ဒီနှစ်သင်းက လူစာရင်းအရ ရှေ.၊လယ်၊နောက် အရမ်းကွာပါတယ်။ ဆီဒင်အဆင့်သတ်မှတ်ချက်မှာလည်း MRB က အဆင့် ၁ ဖြစ်ပါတယ်။ MRB ကအသင်းခေါင်းဆောင် ကိုကြည်ဇော်ကတော့ ဘရာဇီးက ဖေဘီယာနိုလို တစ်ဘက်သင်းကို အလဲလဲအကွဲကွဲဖြစ်အောင် ကစားနိုင်သူဖြစ်ပါတယ်. ကွင်းလယ်အဖြစ်ကစားနိုင်သလို ရှေ.တန်းလည်း ကစားနိုင်သူဖြစ်ပါတယ်။ ဘောလုံးဖျက်ထုတ်တာ ကြမ်းတမ်းသလို 2009နှစ် Kaluga Myanmar Summer Football Challenge Cup မှာ အ၀ါကဒ်တွေပြခံထားရသူဖြစ်ပါတယ်။ ဒီနှစ်မှာလည်း ပတ်လည် ၅ပွဲမှာ အနည်းဆုံး(2 )ကဒ် လောက်ထိနိုင်ပါတယ်။နောက်တန်းနှစ်ယောက်ဖြစ်ကြတဲ့ ကိုတင်ကြီး(တင်အေးကျော်)နဲ့ ကျော်သူအောင်တို.က ပရီးမီးယားလိဂ်က၀ါရင့်ကစားသမားတွေဖြစ်ပါတယ်။ ကိုတင်ကြီးကတော့ ဘောလုံးကိုနောက်တန်းကို လုံးဝ အရောက်မခံသူဖြစ်ပါတယ်။ ဘောလုံးသူဆီလာတာနဲ့ တစ်ချက်တည်းအပြင်းကန်တတ်သူဖြစ်ပါတယ်။ အဖျက်ကြမ်းချက်ကတော့ လီဗာပူးကနေ ဘာစီလိုနာကို ပြောင်းရွှေ.သွားတဲ့ အာဂျင်တီးနားကစားသမား မာရှေယာနိုနဲ့ နင်လားငါလားပါပဲ။
ကျော်သူအောင်ဟာလည်း ၀ါရင့်နောက်တန်းတစ်ယောက်ဖြစ်သလို ဥရောပပြိုင်ပွဲတော်တော်များများ ကစားဖူုးသူဖြစ်ပါတယ်။(ဖလားတော့မရပါ)။ MRBအတွက် နောက်တန်းဘယ်ဝင်းနဲ့ ရှေ.တန်းဘယ်ဝင်းထိပါ လိုက်ပါကစားမဲ့သူကတော့ အာကြီးက ဝေါ့ကောကိုခရေဇီဖြစ်ပီး ဝေါ့ကောကဲ့သို. အခုနောက်ပိုင်း ချစ်ကြည်ရေးပွဲတွေမှာ ဂိုးတွေမထင်သလို သွင်းယူနေတတ်တဲ့ ကိုထွေး(ကလစ်ချီထွေး)ဖြစ်ပါတယ်။ ဒီကစားသမားက ဘော်ဘီပေးခံရလျှင် အမြဲတမ်းစောဒက တက်ပါတယ်။ ရှေ.တန်းမှာတော့ ဒီမာရီယာလို ဂဏန်းပြေး ပြေးတဲ့ သိန်းလွင်ဦး(ခ) သိန်းသိန်း ကတော့ တစ်ဖက်နောက်တန်းတွေအတွက် လုံးဝ သတိထားစရာ တိုက်စစ်မှုးဖြစ်ပါတယ်။ သိန်းလွင်ဦးးဟာလည်း လက်ရှိ မြန်မာနေရှင်နယ်လိဂ် ဇေယျာရွှေမြေအသင်းကို မန်နေဂျာအဖြစ်ကိုင်တွယ်နေရာမှ နွေရာသီအပြောင်းရွှေ.ကာလမှာ
အသင်းပိုင်ငွေများအသုံးလက်လွန်ပြီး ရုရှားကလပ် CSCK Moscow အသင်းမှ
အာရှသား ဟွန်ဒါ အားအချောင်ရလိုရငြား လာရောက်ဆွေးနွေးရင်း
အဆင်မပြေသဖြင်. ဇေယျာရွှေမြေကိုမပြန်ရဲတော့ပဲ ရုရှားနိုင်ငံတွင်အခြေချမည်ဟုဆုံးဖြတ်ကာအလွှတ်စာချုပ်ဖြင်. နည်းပြဘ၀မှ ကစားသမားဘ၀ပြောင်းကာ MRB အသင်းတွင် တပါတ်လုပ်ခ ရုဘယ် (၁၅၀၀)ဖြင်. လာရောက်ကစားပေးနေကြောင်း
ရုရှားဝန်ကြီးချုပ် В. Путин မှ MRTV-3 သို.ပြောကြားခဲ.ပါတယ်။ နောက်တန်း၊အလယ်တန်း၊ရှေ.တန်းဝင်းပါကစားနိုင်တဲ့ ဖြိုးဇော်ကို နေပြည်တော် FC အသင်းကနေ MRB အသင်းက ယူရို(1) သန်းနဲ့ အချိုအချောင်ရလိုက်တာဟာ MRB အတွက် ကျေနပ်စရာပါ။ MRB အသင်းရဲ့ အဓိက ကစားသမားလို.ပြောနိုင်တဲ့ ဂိုးသမားဖြစ်တဲ့ အာဆယ်နယ် အယ်မူယာနီလိုတင်စားခံရတဲ့ အယ်မူတောက်(ဆရာတောက်) ဟာ 2009 Kaluga Myanmar Summer Football Challenge Cup မှာ ပေးဂိုးအများဆုံး (အနည်းဆုံးမဟုတ်ပါ)ဂိုးသမားအဖြစ်မှတ်တမ်းတင်ထားနိုင်သူဖြစ်ပါတယ်။ NFS FC အသင်းကတော့ ၀ါရင့်ကစားသမားတွေရှိနေပေမယ့် MRB အသင်းလို ရှေ.လယ်နောက် မမျှတပါဘူး။ နောက်တန်း အားနည်းသလို… ရှေ.တန်းမှာလည်း ရွန်းညီလိုသာတင်စားနေပေမယ့် ရွန်နီလို အပြေးမမြန်တဲ့ ညီညီအောင် က တိုက်စစ်မှုးဖြစ်ပါတယ်။ ကွင်းလယ်မှာ ကစားမဲ့ ဒီအသင်းရဲ.ခေါင်းဆောင်
ကိုဥာဏ်ကြီး(N.P.Messi) ဟာဆိုရင် ၀ါရင်.တိုက်စစ်မှုးတစ်ယောက်ဖြစ်သလို ယခုလက်ရှိ စပိန်လာလီဂါ
ရီးရဲမက်ဒရစ် ဥက္ကဠပီးရက်(စ်) ရဲ. ဘောလုံးကြယ်စင်စု အကောင်အထည်ဖော်ရေးမှာ
C.Ronaldo၊ KaKa၊ Ozil၊Dimaria တို.နဲ.အတူ စပိန်လာလီဂါ ရီးရဲမက်ဒရစ်မှာခြေစွမ်းပြနေကြတဲ့ ကစားသမားနည်းပါးလောက်စွမ်းရည် ရှိပါတယ်။ နောက်တန်းခံစစ်မှုးကတော့ မြန်မာ့တပ်မတော်(လေ) လက်ရွှေးစင်အသင်းက အလွတ်ပြောင်းရွှေ.ကြေးဖြင့်ခေါ်ယူုထားတဲ့ နောက်တန်းမှာဆိုရင် တိုးမပေါက်နိုင်အောင် တစ်ဘက်အသင်း ရှေ့ တန်းတိုက်စစ်မှူးတွေကို အဟန့် အတားဖြစ်စေမယ့် ဆိုးကမ်းဘဲလ်ကဲသို့  မဲမဲပြောင်ပြောင် (ဘောလုံးကို မနားတမ်း သဲသဲမည်းမည်းဖျက်၍ ပြောင်ပြောင်တင်းတင်း ခံစစ်ဆင်) တတ်တဲ့ ဇင်လင်းဦး(လေ၀က်-၂) ရှိတဲ့အတွက်လည်း အားတက်စရာပါ။ ဒီသင်းမှာ ဂိုးသမားသတ်မှတ်ခြင်း မရှိပဲ ကြုံသလို ဖမ်းမည်ဟု နည်းပြမှ သတင်းစာရှင်းလင်းပွဲတွင်ပြောထားသောကြောင့် MRB အတွက် အခွင်.အရေးတစ်ရပ်ဖြစ်ပါတယ်။ NFS FC ရဲ့ကွင်းလယ်တာဝန်ယူမဲ့ ကိုမင်းသော်ထွန်း(ရာမီးရက်) ကလည်း ခေသူတစ်ယောက်မဟုတ်ပါဘူး။ ချယ်ဆီးလ်က ရာမီးရက်လို အဖျက်ကြမ်းပီး အ၀ါပြခံရဖို.များပါတယ်။ ‘ဘန့် တနာလို ဆိုဒ်ပိနေပေမဲ့ အိုရှေးလို စွယ်စုံရပြီး Skill မခေလှတဲ့ ရန်နိုင်ထွန်းဟာ ဆိုရင်လည်း ခြေစွမ်းပြနိုင်လိမ့်မယ်လို့  ယုံကြည်ပါတယ်။’ ဟု အသင်းခေါင်းဆောင် ကိုဥာဏ်ကြီးကလည်း မနက်က သတင်းစာရှင်းလင်းပွဲမှာ ချီးမွမ်းခန်းဖွင်.သွားပါတယ်။ NFS FC ရဲ့ ဂျိုကာလေးတွေဖြစ်ကြတဲ့ (လိုရာသုံး) စိုင်းလေး(စိုင်းသက်အောင်)နဲ့ ကောင်းကြီး(ကောင်းမြတ်စိုး) တို.ကိုလည်း

လျှော့တွက်လို.တော့မရပါဘူး။ ဘာဖြစ်လို.လဲဆိုတော့ မော်ဒယ်လ်မြင်.ပြီး ဈေးကြီးလို.ပါ။ :D
Kaluga Myanmar Summer Football Challenge Cup ပြိုင်ပွဲရဲ့ ဗိုလ်စွဲရန်ရေးပန်းစားမှုအဆင့်(၁)နဲ့ နောက်ဆုံးအဆင့်(၆) တွေ.ကြတာဖြစ်ပါတယ်။ ဒီပွဲရဲ့အဖြေက မရွှေးရသေးတဲ့ NFS FC ဂိုးသမားပေါ်မှာ အနည်းငယ်မူတည်နေပါတယ်။ ကိုဥာဏ်၊ဇင်လင်းဦး၊ရွန်းညီ၊ရာမီးရက်အတွဲက ထိပ်တန်းအဆင့်ဆိုပေမဲ့ နောက်တန်းက အတော်လေးအားနည်းနေပါတယ်။ ဒီအခွင်.ရေးကို MRB က အသုံးချမယ်ဆိုရင်အဖိုးတန်(3)မှတ်ကို ရမှာဖြစ်ပါတယ်။ MRB က ဖြိုးဇော်၊ဖေဘီယာနို၊ကလစ်ထွေး၊ဒီမာရီယာတို.ကို ထိန်းချုပ်နိုင်မယ်ဆိုရင် NFS FC အတွက် အမှတ်ရမှာ ကျိန်းသေပါတယ်။ ဒီပွဲအဖြေကတော့ NFS FC အတွက် အမြင့်ဆုံး သရေပဲ မျှော်မှန်းသင့်ပါတယ်။ ယခုလက်ရှိကျင်းပနေတဲ့ ကိုပါအမေရိကပြိုင်ပွဲလို မထင်မှတ်တဲ့ရလဒ်လည်းဖြစ်ပေါ်နိုင်ပါတယ်။
Post by JSF(Joint Strike Fighter)

1 comments:
ကောင်းကြီး....မင်းကတော့ကွာ ငါ့ကို ဆိုးကမ်းဘဲလ်နဲ့ များနှိုင်း
ရက်တယ်ကွာ...မတော်..ဖာဒီနန်လောက်ဆိုတော်သေး...:D
Post a Comment