ကျွန်တော်တို့ MRB-FC (Manchester United , Real Madrid ,Bayern Munich - FC)အနေနဲ့ ဒီကာလုဂါ ဖလား အတွက် နိုင်ငံသုံးနိုင်ငံရဲ့ ထိပ်သီးကလပ်တွေဆီမှ ကစားသမား ကောင်းတွေကို ၀ယ်ယူဖြည့်တင်းထားပြီး အင်တိုက်အားတိုက် ကစားသွားမယ်လို့ အသင်းရဲ့ပြောရေးဆိုခွင့်ရှိသူ ကိုကြည်ဇော်( Kyi Nani ) မှပြောကြားသွားပါတယ်.အသင်းရဲ့ကစားပုံနဲ့ပက်သက်ပြီး ကိုကြည်နာနီနဲ့ခုလိုတွေ့ဆုံမေးမြန်းခဲ့ပါတယ်ခင်ဗျ...
မေး ။ ။ အသင်းမှာ ဘယ်ကစားသမား တွေနဲ့ပွဲထုတ်မလဲ သိပါရစေခင်ဗျ။
ဖြေ ။ ။ ဟုတ်ကဲ့ ။ ရှေ့တန်းမှာတော့ အထောင်တိုက်စစ်မှူးအဖြစ် အမြဲတမ်း ဂိုးပေါက်လွဲနေတဲ့ အာစင်နယ်က ကစားသမား ဗန်သိန်းလွင်ဦး ကို ထားဆော့မှာပါ ။အလယ်တန်းမှာတော့ ကျွန်တော် ကြည်နာနီနဲ့ ရူပါဖြောင့်ဖြောင့်နဲ့ ဂိုးသွင်းသေချာတဲ့ ဘာကာအသင်းက Xavi-ကိုဖြိုး တို့ကစားပါမယ် ။ :D နောက်တန်းအနေနဲ့ကတော့ ဘယ်တောင်ပံမှာ ကလစ်ချီထွေး ၊ сenter back အဖြစ် Pepe အေးကျော် နဲ့ ညာတောင်ပံ အဖြတ်အဖြစ် ဖီးလစ်လန်း (ပဲခူးမကျော်) တို့ကစားသွားမှာပါ ။ ဂိုးသမားကတော့ Manchester United အသင်းကအနားယူသွားတဲ့ ဂိုးသမားကြီး ဗန်ဒါဆားနဲ့ဘာမှမတော်တဲ့ ကိုတောက် ကလက်စွမ်းပြမယ်ခင်ဗျ။
မေး ။ ။ဟုတ်ကဲ့အခုလိုဖြေကြားပေးတာကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

ဖြိုးဇော်

4 comments:
သူ့ ကျတော ရူပါဖြောင့်ဖြောင့်နဲ့ ဂိုးသွင်းသေချာတဲ့ ဘာကာအသင်းက Xavi-ကိုဖြိုး တဲ့။ တစ်ခြားအသင်းကဆိုရင်တော့ အနီကတ်ရ ရင်ရပါစေ ကစ်လွှတ်လိုက်မှာ။ အသင်းတူချင်း၊နယ်သားချင်းတောင် ဖိုးကတ်စ် မိလာပြီ။ :):P
ဟဟ ဟုတ်နေတာပဲကို နယ်သားကလဲ ... :D
MRB ကတော့.. လှပ သေသပ် တဲ့ ကစ်ချက် တွေနဲ့.. ကစား သွားမှာ ဖြစ်ပါတယ်ဗျာ...း)))
အေးပါ နယ်သားရယ်။ ငါကလည်း အလကားလျှောက်ပြောတာပါကွ။ ငါ့တို့ နယ်သားတွေက ရူပါဖြောင့်ပြီး ကစ်ထွက်ပြီးသားပါကွ။ ဟဲဟဲ။
Post a Comment