(မျှော်လင့်မထားတာတွေကို ကြိုပြီးမျှော်လင့်ထားရမယ့် ကာလုဂါနွေရာသီ ဖလားပြိုင်ပွဲ)
သို့မဟုတ် ( WE SHOULD PLAY PROFESSIONAl )
၂၀၀၁ ခုနှစ် ကာလုဂါမြန်မာကျောင်းသားများရဲ့ နွေရာသီချစ်ကြည်ရေးဖလား ပြိုင်ပွဲကြီးဟာ ပွဲစဉ်(၁၂) ပွဲကစားပြီးခဲ့ပြီး (၅)ပုံ (၄)ပုံ ကျိုးလာခဲ့ပြီဖြစ်ပါတယ်။ ဒီအချိန်မှာ GENIUS FC အသင်းက အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရှုံးပွဲမရှိ စံချိန်တင်ပြီး ဦးဆောင်နေကာ ဗိုလ်လုပွဲထိရောက်ရှိသွားပြီး ယခုနှစ်နွေရာသီ 2011 Kaluga Myanmar Summer Football Challenge Cup ပြိုင်ပွဲကြီးဟာ ဘောလုံးဝါသနာရှင် ပရိသတ်တွေကို မျှော်လင့်မထားတဲ့ အရာတွေကို များစွာပေးစွမ်းနေတဲ့ ပြိုင်ပွဲတစ်ခုလို. ဆိုရမှာဖြစ်ပါတယ်။ ကာလုဂါ ဘောလုံးလောကရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ BE FC အသင်းဟာ ပွဲစဉ်အစမှာ မထင်မှတ်ပဲရလဒ်တွေ ဆက်တိုက်ဆိုးရွှားခဲ့ပြီး တန်းဆင်းဇုန်ထဲထိရောက်ရှိသွားခဲ့ကာ ကာလုဂါနွေရာသီဖလားပြိုင်ပွဲရဲ့ မထင်မှတ်ပဲ ခြေစွမ်းပြလာခဲ့တဲ့အသင်းကတော့ GENIUS FC အသင်းက အသင်းရဲ့အဓိက ကစားသမားဖြစ်တဲ့ ရဲ့ရင့်ကိုကို(လူးဝစ်)ရဲ့ မှော်ဆန်တဲ့ ကစ်ပျောက်ကန်ချက်တွေနဲ့အတူ ပွဲအစ(သို.မဟုတ်)ပွဲပြီးခါနီးမှာ ရရှိခဲ့တဲ့ အနိုင်ဂိုးတွေက ဒီရာသီရဲ့ ထူးခြားချက်တွေပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်အစဖြစ်တဲ့ ပွဲစဉ်(၃)မှာ လက်ရှိချန်ပီယံ BE FC အသင်းဟာ GENIUS FC အသင်းကို (၁-၀) နဲ့ ကပ်ရှုံးခဲ့သလို၊ပွဲစဉ်(၂)မှာ MRB FC အသင်းကို (၂-၀)ဖြင့်အနိုင်ရခဲ့တဲ့ NEED FOR SPEED FC အသင်းကကလည်း ဆက်တက်ဆိုသလို သရေနှစ်ပွဲဆက်ကြုံတွေ.ပြီး GENIUS FC အသင်းကို(၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့လို. မျှော်လင့်မထားတဲ့ရလဒ်တွေအတွက် ပရိသတ်အချို.ရင်မောခဲ့ရပါတယ်။ နောက်ဆုံးပွဲစဉ်တွေဖြစ်တဲ့ ပွဲစဉ်(၁၃/၁၄/၁၅)မှာတော့ Play-Off အဆင့်ကို မျှော်လင့်ခွင့်ရမဲ့ အသင်း(၄)သင်းအထိ ဆက်လက်ရှိနေတာဟာ ပရိသတ်တွေကို ရင်ခုန်မှုဖြစ်တာအမှန်ပါပဲ။အဲဒီ(၄)သင်းကတော့ NEED FOR SPEED FC -- MRB FC --- BE FC နဲ့ RED DEVIL FC အသင်းတွေပဲဖြစ်ပါတယ်။ RED DEVIl အသင်းကတော့ ရမှတ်(၃)မှတ်ဖြင့် အခွင့်အလမ်းအနည်းပါဆုံးဖြစ်ပြီး ကျန်(၃)သင်းကတော့ ရမှတ်(၅)မှတ်စီဖြင့် တူညီနေပြီ မျှော်လင့်ခွင့် အခွင့်အရေးပိုများပါတယ်။ ပွဲစဉ်(၁၃)မှာတော့ Need For Speed FC အသင်းနဲ့ Red Devil FC အသင်းတို.ထိပ်တိုက်တွေ.ဆုံနေပြီး Need For Speed FC အသင်းက အနိုင်ရရှိခဲ့မယ်ဆိုရင် ကျန်နှစ်သင်းဖြစ်တဲ့ MRB နဲ့ BE အသင်းမှတစ်သင်းသင်း သရေကျခဲ့လျှင် Play-Off ကိုကန်ခွင့်ရရှိမှာဖြစ်ပါတယ်။ သို.မဟုတ်ပဲ သရေ(သို့မဟုတ်) RED DEVIL ကအနိုင်ရခဲ့မယ်ဆိုရင်တော့ တစ်ဘက်နှစ်သင်းရဲ့ ပွဲစဉ်ရလဒ်ကို စောင့်ကြည်.ရမှာဖြစ်ပါတယ်။ ပွဲစဉ်(၁၄)မှာတော့ MRB FC နဲ့ GENIUS FC အသင်းတို. တွေ.ဆုံနေကြတာဖြစ်ပြီး MRB FC အသင်းအတွက် အမှတ်မလိုတော့တဲ့ အသင်းနဲ့တွေ.ဆုံနေတာဖြစ်ပါတယ်။ ဒီပွဲမှာ MRB သာအနိုင်ရမယ်ဆိုရင် ကျန်နှစ်သင်းဖြစ်တဲ့ BE နဲ့ NEED FOR SPEED FC အသင်းတစ်သင်းသင်း သရေကျရုံဖြင့် Play-Off ကိုတက်လှမ်းနိုင်မှာဖြစ်ပြီး သရေကျခဲ့မယ်ဆိုရင်တော့ ကျန်အသင်းများရဲ့ ရလဒ်ကို စောင့်ကြည်.ရဦးမှာဖြစ်ပါတယ်။ ဒီပွဲစဉ်(၁၄) ရဲ့အဓိက စိတ်ဝင်စားစရာအချက်ကတော့ အမှတ်မလိုတော့တဲ့ GENIUS FC အသင်းအနေနဲ့ ရှုံးပွဲမရှိစံချိန်ကို ထိန်းသိမ်းမလား???? သို.မဟုတ် Play-Off အတွက် အမှတ်လိုနေတဲ့ MRB FC အသင်းကိုပဲ ပရိုမဆန်ပဲ Child_Play ကစားပြီး အမှတ်တွေခွဲပေးမလားဆိုတာ စဉ်းစားစရာပါပဲ။ ထို.အတူ အုပ်စုပွဲစဉ်ရဲ့နောက်ဆုံးပွဲဖြစ်တဲ့
ပွဲစဉ်(၁၅)မှာလည်း Play-Off အတွက် အမှတ်လိုနေတဲ့ လက်ရှိချန်ပီယံ BE FC အသင်းဟာ လုံးဝမျှော်လင့်ချက်မရှိတော့ပဲ တန်းဆင်းသွားသော 2010-2011 ဘောလုံးရာသီတွင် ဘာစလေပရီးမီးယားလိဂ်မှ ၀က်ဟမ်းအသင်း၊အီတလီ စီးရီအေမှ ဆမ်ဒိုးရီးယားအသင်း၊စပိန်လာလီဂါမှ ဗယ်လာဒိုးလစ်အသင်း၊ ပြင်သစ်လိဂ်မှ မိုနာကိုအသင်း၊ဂျာမဏီဘွန်ဒက်လီဂါမှ စိန်.ပေါ်လီ အသင်းကဲ့သို.ဖြစ်သော SOCCER KING FC အသင်းနှင့်တွေ.ဆုံနေပြီး BE FC အသင်းက SOCCER ကိုအနိုင်ခဲ့လျှင် Play-Off ကိုမျှော်လင့်ရမှာဖြစ်ပြီး SOCCER အသင်းအနေဖြင့်လည်း မစားရတဲ့ အသားကို သဲနဲ့ပက်ခဲ့မလား???? စိတ်ဓတ်ရှိရှိပရိုဆန်ဆန်ကစားမလားးး????? အမှတ်ပြည့်ပေးခဲ့မလားးးး????
ဗိုလ်လုပွဲရောက်ပြီးမမှတ်မလိုတော့တဲ့ GEINUS FC --- အနိုင်အရှုံးအရေးမပါတော့တဲ့ SOCCER KING FC--- Play-Off အတွက် မျှော်လင့်ချက်နည်းပါနေတဲ့ RED DEVIL FC အသင်းတွေအနေနဲ့ ပရိုမပီသစွာ အီတလီစီရီးအေလုပ်ပွဲ အရှုပ်တော်ပုံ၊ မလေးရှား ၊တရုတ် လိဂ်တွေရဲ့ နာမည်ဆိုး လုပ်ပွဲဖန်တီးမလားဆိုတာကတော့ ပရိသတ်တွေအတွက် ရင်ခုန်မှုရသ အပြည့်အ၀ပေးမှာဆိုတာ အသေအချာပဲဖြစ်ပါတယ်။ ပွဲစဉ်(၁၃)မှာ တာဝန်ယူမယ့် BE FC အသင်းမှ ဒိုင်လူကြီးရဲနန္ဒကျော်၊ ပွဲစဉ်(၁၄)မှာတာဝန်ယူမယ့် RED DEVIL အသင်းမှ ဒိုင်လူကြီးစိုးလင်းဦး၊ ပွဲစဉ်(၁၅)မှာ တာဝန်ယူမယ့် GENIUS FC အသင်းမှ ဒိုင်လူကြီး သိန်းမင်းထိုက်တို.ဟာလည်း နာမည်ကျော်ကမ္ဘာကျော်ဒိုင်လူကြီးများဖြစ်ကြတဲ့ အနားယူသွားတဲ့ အီတလီဒိုင်လူကြီးကော်လီနာ၊ အင်္ဂလန်ဒိုင်လူကြီးဟောင်းဝက်စ်၊ ဟန်ဂေရီဒိုင်လူကြီး ဗစ်တာကတ်ဆိုင်း၊ ဆွစ်ဇာလန် ဒိုင်လူကြီး ဘူဆာကာ၊အီတလီဒိုင်လူကြီး ရိုဆက်တီ၊ဂျပန်ဒိုင်လူကြီး ယူချီနာရီမူရာ၊မက္ကဆီကိုဒိုင်လူကြီး ရိုဒရင်ကွစ်၊မာလီဒိုင်လူကြီး ကိုမန်းဆူလီဘလေး၊နိုင်ငံသားချင်းတောင် ဘက်မလိုက်တဲ့ စပိန်ဒိုင်လူကြီး မယ်လယ်ဆို တို.လို. အမာသမတ်ကျပြီး ပွဲစဉ်အတွင်းမှန်ကန်စွာ တိကျဆုံးဖြတ်ချက်ပြတ်သားဖို.သလို
(WE SHOULD PLAY PROFESSIONAL) or ( WHY DON`T THEY PLAY PROFESSIONAL?)လားဆိုတာကို သေချာစမ်းစစ်ဖို့
လိုအပ်ပါတယ်။ ဒါကြောင့် ဘေားလုံးပရိသတ်တွေ အနေနဲ့လည်း ကိုယ်မျှော်လင့်ထားတဲ့အရာတွေကို မျှော်လင့်နေလို့မရသလို၊ ကိုယ်မမျှော်လင့်ထားတဲ့အရာတွေကိုလည်း ကြိုတင်မျှော်လင့်ရင်းနဲ့ ဒီ 2011 Kaluga Myanmar Summer Football Challenge Cup ပြိုင်ပွဲကြီးရဲ့ ပွဲစဉ်(13/14/15) ပွဲစဉ်တွေကို ဆက်လက်ရင်ခုန်ခံစားနေရဦးမှာပဲ ဖြစ်ပြီး ဘယ်အသင်း(၂)သင်း Play-Off ကို ကန်ခွင့်ရရှိမလဲဆိုတာကတော့?????????
Post by JSF (Joint Strike Fighter)






2 comments:
အဲနေ့ပွဲတွေမှာကန်ချင်သလိုကန်ပြီး...လုပ်ချင်သလိုလုပ်သွားမှာပါ..
GENIUS... :)
ကိုအီးတီကို အားပေးပါတယ်ခင်ဗျား.... :clap
Post a Comment