ဒီနှစ်သင်းက လူစာရင်းအရ BE အသင်းက အနည်းငယ်သာနေပါတယ်။ BE FC အသင်းဟာလည်း
2009 ကာလုဂါဖလား ရဲ့ချန်ပီယံဖြစ်တာနဲ့အညီ ဂုဏ်ပုဒ်ကိုဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ပါတယ်။
ဒါပေမဲ့ 2009 တုန်းကလိုတော့ လူစာရင်းမတောင့်တော့ဘဲ လူအနည်းငယ်ကွာခြားသွားပါတယ်။ ကစားသမားအသစ်တွေခေါ်ယူဖြည်.တင်းထားတာတွေ.ရပါတယ်။ BE အသင်းရဲ့ အဓိက အားသာချက်ကတော့ 2011 Kaluga Myanmar Summer Football Challenge Cup ရဲ့ ရေပန်းအစားဆုံး အသက်အငယ်ဆုံး ဂိုးသမားဖြစ်တဲ့.. မန်ယူအသင်းရဲ့ ၀ါရင့်ဂိုးသမား ဗန်ဒါဆားနေရာ အစားထိုး ၀င်ရောက်နေရာယူနေသောစပိန်လက်ရွှေးစင်ဂိုးသမား ဒီဂီယာလို.တင်းစားနေကြတဲ့ အောင်ကျော်ယု(ခ)ယုဂီယာ ပဲဖြစ်ပါတယ်။ အောင်ကျော်ယုဟာ ၀ါရင့်ဂိုးသမားတစ်ယောက်ဖြစ်သလို 2009 Kaluga Myanmar Summer Football Challenge Cup ပြိုင်ပွဲရဲ့ ချန်ပီယံ BE အသင်းနဲ့အတူ ဖလားကိုင်မြောက်လာသူဖြစ်တာနဲ့အညီ အတွေ.အကြုံများစွာ ရှိနေသူဖြစ်ပါတယ်။ ယုဂီယာ ကတော့ 2008 နွေရာသီ အပြောင်းအရွှေ.မှာ BE FC အသင်းကို ပေါ်တူဂီကလပ် စပို.တင်းလင်းစပွန်းအသင်းကနေ ပြောင်းရွှေ.ကြေး ပေါင် (၅)သိန်း ဖြင်.ပြောင်းလာသူဖြစ်ပြီး တစ်ရိုန်ထိုး ပွဲစဉ်များတွင် လက်စွမ်းပြ ကာကွယ်နိုင်သူဖြစ်ပြီး ယခု 2011 တွင် ဥရောပ ကလပ်အသင်းကြီးများဖြစ်ကြတဲ့ ဘာစီလိုနာ၊ဘိုင်ယန်မြူးနစ်၊အေစီမီလန်၊လိုင်ယွန်၊ ဂါလာတာစာရေး၊ စတဲ့အသင်းတွေက စိတ်ဝင်စားခြင်းခံနေရသူဖြစ်ပါတယ်။ အင်္ဂလန်နာမည်ကြီးသတင်းစာဖြစ်တဲ့ The Sun ရဲ့တွက်ချက်မှုအရ ဒီကစားသမားတန်းဖိုးဟာ ပေါင် သန်း(50) ၀န်းကျင်ရှိပါတယ်။ :D
BE အသင်းရဲ့ အသင်းခေါင်းအဖြစ်တာဝန်ယူထားတဲ့ ရဲနန္ဒကျော်(ခ) ရဲကြီးကလည်း ၀ါရင်.ကစားသမားတစ်ယောက်ဖြစ်သလို ရှေ.လယ်နောက် အစုံ ကစားနိုင်သူဖြစ်သလို. တွန်းအား ရုန်းအား အကုန်ကောင်းပါတယ်။ ရဲကြီးဟာ မြန်မာ့တပ်မတော်(ရေ) လက်ရွှေးစင် အသင်းသားတစ်ယောက်ဖြစ်သလို 2011 ၀န်ကြီးဌာနပေါင်းစုံပြိုင်ပွဲမှာ ခြေစွမ်းပြနေသူတစ်ယောက်ဖြစ်ပါတယ်။ Yangon FC အသင်းက ခေါ်ယူမယ်လို. MFF က သတင်းလွှင်.ထားပါတယ်။ ဗဟိုခံစစ်မှုးလည်းရ .. ဘယ်ဝင်း ညာဝင်းပါ ကစားနိုင်တဲ့ ဝေဖြိုးလင်း(ခ) ၀ူကျိ ကတော့ ထိပ်တန်းအဆင့်ရှိပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် လီဗာပူးအသင်းက ဂျွန်ဖာနာဂန် လက်သစ်လို.တင်စားခြင်းခံနေရသူဖြစ်ပြီး လီဗာပူးနည်းပြကြီး Kenny Dalgish ကိုယ်တိုင် ချီးမွန်းခံနေရသူဖြစ်ပါတယ်။ BE FC အသင်းရဲ့ ကွင်းလယ်တိုက်စစ် တွေဖြစ်ကြတဲ့ ကိုကျော်မင်းသိန်း၊အောင်မိုးတို.ဟာလည်း အတွေ.အကြုံရင်. ကစားသမားကောင်းတွေဖြစ်ပါတယ်။ အောင်မိုးဟာ 2010-2011 အီတလစီးရီးအေအမှတ်ပေးပြိုင်ပွဲရဲ့ တန်းဆင်းသွားတဲ့ ဆမ်ဒိုးရီးယားအသင်းကနေ BE FC အသင်းက အလွတ်ပြောင်းရွှေ.ကြေးဖြင်. ခေါ်ယူထားသူဖြစ်ပါတယ်။ ကွင်းလယ်အဖျက်ကစားနိုင်သလို တောင်ပံတိုက်စစ်ပါ လိုက်ပါကစားနိုင်သူဖြစ်ပါတယ်။ BE FC အသင်းရဲ့ ဒိတ်ဒိတ်ကျဲတိုက်စစ်မှုးတွေဖြစ်ကြတဲ့ ကိုဖြိုးဝေမြင့်၊အောင်ဇော်ထွန်းတို.ကလည်း MLN CUP Grand Royal 2009 ပြိုင်ပွဲမှာ ဂရမ်းတွေကို အ၀သောက်ပြီး အထူးခြေစွမ်းပြခဲ့ကြသူတွေဖြစ်ပါတယ်။ အလိမ်အခေါက်..အလည်.အပတ် ကစားပုံကတော့
စပိန်အသင်းနဲ့ ဘာစီလိုနာအသင်း ကစားကွက်ဖြစ်တဲ့ Tika_Tika လို.ခေါ်တဲ့ အတိုပေး အမြန်ရွှေ. (Pass & Move Mothed) ကို အကောင်အထည်ဖော်နေကြသူတွေဖြစ်ပါတယ်။ BE FC အသင်းဟာ BE ဆိုတာနဲ.အညီ အရက်သမားအများစုနဲ့ ဖွဲ.စည်းထားတာဖြစ်ပါတယ်။ (အသင်းသားအားလုံးမဟုတ်ပါ :P)
ကစားသမားတွေဟာ အရက်ကို ဘယ်လိုသောက်ရင် မူးတယ်ဆိုတာ သိသလို ဘောလုံးကစားရာမှာလည်း တစ်ဘက်အသင်းသားတွေ ဘယ်လိုမူးနောက်သွားအောင် လုပ်ရမယ်ဆိုတာ သိရှိနားလည်ပြီးဖြစ်ပါတယ်။
အတွေ.အကြုံရင့် ကစားသမားတွေနဲ.ဖွဲ.စည်းထားတာကြောင်. ဦးစားပေ(၂) အဖြစ်သတ်မှတ်ခံထားရတဲ့အသင်းလည်းဖြစ်ပါတယ်။ Genius FC အသင်းကတော့ အတွေ.အကြုံရင့် ကစားသမား အတော်နည်းပါတယ်။ အသက်အရွှယ်အားဖြင်.လည်း AC Milan အသင်းလို ကမ္ဘာ. အသက်ကြီးဆုံး အသင်းဆိုပြီး တင်းစာခေါ်ဝေါ်ရင်လည်း မမှားနိုင်ပါဘူး… :D
Genius FC အသင်းရဲ့ အဓိက ကစားသမားနှစ်ယောက်ဖြစ်တဲ့ သိန်းမင်းထိုက်(ခ)ငါးကြီး နဲ့ ရဲရင့်ကိုကို(ခ) လူးဝစ် (ချယ်ဆီးလ်က လူးဝစ် (Not Me) နဲ.ဘာမှမဆိုင်ပါ) အချိတ်အဆက်မိမှာသာ အသင်းက အံဝင်မှာဖြစ်ပါတယ်။ ဂိုးသမားအဖြစ်တာဝန်ယူမယ်လို. သတင်းထွက်နေတဲ့ ကိုကိုလွင်(ခ)လေ၀က် ဟာလည်း အတော်လေး Speed နည်းသလို ကွင်းအတွင်းကစားပုံ အနည်းငယ် လေးပါတယ်။ နောက်တန်းဗဟိုခံစစ်မှုးဖြစ်တဲ့ Greece ကလပ် POAK အသင်းက ယူရို (15) သန်းနဲ့ ၀ယ်ယူထားတဲ့ Genius FC အသင်းရဲ့ နောက်တန်း ကိုထွန်းထွန်းကျော်(ခ) ဖက်ကြီးဟာလည်း အသက်အရွှယ်အားဖြင်. ဘာစီလိုနာမှ ပူယိုးလ်.. ချယ်ဆီးလ်မှ တယ်ရီ…မန်ယူမှ ဖာဒီနန်တို.လို အကျပိုင်းကို ရောက်နေပါပီ။ ကွင်းလယ်ကစားသမားဖြစ်တဲ့
ကိုအောင်မျိုးထွန်း(ခ)လီဆူး ရဲ့ ခြေစွမ်းက အတော်လေးခန်.မှန်းရခက်ပါတယ်။ BE FC သာ ကွင်းကယ်စိုးမိုးသွားမယ်ဆိုရင် Genius FC အသင်း သေချာပေါက် ဂိုးပြတ်၇ှုံးနိမ်.မှာဖြစ်ပါတယ်။ အလယ်တန်းအဖျက်ဖြစ်တဲ့ ဝေယံအောင် နဲ့ ဟာလည်း ဘောလုံးလောကမှ အနားယူမလိုလို
ဖြစ်နေတာက ပြန်လည်ကစားလာတာဖြစ်တာကြောင့် ခြေစွမ်းက ခန်.မှန်းရခက်ပါတယ်။ Genius FC
အသင်းရဲ့ ဂိုးသွင်းစက်လို. တင်စားနေကြတဲ့ အထောင်တိုက်စစ်မှုး ကိုဇော်ရဲအောင်(ခ)ဇော်တောရက်စ် ရဲ့ခြေစွမ်းကလည်း ခန်.မှန်းလို.မရပါဘူး။ Genius FC အသင်းရဲ့ အဓိက Key – Player တွေဖြစ်တဲ့ အသင်းခေါင်းဆောင် သိန်းမင်းထိုက်(ဖလက်ချာသိန်း)… အသင်းသား ရဲရင့်ကိုကို အဲဒီနှစ်ယောက် အချိတ်အဆက်မိမှာသာ BE FC အသင်းကို သူတစ်ပြန် ကိုယ်တစ်ပြန် ကစားနိုင်မှာဖြစ်ပါတယ်။ အဲဒီနှစ်ယောက်သာ ခြေမပေါ်ရင်တော့ BE FC အသင်းရဲ့ ချယ်လှယ်စိုးမိုးမှုကို Genius FC အသင်းပြားပြားဝပ် နေမှာဖြစ်ပါတယ်။ Genius FC အသင်းက အသင်းခေါင်းဆောင်ကို မန်ချက်စတာယူနိုက်တက်အသင်းမှ တိုက်စစ်မှုး Rooney ကဲ့သို. Free-Role ကစားခိုင်းပြီး လီဆူး(ခ)ကိုအောင်မျိုးထွန်းနဲ့လူးဝစ်ကို ကွင်းလယ်အဖျက်… ဖက်ကြီး(ခ)ကိုထွန်းထွန်းကျော် ဗဟိုခံစစ်မှုးအဖြစ်ထားပြီး တိုက်စစ်မှုးဖြစ်တဲ့ ကိုဇော်ရဲအောင်ကို အထောင်ထားပြီး Long-Ball (အမြင့်ဘော)တွေနဲ့ ကစားလာနိုင်ပါတယ်။ ဒီလိုဆိုရင် BE အသင်းက အရပ်အနည်းငယ် ပုသူတွေများတာကြောင့် အခက်တွေ.နိုင်ပါတယ်။ BE FC အသင်းကတော့ ဂိုး၊ရှေ.၊လယ်၊နောက် မျှတတဲ့အတွက် ကြီးကြီးမားမား ပြဿနာမရှိနိုင်ပါဘူး။ ပွဲစဉ်(၃) ဖြစ်တဲ့ Genius FC နဲ့ BE FC တို.ပွဲရဲ့ထူးခြားချက်ကတော့ BE FC အသင်းခေါင်းဆောင် ရဲကြီးနဲ့ Genius FC အသင်းရဲ့ ကွင်းလယ်အဖျက် ဝေယံအောင် တို.ဟာ အင်္ဂလန်အနောက်မြောက်ပိုင်းဒေသ မာဆေးဆိုဒ်အခြေစိုက် အဲဗာတန်လူငယ်ဘောလုံး ဖွုံု့ဖြိုးလေကျင့်ရေး သင်းတန်းကျောင်းမှာ အတူတူ တက်လာခဲ့တဲ့ စီးပွားဖက် ပါတနာတွေဖြစ်ပါတယ်လို. ၀ီလ်က အင်တာနက် Facebook နဲ့ Twitter စာမျက်နှာတွေပေါ်မှာဖွင့်ချထားပါတယ်။ ဆီဒင်သတ်မှတ်ချက် အဆင့်(၂) နဲ့ အဆင့်(၄)
တွေ.တာဖြစ်သလို ခါးသီတဲ့ ပြိုင်ဘက်တွေလည်းဖြစ်ပါတယ်။ Genius FC အသင်းက လူစာရင်းအရ
အင်အားနည်းပေမဲ့ စိတ်ဓတ်ပိုင်းမှာတော့ BE FC ထက်အနည်းငယ်သာပါတယ်။ ဒီပွဲရဲ့အဖြေက
Genius FC အသင်းရဲ့ KEY PLAYER နှစ်ယောက်အပေါ်မှာပဲ မူတည်ပါတယ်။ Genius FC အတွက် အမြင့်ဆုံးမျှော်မှန်းသင့်တာက သရေ (၁) မှတ်ပဲဖြစ်ပြီး….. BE FC အသင်းသာ ရှေ.၊လယ်၊နောက် အချိတ်အဆက်မိရင် ဂိုးပြတ် မပြတ်ကိုပဲ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။
Post by JSF(Joint Strike Fighter)






0 comments:
Post a Comment