၂၀၁၁-၂၀၁၂ ကာလုကာ ဘောလုံးပြိုင်ပွဲကြီး ဟာဆိုရင်ဖြင့် မကြာမှီရက်ပိုင်းမှာ စတင်တော့မှာဖြစ်ပါတယ်။ အသင်းတိုင်း အသင်းတိုင်းကလည်း ကိုယ့်အသင်း အနိုင်ရဖို့ အတွက် အားကုန်ထုတ်ကစားကြမှာဖြစ်ပါတယ်။
Genius FC အသင်းဟာဆိုရင်လည်း ဒီနှစ်မှာ ဆုဖလား ရယူဖို့ အတွက်အဓိက ကစားသမား ၃ယောက်နဲ့ လူငယ်ခြေတက် ကစားသမားများ ကို ခေါ်ယူ၍ အားဖြည့် ထားပါတယ်။ Genius FC အသင်းရဲ့ အဓိက ကစားသမား တစ်ယောက် ဖြစ်တဲ့ အသင်းခေါင်းဆောင် သိန်းမင်းထိုက် (ငါးကြီး) ဟာဆိုရင်လည်း မနှစ်က ရာသီမှာ ဒဏ်ရာများ နဲ့ ရုန်းကန်နေရပြီး။ဒီနှစ် ရာသီမှာတော့ ပုံမှန်ခြေစွမ်းပြန်ရနေသူဖြစ်ပါတယ်။ကွင်းလယ်ဗိုလ်ချုပ် ပေါလ်စခိုး ကဲ့ သို့ ဘောလုံးဖြန့်ဝေ မှုနဲ့ အလိမ်အခေါက် ကောင်းကောင်း ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။(မှတ်ချက် ။ ပေါလ်စခိုး ကဲ့ သို့ အ၀ါကဒ် အမြဲ ပြခံရမလားဆိုတာကိုတော့ ပွဲကန်ရင် အဖြေထွက်လာမှာပါ)။ ကွင်းလယ်မှု မိမိတိုက်စစ်မှုးများ ဂိုးသွင်းခွင့်ရအောင် ထောက်ပံပေးနိုင် သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီနှစ် ရာသီမှာ Genius FC အသင်းက ရူဘယ် ပြား(၅၀) နဲ့ အသစ်ခေါ်ယူထားတဲ့ ဆော်လမွန် ရဲလူး (ကိုသွားကြီး) ဟာဆိုရင်လည်း တဖက် နောက်တန်းတွေကို ပြာပြာသလဲ ဖြစ်သွား အောင် လုပ်နိုင်တဲ့ တိုက်စစ်မှုးတစ်ယောက် ဖြစ်ပါတယ်။ ရှေ့၊နောက်၊အလယ်၊ကွင်းပြင် နေရာစုံမှာ ကစားခိုင်းလို့ ရတဲ့ ကစားသမားကောင်း ဖြစ်ပါတယ်။ ဘောလုံးကို ခန္ဓာကိုယ် အားကိုးပြီး တွန်းတွန်းတိုက်တိုက် ကစားနိုင်သော ကစားသမားဖြစ်ပါတယ်။ပွဲအဖြေကို ပြောင်းပေး နိုင်သော ကစားသမားဆိုရင် လည်းမမှားပါဘူး ခင်ဗျာ။ ဒီနှစ်မှာ ဂိုးသွင်း ဘုရင် ဆုကိုလည်းရယူဖို့ စိတ်အားထက်သန်နေသူ တစ်ဦးလည်းဖြစ်ပါတယ်။ ဆော်လမွန်ရဲလူး ဟာ အခုဆိုရင် အမိမြေကို ခနပြန်ပြီး ဖိနပ် လိုက်ဝယ်နေတဲ့ အတွက်ကြောင့် အသင်းနဲ့ အတူ လေ့ကျင့်ခန်း မဆင်းနိုင်သေးကြောင်းကိုလည်း ခိုင်လုံတဲ့ ရပ်ကွက် ကသတင်းရရှိပါတယ်။ liverpool
နောက်တန်း ညာစွန် ကစားသမား ဂျွန်ဆင်ကဲ့ သို့ ရှေ့ နောက် ပြေးလွှား ကစားနိုင်သော လီဂျွန်ဆင် (ကိုလီဆူး) ဟာဆိုရင် အသင်းရဲ့ အားထားရတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ အသက်ရွယ်ရ အကျပိုင်းကိုရောက်နေသော်လည်း သဘာ ရှိသေးသော ကစားသမားတစ်ဦးဆိုရင် လည်း မှားမယ်မထင်မိပါဘူး။ ဘောလုံးဖျက်ထုတ် အား ကောင်းပြီး တဖက် တောင်ပံကစားသမားများကို ဒုက္ခ ပေးနိုင်သောကစား သမား တစ်ဦးပါ။ အခုလောလောဆယ် သူဟာ လေ့ကျင့်ခန်းတွင် ခါးနာ သွားသဖြင့် လေ့ကျင့်ခန်းအစီအစဉ် ခနနားပြီး ဆော်နဲ့ ကျုလျှက် ရှိကြောင်းလည်း သတင်း၇ရှိပါသည်။ဘာစီလိုနာ အသင်းရဲ ဗဟိုခံစစ်မှုး ပီကေးကဲ့သို့ အ၇ပ်အမောင်း ခန္ဓာကိုယ် အချိုးအစား တူညီသော ဖတ်ဖတ်ကေး(ကိုထွန်းထွန်းကျော်) ဆိုရင်လည်း တစ်ဖက် တိုက်စစ်မှုးများ ဂိုးသွင်းခွင့်မရအောင် အတွင်းဝင်အတင်းလိုက် ဖျက်ထုတ် ကစားသွားမှာ ဖြစ်ပါတယ်။ အမြင့်ဘောများကို ရှင်းလင်းနိုင်သော ကြောင့် တစ်ဖက် အသင်းများ ဂ၇ုစိုက်ရမဲ့ အနေအထားမှာ ရှိပါတယ်။ Genius FC အသင်းရဲ့ အားထားရတဲ့ နောက်တန်း ဗဟိုခံစစ်မှုးတစ်ဦးလည်း ဖြစ်ပါတယ် ခင်ဗျာ။ ဒီနှစ် အပြောင်းအရွှေ့ ဈေးကွက်မှာ ခက်သွက်သွက် လှုပ်ရှား နေတဲ့ Genius FC အသင်းဟာ တပ်မတော် (လေ) မှ ၀ါရင့်သဘာရင့် ဘယ်စွန် ကစားသမား ကိုကိုဝက်ကို ပေါင်(၀က်ပေါင် ၁ချောင်း)နဲ့ အသင်းရဲ့ နောက်တန်း ဘယ်စွယ်ကို ခေါ်ယူအားဖြည့်ထားပါတယ်။ ကိုကိုဝက်ဟာ ပြီးခဲ့တဲ့ ရာသီမှာ အထူးခြေစွမ်း ပြသတဲ့ အတွက်ကြောင့် Genius FC အသင်း နည်းပြ ဟာ အထူးကြိုက်နှစ်သက်တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ သူရဲ့ လေးလံ တဲ့ ခန္ဓာကိုယ်ကြောင့် တစ်ဖက် တောင်ပံ ဘယ်စွန် ကစားသမားများ ကြောက်ရွံ့သွား နိုင်ပါတယ်။ ပြေးအား တွန်းအား တအားကောင်းပြီး တဖက် တိုက်စစ်မှုးများရဲ့ မာယာ များကို တည်တည်ငြိမ် ငြိမ် ဖျက်ထုတ် နိုင်တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။(:P) နောက်ထပ် တစ်ယောက်ကတော့ အသင်းအတွက် အလွန် အရေးပါတဲ့ ကစားသမားလည်း ဖြစ်၊ အသင်းအတွက် အားထားရဆုံး ဖြစ်တဲ့  ဝေယံဂစ်(ဝေယံအောင်) ဖြစ်ပါတယ်။ မန်ယူ ဂန္ဓ၀င် ကစားသမားကြီး တစ်ဦး ဖြစ်တဲ့ ရွိုင်ယန်ဂစ်ကဲ့ သို့ သဘာ ရှိတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဘောလုံးကစားခြင်းမှ ခေတ္တ အနားယူထားသော်လည်း ခြေစွမ်း ခြေစများ ကျန်သေးကြောင်းကို ပြသမှာဖြစ်ပါတယ်။ ကွင်း တစ်ကွင်းလုံးကို ချုပ်ကိုင်ထားနိုင်သော ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ မိမိ တိုက်စစ်မှုးတွေ ဂိုးရအောင် ဖန်တီးပေးနိုင်သော ကစားသမားတစ်ဦးဖြစ်ပြီး၊လိုအပ်လျှင် နောက်တန်း၊နောက်ဆုံး ဂိုးထိပါ ဆင်းကူနိုင်သော ပေါ့ပါးသေးသွယ်သော ခန္ဓာကိုယ်ပိုင်ရှင်ဆိုရင်လည်း မှားမယ် မထင်ပါဘူး ခင်ဗျ။ နောက်ဆုံး တစ်ယောကတော့ ဒီနှစ်ရာသီမှာ စံချိန်တင် ပြောင်းရွေ့ကြေးဖြင့် Genius FC အသင်းတို့ ရောက်ရှိလာတဲ့ ရှေ့တန်းတိုက်စစ်မှုး တစ်ဦးဖြစ်တဲ့ ကိုဇော်ရဲအောင်(ကိုဇော်ရဲရပ်စ်) ပဲဖြစ်ပါတယ်။လျင်မြန်တဲ့ အဟုန်၊တိကျတဲ့ ဂိုးတွေနဲ့ အဆုံးသတ်ကောင်းတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်ခင်ဗျာ။ မနှစ်က ရာသီမှာ အသင်းဟောင်း တွင် ခြေစွမ်း အထူးပြသ လျှက်ရှိသော ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ ကစားသမား အနေနဲ့လည်း အသင်းသစ် တွင် ခြေစွမ်း ပြပြီး ဂိုးသွင်း၇န် အထူး စိတ်အားထက်သန် လျက် ရှိပါတယ်။ ဒီနှစ် ကာလုဂါ မြန်မာ နွေရာသီ ဘောလုံးပြိုင်ပွဲ ဟာဆို၇င် လူသစ်များနဲ့ အားဖြည့်ထားတဲ့ Genius FC အသင်းတွက် အားသာချက် တစ်ခုလည်း ဖြစ်ပါတယ်။ အသစ်ဝယ်ယူထားတဲ့ ကစားသမားများ ဟာလည်း အသင်းနဲ့ အမြန် ဆုံး အံဝင် မလား၊ မ၀င်ဘူးလား ဆိုတာကိုတော့ ကျွန်တော်တို့ ပြိုင်ပွဲမှာ ပြသသွားကြမယ်လို့လည်း ကျွန်တော်ထင်ပါတယ်ခင်ဗျ။ ကျွန်တော် ထင်ပါတယ်ခင်ဗျ ဒီနှစ်ရာသီဟာဆိုရင် အထူး ကောင်းမွန်တဲ့ ရသတွေ ကိုပြသပေးတဲ့ ရာသီတစ်ရာသီ ဖြစ်လာ မယ်ဆိုတာကို………။
ရဲနန္ဒကျော်






2 comments:
ကျွန်တော်ကတော့ ကစားအားထက် ပါးစပ်အားနဲ့ အသင်းသားတွေကို အားပေး ကစားသွားမှာပါ။ :P
သိပါတယ်... မင်းက အာဘောင် အာရင်းသန်သန် နဲ့ အော်မယ်ဆိုတာကို သိပြီး သားပါပဲ...နားတော့ ညီးအုံးမှာပေါ့...:PPPPP
Post a Comment