"Need For Speed FC" မှ ပြောရေးဆိုခွင့်ရှိသူ အလိမ်အခေါက်တွင် မက်ဆီနှင့် ဒိုးလေး နှစ်ယောက်ပေါင်းထားသကဲ့သို့ စွမ်းဆောင်နိုင်သော အသင်းခေါင်းဆောင် ကိုဉာဏ်ပိုင်စိုးနှင့် အခန်း (၄၅၂)သို့  သွားရောက်တွေ့ ဆုံမှုများ ပြုလုပ်ခဲ့ရာ ပြိုင်ပွဲအတွက် မည်သို့ မည်ပုံ ပြင်ဆင်ထားကြောင်းကို ကျွန်တော် ကိုငယ်သို့  ရှင်းလင်းပြောကြားသွားပါသည်။
ု
“ကျွန်တော်တို့  Need For Speed FC အသင်းနေနဲ့  ပြိုင်ပွဲဝင် အသင်းတိုင်းအပေါ် လေးလေးနက်နက် အာရုံစိုက်ပြီး အနိုင်ရရှိဖို့  ကြိုးစား ကစားသွားပါမယ်။ ရှေ့ တန်းမှာ ဆံပင်ကျဲသော်လည်း ၀ိတ်အနည်းငယ် ချထားပေမယ့် ဘာဘာတော့ဗ်လို အဆုံးသတ်သေချာပြီး ရွန်းနီလို ကန်ချက်ပြင်းတဲ့ ညီညီအောင်(ရွန်းညီ)လို တိုက်စစ်မှူးတစ်ယောက်ကို ပိုင်ဆိုင်ထားရတာဟာ အသင်းအတွက် တကယ့်ကို အားတက်စရာပါပဲ။ နောက်တန်းမှာဆိုရင် တိုးမပေါက်နိုင်အောင် တစ်ဘက်အသင်း ရှေ့ တန်းတိုက်စစ်မှူးတွေကို အဟန့် အတားဖြစ်စေမယ့် ဆိုးကမ်းဘဲလ်ကဲသို့  မဲမဲပြောင်ပြောင် (ဘောလုံးကို မနားတမ်း သဲသဲမည်းမည်းဖျက်၍ ပြောင်ပြောင်တင်းတင်း ခံစစ်ဆင်) တတ်တဲ့ ဇင်လင်းဦး ရှိတဲ့အတွက်လည်း အားတက်စရာပါ။ ဘန့် တနာလို ဆိုဒ်ပိနေပေမဲ့ အိုရှေးလို စွယ်စုံရပြီး Skill မခေလှတဲ့ ရန်နိုင်ထွန်းဟာ ဆိုရင်လည်း ခြေစွမ်းပြနိုင်လိမ့်မယ်လို့  ယုံကြည်ပါတယ်။ ရာမီးရက်စ်နဲ့  စတိုင်လ်တူပြီးတော့ Skill လည်းတူတဲ့ ကိုမင်းသော်ထွန်း (ဆရာထော်) ဟာဆိုရင်လည်း နောက်တန်းအတွက် မရှိမဖြစ် အားကိုးရမဲ့သူပါ။ ဘောလုံးမကန်တာ ကြာပေမဲ့ အမေ့ခံ တိုက်စစ်မှူးလေး မိုက်ကယ်လ် အိုဝင်နဲ့  ခန္ဓာကိုယ် အချိုးအစားတူလှတဲ့ ညီလေး စိုင်းသက်အောင် ဟာဆိုရင်လည်း ကျွန်တော်တို့ အသင်းနဲ့  အံဝင်ခွင်ကျဖြစ်အောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့  ယုံကြည်ပါတယ်။ နောက်ဆုံးတစ်ယောက်ကတော့ ကျွန်တော်တို့ အသင်းရဲ့ ဒိတ်ဒိတ်ကြဲ ရဲရဲတောက် စိတ်ဓာတ်ပိုင်းမှာဆိုရင်လည်း ထိပ်ဆုံးရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ အနိုင်မခံအရှုံမပေးစိတ်ဓာတ်နဲ့ အသင်းကို ဦးဆောင်မောင်းနှင်သွားမယ့် ကောင်းမြတ်စိုး(ဖာဒီကောင်း) ဟာလည်း အသင်းအတွက် တကယ့်ကို မရှိမဖြစ်တဲ့ ကစားသမားတစ်ဦးလို့ လည်း ဆိုရမှာပါ။ အားလုံးဟာ Need For Speed FC အသင်းအတွက် စိတ်ဓာတ်နဲ့ စွမ်းရည် ပေါင်းစပ်ပြီး အောင်ပွဲဆင် အနိုင်ဂိုးများ ရယူဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်” လို့ ပြောကြားသွားခဲ့တယ်။






1 comments:
ဘာမှပြောဘူး ..ငြိမ်ငြိမ်လေးပဲ ..Need For Slow ကိုဖုတ်ဖို့ အားမွေးနေတယ် :D
Post a Comment