အသင်းပွဲနိုင်သရေရှုံး ရဂိုး ပေးဂိုး ဂိုးကွာခြားချက် ရမှတ်
Zippy FC
Fighter FC
Need For Speed FC
R Young Star FC -၂
B.E FC -၂

"BE FC"

၂၀၀၉ - ၂၀၁၀ ကာလုဂါ ချန်ပီယံ BE FC ဟာဆိုရင်လည်း သူတို့ ရဲ့ ချန်ပီယံ ဆုဖလားကို ကာကွယ်နိုင်ဖို့  အသင့်ပြင်ဆင်ထားတဲ့ အနေအထားမှာရှိပါတယ်။ အရင် BE FC အသင်းတွင် အနားယူသွားပြီဖြစ်တဲ့ ကလိုဆေးကဲသို့ ခေါင်းတိုက်ကောင်းသော ကိုကျော်သူအောင်(BK) နေရာမှာ အလိမ်အခေါက်နှင့် ဘောလုံးဖြန့် ပေးရာမှာ ကျွမ်းကျင်လှတဲ့ အစားသမားဟောင်း ရဲနန္ဒကျော်(ဗီဗီရဲ)ဟာ မန်ယူအသင်းမှ ဗီဒစ်ကဲ့သို့  အသင်းကို ကောင်းမွန်းစွာ ထိန်းချုပ်ကိုင်သွယ်သွားနိုင်မယ်လို့  ယုံကြည်ပါတယ်။ ယခုအချိန်မှာ အင်တာက အဓိက ကွင်းလယ်ကစားသမား စနိုက်ဒါ ကဲ့သို့  BE FC အသင်းကို အလယ်နဲ့ရှေ့ ၊ အနောက်နဲ့အလယ် ချိတ်ဆက်ပေးနိုင်မယ့် ကိုကျော်မင်းသိန်း(စနိုက်မင်း)လို ကစားသမားတစ်ဦးရှိတာဟာလည်း ချန်ပီယံ ဆုဖလားကို ကာကွယ်နိုင်ဖို့ အတွက် အားဆေးတစ်ခွက်ပဲ ဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ ဒီနှစ်မှ မန်ယူအသင်းသို့  ရောက်ရှိလာသော မန်ယူကစားသမားဟောင်းများကပင် နောင်တစ်ချိန်မှာ မန်ယူအသင့်ရဲ့  အသင်းခေါင်းဆောင် ဖြစ်လာနိုင်တယ်ဟု ထင်ကြေးပေးထားကြသော ဖီးလ်ဂျူံး ကဲ့သို့  ပေါ့ပါးသွက်လက်တဲ့ BE FC ကစားသမားဟောင်း ဝေဖြိုးလင်း(ဝေဂျုံးလင်း) ဟာဆိုရင်လည်း BE FC အသင်း ဂိုးမပေးရရေးအတွက် မဟာတံတိုင်းကြီးတဖွယ် ခုခံကာကွယ်နိုင်မယ်ဆိုတာ အသေအချာပါပဲ။ BE FC ရဲ့ ကွင်းလယ်ပိုင်းမှာ ဆိုရင်လည်း အာကစားစိတ်ဓာတ်အပြည့်ရှိပြီး၊ ဇာဗီးကဲ့သို့  ဘောလုံးပေးပို့ မှုမှာ တိကျသေချာလှတဲ့ အောင်ဇော်ထွန်း(အောင်ဇာဗီး) ဟာဆိုရင်လည်း အသင်းအတွက်အားထားရမယ့် အားကစား သမားကောင်းတစ်ယောက်ပါ၊ သူဟာ မကြာသေးခင်က ပြုလုပ်သွားတဲ့ ကာလုဂါ အပြည်ပြည်ဆိုင်ရာ အားကစား တွေ့ ဆုံးဆွေးနွေးပွဲတွင်လည်း ပိုက်ကျော်ခြင်း ပြိုင်ပွဲ ကျင်းပနိုင်ဖို့ အတွက် ဦးဆောင် တင်ပြထားသူပါ။ ဘောလုံးတစ်လုံးကိုလည်း ခြင်းတစ်လုံးကဲ့သို့  လိုအပ်သလို သယ်ဆောင်ပြီး ဂိုးအဖြစ်ဖန်တီးနိုင်သူပါ။ နောက်တစ်ဦးကတော့ ဘောလုံးကစားရာမှာ အကစ်ပြင်းပြင်း ကန်ချက်တွေနဲ့  ကစားတတ်တဲ့ အောင်မိုး(ဂျိုလ်မိုး) ကိုလည်း မေ့ထားလို့ မရပါဘူး။ ယခုဆိုရင် သူဟာ ဆံပင်ကေကို စပါးအသင်းမှ လန်နွန်ကဲ့သို့  ထပ်တူညှပ်ထားပြီး ဒီရာသီမှာလည်း လန်နွန်နှင့် ဂျိုလ်ကိုး နှစ်ယောက်ပေါင်း ထားတဲ့ Skill များ ပြမည်ဟု ကြုံးဝါးထားသူတစ်ဦးပါ။ နောက်ဆုံးတစ်ဦးကတော့ ရီးရဲ မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီမာ နေရာမှာ ကစားမယ့် ကိုဖြိုးဝေမြင့်(ဘန်ဇီဖြိုး) ဟာလည်း အခွင့်အရေးရရင် ရသလို ဂိုးသွင်းယူမယ့် သူတစ်ဦးပါ။ BE FC အသင်းရဲ့ ဂိုးပေါက်ကိုတော့ အရင်နှစ်ဂိုးသမား အကောင်းဆုံးဆုနှင့် BE FC ကစားသမားဟောင်း အောင်ကျော်ယု(ဗန်ဒါယု) က တာဝန်ယူသွားမှာ ဖြစ်လို့  ပြိုင်ဖက်အသင်းတွေ ဂိုးရဖို့ အခွင့်အရေး နည်းပါးသွားနိုင်ပါတယ်။ BE FC အသင်းဟာ ပထမဆုံးပွဲအနေနဲ့  ယခုလာမယ့် ၂၆ ရက်နေ့ မှာ Genius FC အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ 
 ကိုငယ်

2 comments:

ကောင်းကင် said...

ကြိုးစားယှဉ်ပြိုင် မိုးသို့တိုင် တက်နိုင်ဖျားရောက်၏
ဘီအီး အားမာန် ရှေ့ဆက်ရန် ငါ့ထံခွန်အားရှိ
ချန်ပီယံဘွဲ့မှန်း အံ့မခန်း ခြေစွမ်းငါ့ပိုင်၏
ပြိုင်ဘက်တွေကား လွန်ခြောက်ခြား စိတ်အားငယ်ရ၏။
ဘီအီးစိတ်ဓါတ် လွန်စွာမြတ် သိအပ်အပေါင်းအပါတို့။ ။

ဖြိုး said...

နာမည်လေးကလန်းတယ်နော် ဗီဗီရဲတဲ့ အခြောက်လေးလား :D

Post a Comment