အသင်းပွဲနိုင်သရေရှုံး ရဂိုး ပေးဂိုး ဂိုးကွာခြားချက် ရမှတ်
Zippy FC
Fighter FC
Need For Speed FC
R Young Star FC -၂
B.E FC -၂

"Soccer King FC"

မကြာမီစတင်တော့မယ့် ကာလုဂါမြန်မာကျောင်းသားများ နွေရာသီဖလားအတွက် အသင်းတိုင်းက ခြေလှမ်းသွက်သွက်နဲ့ သူတို့ရဲ့ပြင်ဆင်မှုတွေကို အသီးသီးဖော်ပြနေကြတာ အားရစရာပါပဲခင်ဗျာ...။ ဒီကြားထဲမှာ ကျွန်တော်တို့ Soccer King FC ရဲ့သတင်းတွေက ပေါ်ထွက်မလာတဲ့အတွက် Soccer King ပရိသတ်တွေအနေနဲ့ အသင်းရဲ့ပြင်ဆင်မှုတွေကို အားမလိုအားမရဖြစ်နေတယ်လို့ သတင်းများကြားသိရပါတယ်ခင်ဗျ (ဘယ်ကပရိသတ်တွေလဲတော့ မသိ :P)...။ ဒီ့အတွက် Soccer King FC ရဲ့ ပြင်ဆင်ထားပုံတွေနဲ့ပတ်သတ်လို့ အသင်းရဲ့မီဒီယာတာဝန်ခံတဖြစ်လဲ Soccer King FC ရဲ့ ဗဟိုခံစစ်မှူး ကျွန်တော်... "သိန်းဒီနန်"ကနေ အခုလို တင်ဆက်ပေးသွားပါ့မယ်ခင်ဗျာ။

- ပထမဦးဆုံး
Soccer King FC ရဲ့ ဂိုးပေါက်ကို စောင့်ရှောက်မယ့်သူကတော့ မန်ချက်စတာစီးတီးအသင်းရဲ့ အင်္ဂလန်လက်ရွေးစင်ဂိုးသမားဂျိုးဟတ်အလား ရဲရဲတင်းတင်း လက်စွမ်းပြကာကွယ်သွားမယ့် "ရဲဘုန်းဟတ်..."ပဲဖြစ်ပါတယ်။ ရဲဘုန်းဟတ်ဟာဆိုရင် စာပေ(၂)ကထဲကစလို့ မေဂျာပွဲတွေ၊ အတန်းလိုက် ဘောလုံးပွဲတွေမှာ ဂိုးပေါက်ကို စောင့်ရှောက်ဖို့ ယုံယုံကြည်ကြည်တာဝန်ပေးခံခဲ့ရတဲ့ နာမည်ကျော် သမ္ဘာရင့်ဂိုးသမားတစ်ဦးလဲဖြစ်ပါတယ်။

- ဒုတိယအနေနဲ့မိတ်ဆက်ပေးသွားမယ့်သူကတော့
Soccer King FC ရဲ့ နောက်တန်းဗဟိုခံစစ်မှူးနေရာက ကစားမယ့် မန်ချက်စတာယူနိုက်တက်ရဲ့ ဗဟိုခံစစ်မှူးဖာဒီနန်အလား ပြင်းပြတဲ့စိတ်ဓာတ်နဲ့ ကစားဖော်နောက်တန်းခံစစ်မှူးတွေအပေါ် ကွပ်ကဲရင်း တိုက်ပွဲဝင်သွားမယ့် ကျွန်တော် "သိန်းဒီနန်..."ပဲဖြစ်ပါတယ်။ ဗဟိုခံစစ်မှူးတစ်ဦးအဖြစ် ရှေ့တန်းကို လိုက်ပါထောက်ပံ့နိုင်မှုမှာ အခွင့်အရေးနည်းပေမယ့် လိုအပ်ရင်လိုအပ်သလို တဖက်အသင်းကို ဖိအားပေး တိုက်စစ်ဆင်နိုင်ဖို့အတွက် လိုက်ပါကူညီကစားသွားမှာဖြစ်ပါတယ်။

- တတိယအနေနဲ့ Soccer King FC ရဲ့ ဘယ်တောင်ပံခံစစ်မှူး ဘာစီလိုနာခံစစ်မှူး ပီကေးရဲ့ညီ "ပြည်ကေး..."နဲ့မိတ်ဆက်ပေးလိုပါတယ်။ ပြည်ကေးဟာဆိုရင် မြင့်မားတဲ့အရပ်အမောင်းနဲ့ ခြေတံလက်တံရှည်တွေကို ပိုင်ဆိုင်ထားတဲ့အတွက် တဖက်အသင်းက တိုက်စစ်ဆင်လာမယ့် ဘောလုံးတွေကို ဖြတ်တောက်တားဆီးရယူရာမှာ သူမတူအောင် ထူးချွန်တာကို တွေ့ရမှာဖြစ်ပါတယ်။နောက်ပြီး ဘယ်တောင်ပံတလျှောက် ရှေ့တန်းကို လိုက်ပါပြီး တိုက်စစ်ကို ပံ့ပိုးတဲ့နေရာမှာလဲ ပြည်ကေးရဲ့ ကြောက်ခမန်းလိလိဘောလုံးဖြန့်ဝေမှုစကေးတွေကို သူနဲ့အတူ ကစားဖူးတဲ့သူတွေ ရိပ်စားမိကြမှာဖြစ်ပါတယ်။

- နောက်ထပ် မိတ်ဆက်ပေးမယ့်ကစားသမားကတော့
Soccer King FC ရဲ့ ညာတောင်ပံခံစစ်မှူးအဖြစ် ကစားသွားမယ့် အဲဗာတန်အသင်းရဲ့ တောင်ပံကစားသမား လေတန်ဘိန်းစ်ရဲ့ညီ "လေတန်မင်း..."ပဲဖြစ်ပါတယ်။ လေတန်မင်းဟာဆိုရင် ခံစစ်မှူးအဖြစ်သာမက သူ့ရဲ့အလိမ်အလှည့် ဘောလုံးရယူမှုစွမ်းရည်တွေနဲ့ ညာတောင်ပံတလျှောက် တိုက်စစ်ကို လိုက်ပါပံ့ပိုးသွားမှာဖြစ်ပြီး လေတန်မင်းရဲ့ ဂိုးရှေ့ဖြတ်တင်ဘောတွေကို တဖက်နောက်တန်းတွေ စိုးရိမ်မကင်းဖြစ်နေကြတယ်လို့လဲ သတင်းများကြားသိရပါတယ်ခင်ဗျ။

- နောက်ထပ်ကျွန်တော်တို့
Soccer King FC ရဲ့ အလယ်တန်းအဖျက်နေရာကနေ ပင်တိုင်ကစားပေးပြီး ရှေ့တန်းကို လိုက်ပါတွဲဖက်တိုက်စစ်ဆင်ပေးမယ့်သူကတော့ ၄င်းနေရာအတွက် အထူးတလည် အားဖြည့်ခေါ်ယူထားခဲ့တဲ့ "မိုက်ကယ်တင်ဆီယန်..." (ကိုတင်ကိုကိုဝင်း)ပဲဖြစ်ပါတယ်။ မိုက်ကယ်အက်ဆီယန်အလား ခန္ဓာကိုယ်ကြံ့ခိုင်မှုရှိတဲ့အပြင် ဘောလုံးလမ်းကြောင်းကို ကြိုတင်တွက်ဆ ဖြတ်တောက်တဲ့နေရာမှာလဲ ထူးချွန်တဲ့အတွက် တဘက်ကစားသမားတွေအနေနဲ့ မိုက်ကယ်တင်ဆီယန်ကို လှည့်စားဖြတ်ကျော်ဖို့အတွက်ကတော့ အတော်လေး ကြိုးစားယူမှ ရမယ့်အနေအထားဖြစ်ပါတယ်ခင်ဗျ...။

- နောက်ထပ်
Soccer King FC ရဲ့ ဆဋ္ဌမမြောက်ကစားသမားကို မိတ်ဆက်ပေးရမယ်ဆိုရင်တော့ ကွင်းလယ်တိုက်စစ်မှာ လိုက်ပါကစားမယ့် "ညီကာမိုဒရစ်..." (ကိုညီညီလှိုင်)ပဲဖြစ်ပါတယ်။ ရှေ့တန်းနဲ့နောက်တန်းကို ချိတ်ဆက်ပေးတဲ့နေရာမှာ အလှုပ်ကစားသွားမှာဖြစ်ပြီး တောင်ပံနှစ်ဖက်စလုံးကနေ ရွေ့လျားကစားသွားမှာဖြစ်ကာ Soccer King FC ကို အဓိကတွန်းအားပေးမောင်းနှင်မယ့် အသင်းရဲ့ Captain လက်ပတ်ကို ဝတ်ဆင်ကစားမယ့်သူလဲဖြစ်ပါတယ်။

- နောက်ဆုံးအနေနဲ့ မိတ်ဆက်ပေးသွားမယ့်သူကတော့
Soccer King FC ရဲ့ အတိုးအလှုပ်အလိမ်အလှည့်တွေနဲ့ တဖက်နောက်တန်းတွေကို အလဲလဲအပြိုပြို ဖရိုဖရဲဖြစ်သွားစေမယ့် အသင်းရဲ့အထောင်တိုက်စစ်မှူး "ခရစ္စတီယာနိုရော်နယ်လ်ရွှေ..."ပါပဲခင်ဗျာ။ ခရစ္စတီယာနိုရော်နယ်လ်ရွှေရဲ့ မထင်မှတ်တဲ့ကန်ချက်တွေ၊ အလိမ်အလှည့်တွေနဲ့ တဖက်ဂိုးသမားတွေ အငိုက်မိသွားစေမယ့် ဂိုးတွေကိုဖန်တီး သွင်းယူသွားမှာဖြစ်ပြီး ဒီပြိုင်ပွဲရဲ့ ဂိုးသွင်းဘုရင်ဆုအတွက် တစ်ပြေးနေတဲ့ တိုက်စစ်မှူးတစ်ဦးဆိုလျှင်လဲ မမှားပါဘူး။

ကဲ... ပရိသတ်ကြီးခင်ဗျာ... မကြာတော့သော ကာလမှာ စတင်တော့မယ့်
KMSFC ဖလား (Kaluga Myanmar Summer Football Competition) ပြိုင်ပွဲအတွက် Soccer King FC ရဲ့ ပြင်ဆင်မှုတွေနဲ့ ဖွဲ့စည်းမှုတွေကို ကြားသိခဲ့ရတဲ့အတွက် ပရိသတ်ကြီးလဲ ကျေနပ်လောက်မယ်လို့ မျှော်လင့်မိပါတယ်... ဆက်လက်ပြီး လက်တွေ့ယှဉ်ပြိုင်တဲ့နေရာမှာ စောင့်မျှော်အားပေးနိုင်ပါတယ်လို့ သတင်းကောင်းပါးရင်း...။

သိန်းဝင်း(သိန်းဒီနန်)

0 comments:

Post a Comment