်(၃) က သံဝေဂ ကိုရယူပြီး ပွဲစဉ်(၆) မှာ လူအခင်းအကျင်း ကစားကွက် အနည်းငယ် ပြောင်းလဲ့ခဲ့ပါတယ်။ NFS FC အသင်းနဲ့ပွဲစဉ်မှာလည်း ပွဲစဉ်(၆) တုန်းက ကစားကွက်အတိုင်း ဆက်လက်အသုံးပြုဖို. များပါတယ်။ လစ်လပ်သွားတဲ့ အသင်းခေါင်းဆောင် ရဲကြီး နေရာကို Geinus FC အသင်းခေါင်းဆောင် သိန်းမင်းထိုက်(ဖလက်ချာသိန်း)ကို တစ်ရက်အငှား နှုတ်ကတိစာချူပ်ဖြင့် (ငှါးရမ်းခ- ညစာထမင်းအ၀ကြွှေး)ဖြင့် လာရောက်ကစားပေးမှာဖြစ်တယ်လို. အသင်းနည်းပြမှ ပြောကြားထာပါတယ်။ BE FC အသင်းဟာ ပွဲစဉ်(၆) မှာ ကစားကွက် အပြောင်းအလဲ လုပ်တာနဲ့အညီ ကွင်းလယ်တိုက်စစ် အောင်ဇော်ထွန်း(ပြေတီဦးနယ်သား)၊တိုက်စစ်မှုးကိုကျော်မင်းသိန်း(ဘာဘာသိန်း) တို. အချိတ်အဆက်မိမိကစားနိုင်သလို နောက်တန်းဖြစ်တဲ့ အောင်မိုး(ဂျိုမိုး)နဲ့ ဗဟိုခံစစ်မှုးဖြစ်တဲ့ ၀ူကျိ တို. အမှားနည်းစွာ ကစားခဲ့ကြပါတယ်။ ပွဲစဉ်(၇)မှာတော့ အသင်းခေါင်းဆောင် ရဲကြီး မပါဝင်တော့လို. ကစားကွက်ကို ဘယ်လို ပုံဖော်မလဲဆိုတာတော့ စဉ်းစားစရာပါ။ NFS FC ကတော့ ပုံမှန်ကစားကွက်အတိုင်း ကြီးကြီးမားမားပြောင်းလဲမှု မလုပ်နိုင်ပဲ တိုက်စစ်ဖွင့်ကစားပြီး ဗဟိုခံစစ်မှုးဖြစ်တဲ့ ဆိုးကမ်းဘဲနဲ့ နောက်တန်း ဗယ်ဝင်းဖြစ်တဲ့ ရာမီးရက် တစ်ယောက်ယောက်ကို တိုက်စစ်ထိ လိုက်ပါကစားနိုင်ပါတယ်။ ဒီနှစ်သင်းက လူစာရင်းအရ ညီမျှနေပါတယ်။ NFS FC အသင်းက ရှေ.တန်းအားသာ၊နောက်တန်းအားနည်းသလို ၊ BE FC အသင်းကတော့ ကွင်းလယ်ကစားကွက် ကောင်းပါတယ်။ ကစားသမားတွေရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာမှာတော့ NFS FC အသင်းက အမှတ်ပေးဇယားကို ဦးဆောင်နေတာနဲ့အညီ တက်ကြွှနေမှာဖြစ်ပြီး BE FC အသင်းကတော့ အားထားရတဲ့ အသင်းခေါင်းဆောင်ရဲကြီး ဒဏ်ရာကြောင့် မပါဝင်နိုင်တာကြောင့် အနည်းငယ် စိုးရိမ်းပူပန်နေပြီး ဖိအားများနှင့် ကစားရမှာဖြစ်ပါတယ်။ ဒီပွဲမှာ NFS FC အသင်းက နိုင်ခဲ့မယ်ဆိုရင် ဗိုလ်လုပွဲထိကို မျှော်မှန်းလို.ရမဲ့ အနေအထားသို.ရောက်ရှိမှာဖြစ်ပြီး၊ BE FC အသင်းက နိုင်ခဲ့မယ်ဆိုရင်တော့ Play-Off အဆင့်ကို မျှော်မှန်းခွင့်ရရှိမှာဖြစ်ပါတယ်။ BE FC အသင်း လုံးဝ(လုံး) ရှုံးနိမ်.လို.မရသလို NFS FC အသင်းကလည်း ဗိုလ်လုပွဲ မျှော်လင့်ခွင့်ကို လက်လွှတ် အဆုံးရှုံးခံမှာမဟုတ်ပါဘူး။ ဒီပွဲအဖြေကတော့ သရေဆိုတာ နှစ်သင်းစလုံးအတွက် မျှတတဲ့အသင့်တော်ဆုံးဖြစ်ပြီး
အနိုင်ဆိုရင်တော့ ဖိအားကင်းပြီး စိတ်ဓတ်တက်ကြွှနေတဲ့ Need For Speed FC အသင်းပဲဖြစ်ပါလိမ့်မယ်။
                             Post by JSF(Joint Strike Fighter)

0 comments:

Post a Comment