၁။ ပထမပိုင်း မိနစ်(၃ဝ)၊ ဒုတိယပိုင်း မိနစ်(၃ဝ)၊ ပွဲနားချိန် (၁ဝ) မိနစ်။
၂။ ကွင်းလယ်ဒိုင်(၁)ယောက်၊ အကူဒိုင်(၂)ယောက်။
၃။ ၂ ဝါလျှင် ၁ နီ၊ အနီကဒ်ပြသခံရသည့်ကစားသမားသည် ပွဲအတွင်းမှထွက်၍ ၅ မိနစ် နားရမည်။ အဝါကဒ် (၁ဝ)ရူဘယ်၊ အနီကဒ် (၃ဝ)ရူဘယ် ဒဏ်ငွေဆောင်ရမည်။
၎။ ဘေးနံရံထိလျှင် ဘေးထွက်ဘောအဖြစ် သတ်မှတ်မည်။ ဂိုးလွန်ဘောအား ဂိုးနောက်ခြံစည်းရိုးထိမှ သတ်မှတ်မည်။
၅။ ဘေးထွက်ဘောအား ခြေထောက်ဖြင့် ကန်ရမည်၊ စပေးစဉ် ဒူးမကျော်ရ။
၆။ ပင်နယ်လ်တီ မရှိ၊ ပြစ်ဒဏ်ဘောအဖြစ် ကန်ရမည်။
၇။ ဂိုးလွန်ဘောဖြစ်လျှင် စည်းအတွင်းမှ တည်ကန်ရမည်။
၈။ ပြစ်ဒဏ်ဘောကန်စဉ် ဘောလုံးမှ ၃ လှမ်းအကွာတွင် လူတံတိုင်းကာ၍ ရမည်။
၉။ ပြစ်ဒဏ်ဘောအား ဒိုင်ခရာမှုတ်ပြီးမှ ကန်ရမည်။
၁ဝ။ ဒိုင်၏ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။ စောဒက မတက်ရ၊ တက်ခဲ့သူအား အားကစားကော်မတီမှ အရေးယူဆုံးဖြတ်သွားမည်။
၁၁။ ပြိုင်ပွဲအား ပတ်လည်စနစ်ဖြင့် ကန်မည်။ ပထမရသောအသင်းသည် ဗိုလ်လုပွဲမှ စောင့်နေရမည်၊
ဒုတိယနှင့်တတိယရသောအသင်းများသည် Play-Off ကန်ရမည်ဖြစ်ပြီး နိုင်သောအသင်း ဗိုလ်လုပွဲသို့ တက်ရမည်။
၁၂။ ကွင်းလယ်ဒိုင်အဖြစ် တာဝန်ကျသောသူသည် ပြိုင်ပွဲတွင် ကန်ရမည့်အသင်းများအား ခရာမှုတ်၍ နှိုးဆော်ရမည်။
၁၃။ ပြိုင်ပွဲသို့သွားရောက်ကန်စဉ် ဘောလုံးကွင်းမရရှိပါက ကွင်းရရှိချိန်အထိ စောင့်၍ရလျှင် စောင့်ရမည်၊
ကွင်းမရပါက ပြိုင်ပွဲအား နောက်တစ်ရက်သို့ ရွှေ့ဆိုင်းသွားမည်။
၁၄။ ဘောလုံးကန်စဉ် အကျီင်္ချွတ်၍ မကန်ရ။
၁၅။ ပြိုင်ပွဲဝင်ကြေး တစ်ယောက်လျှင် ရူဘယ်(၁၀ဝ)ကောက်ခံမည်။
၁၆။ နိုင်လျှင် (၃)မှတ်၊ သရေ (၁)မှတ်၊ ရှုံးလျှင် (ဝ)မှတ် သတ်မှတ်မည်။
၁၇။ Play-Off နေရာအတွက် အမှတ်တူနေလျှင် ဂိုးကွာခြားချက်ဖြင့် ဆုံးဖြတ်မည်။ ဂိုးကွာခြားချက် တူညီနေလျှင် သွင်းဂိုးအရေအတွက်ဖြင့် ဆုံးဖြတ်မည်။ သွင်းဂိုးအရေအတွက်ပါ တူညီနေလျှင် ထိပ်တိုက်တွေ့ဆုံမှုရလဒ်ဖြင့် ဆုံးဖြတ်မည်။ ထိပ်တိုက်တွေ့ဆုံမှု၌ သရေကျနေခဲ့ပါက ခေါင်းပန်းလှန်မည်။
၁၈။ Play-Off ကစားစဉ် ပွဲချိန်အတွင်း အနိုင်အရှုံးရလဒ် မပေါ်ပါက အချိန်ပိုအဖြစ် (၁ဝ)မိနစ်စီ ၂ ပိုင်းကစားရမည်။ အချိန်ပြည့်ကစားရမည်၊ ရွှေဂိုး မရှိ။ အဖြေမပေါ်ပါက ပင်နယ်လ်တီ ၃ လုံးစီ ကန်သွင်း၍ အဆုံးအဖြတ်ရယူမည်။ ရလဒ်တူညီနေလျှင် လူစုံသည်အထိ ၁ လုံးစီ ထပ်ကန်ရမည်။ ရလဒ်တူညီနေပြန်လျှင် ခေါင်းပန်းလှန်မည်။
၁၉။ ဗိုလ်လုပွဲကိုလည်း Play-Off ကဲ့သို့ပင် ဆုံးဖြတ်သွားမည်။
၂ဝ။ ဗိုလ်လုပွဲသို့ ပြိုင်ပွဲဝင်အသင်းများအားလုံး တက်ရောက်ရမည်။
၂၁။ အကယ်၍ ပြိုင်ပွဲအတွင်း အားကစားသမားအချင်းချင်း စကားများ၊ခိုက်ရန်ဖြစ်ပွားပါက နှစ်ဦးစလုံးအား တိုက်ရိုက်အနီကဒ်အဖြစ်သတ်မှတ်မည်။
၂၂။ အနီကဒ်အပြခံရသူကစားသမားသည် နောက်ထပ်ထပ်မံ၍ လက်ရှိယှဉ်ပြိုင်နေသော ပွဲစဉ်တစ်ခုအတွင်းပင် နောက်ထပ် အနီတစ်ကဒ်ထပ်မံအပြခံရပါက တစ်ပွဲလုံးထုတ်ပယ်ခြင်းခံရမည်။

0 comments:
Post a Comment