ဒီနှစ်သင်းဟာ ထိပ်တိုက်တွေ.ဆုံမှု လုံးဝမရှိသေးပါဘူး… ဘာဖြစ်လို.လဲဆိုတော့ အခုမှစတွေ.ကြလို.ပဲဖြစ်ပါတယ်…ဒီနှစ်သင်းရဲ့ ကစားသမားစာရင်းအရ Red Devil FC အသင်းက
နှာတစ်ဖျားသာတယ်လို.ဆိုရမှာဖြစ်ပါတယ်။ ဗိုလ်စွဲရန်ရေပန်းစားမှုမှာလည်း Red Devil FC က အဆင့်(3)မှာရှိပြီး Soccer King FC ကတော့ လူစာရင်းအရအဆင့်(5)မှာရှိပါတယ်။ Red Devil FC အသင်းရဲ့အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူထားတဲ့ ဖားကြီးကလည်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဗဟိုခံစစ်မှုးဖြစ်တဲ့ ဖာဒီနန်နဲ့ နင်လား ငါလားပါပဲ။ ဗဟိုခံစစ်မှုးပီပီဘယ်လောက် အကြမ်းအတမ်းဖျက်ထုတ်သလိုဆိုရင် အမြဲတမ်း ကွင်းထဲမှာ မှောက်လဲလို. ဒူးမှာ အမာရွှတ်တွေ စီတန်းနေပါတယ်။ ဒ့ါအပြင် နောက်တန်းကော အလယ်တန်းအဖျက်ပါ ကစားနိုင်တဲ့ ရွာသား(ခ) စိုးလင်းဦးဟာဆိုရင်လည်း မကွေးတိုင်း၊ပွင်.ဖြူမြို.နယ်၊ဆည်တော် ကျေးရွာလက်ရွေးစင်ဖြစ်သလို မန်ယူအသင်းက အာရှသား ပတ်ဂျီဆန်လို ကွင်းလယ်မှာ အမွှေအနှောက် အင်မတန်ကောင်းပါတယ်။ စလိုက်ပြစ်တာကတော့ ဒီကစားသမားကို ဘယ်သူမှ မမှီပါဘူး။ တစ်သက်အသင်းသားများ ဒူးမပြဲချင်လျှင်
သူကိုရှောင်တိမ်းဖို.လိုအပ်ပါမယ်။ ဒီကစားသမားကိုလည်း မန်ယူနည်းပြ ဖာဂီကြီးက သူ.အသင်းရဲ့ လစ်လပ်သွားတဲ့ ၀ါရင့်ကွင်းလယ်လူပေါ့စခိုးလ်နေရာ အစားထိုးဖို. ပြောင်းရွှေ.ကြေး ယူရို(4) သန်း
တစ်ပတ်လုပ်ခ ပေါင်(2သိန်းခွဲ) စီရော်နယ်ဒိုလစာနည်းပါးပေးတာတောင် ငြင်းဆန်နေသူဖြစ်ပါတယ်။
ရှေ.တန်းတိုက်စစ်မှုးဖြစ်တဲ့ ကျော်ဇေ (Ka Zay)ဟာဆိုရင်လည်း လူကောင်သေးသလောက် အဆိပ်ပြင်းပါတယ်။
လူကောင်သေးပြီး ပေါ့ပါးသွက်လက်ပြီး တစ်ဖက်နောက်တန်းတွေကို ဖ၇ိုဖရဲဖြစ်တတ်အောင်လုပ်တတ်ပြီး
အမြဲတမ်းလူကျွှံနေတတ်ပါတယ်။ Red Devil FC အသင်းရဲ.နောက်ထပ်တိုက်စစ်မှုးတစ်ယောက်ဖြစ်တဲ့ နည်းပညာဝန်းကြီးဌာနရဲ့ လက်ရွေးစင်ဖြစ်တဲ့ ကိုစိုးနေလင်းအောင် ကလည်း အသက်အရွှယ်အကျပိုင်းရောက်နေသော်လည်း မန်ယူက မိုက်ကယ်အိုဝင်လည်း အဆုံးသတ်သေချာတဲ့ တိုက်စစ်မှုးတစ်ယောက်ဖြစ်ပါတယ်။ ဗဟိုခံစစ်မှုးတွေဖြစ်ကြတဲ့ ကျော်ဇောမောင်.. ကိုမျိုးပိုင်ဆက်တို. အတွဲဟာလည်း မန်ချက်စတာယူနိုက်တက် အသင်းက လူငယ်တွေဖြစ်ကြတဲ့ စမောလင်းနဲ့ အီဗန်. အတွဲနဲ.
ထူးမခြားနားပါပဲ.. ဒီနောက်တန်းနှစ်ယောက်ကို ကျော်ဖြတ်ပြီး ဂိုးသွင်းဖို.ဆိုရင် တစ်ဖက်အသင်းက တိုက်စစ်မှုးတွေဟာ မက်ဆီလို အလိမ်အခေါက်ကျွမ်းမှ ဖြစ်နိုင်ပါမယ်… သို.မဟုတ်လျှင် ကိုမျိုးပိုင်ဆက်
တစ်ချက်လူကာပြီး ဘော်ဒီပေးလျှင် တိုက်စစ်မှုး ပြစ်လှဲသွားနိုင်ပါတယ်။ ဂိုးသမားဖြစ်တဲ့ စည်သူအောင်ဟာလည်း စပါးအသင်းက ဂိုးမက်စ်လို Own Goal အမြဲတမ်းဖြစ်တတ်ပေမဲ့ တော်ရုံတန်ရုံ ကန်ချက်တွေကိုတော့ အသာလေး ဖမ်းနိုင်ပါတယ်။ Soccer King FC အသင်းကတော့ အသင်းရဲ့ အဓိက Key Player တွေဖြစ်တဲ့ ကိုညီ နဲ့ ရော်နယ်ရွှေတို. အတွဲ အချိတ်အဆက်မိမှ ကစားကွက်ကျနိုင်ပါတယ်.. အဲဒီနှစ်ယောက်သာ အချိတ်အဆက်မမိဘူးဆိုရင် တစ်ဘက်အသင်းရဲ့ ချယ်လှယ်စိုးမိုးမှုကို ကျိန်းသေးပေါက် ခံရမှာပဲဖြစ်ပါတယ်။ ကိုညီဟာဆိုရင်လည်း အာဆင်နယ်အသင်းက နာဆရီလို ကွင်းလယ်အသားစီးကောင်းသလို ရော်နယ်ရွှေကလည်း စီရော်နယ်ဒိုလ်နဲ့ ဘာမှမဆိုင်ပါဘူး။ သူ.စတိုလ်တွေ လိုက်ခိုးထားတာပါ :D နောက်တန်းခံစစ်မှုးဖြစ်တဲ့ သိန်းဒီနန်ကလည်း MLN CUP Grand Royal 2009 ချန်ပီယံရတနာပုံအသင်းနဲ့ အတူအရန်ထိုင်ခုံမှာ ထိုင်ပြီးခြေစွမ်း ပြလာတဲ့ နောက်တန်းခံစစ်မှုးတစ်ယောက်ဖြစ်ပါတယ်။ နောက်တန်းယောင်ယောင် အလယ်တန်းယောင်ယောင် အောင်ပြည်.စုံ(ခ)အဒီဘယောဟာလည်း လျှော.တွက်လို.မရတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်… အာဆင်နယ်ကနေ မန်စီးတီး… မန်းစီးတီးကနေ ရီးရဲမက်ဒရစ် အဲဒီလို အသင်းတည်ငြိမ်မှုမရှိပဲ ခိုကိုးရာမဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်လို. Soccer King FC အသင်းနည်းပြက ထမင်းကျွေးနေစ၇ာပေးပီး တစ်ပတ်လုပ်ခ ရူဘယ်(500)နဲ. ၆ လ စာချုပ် ချုပ်ဆိုးထားသူဖြစ်ပါတယ်။ နောက်တန်းနောက်တစ်ယောက်ဖြစ်တဲ့ ကိုတင်ကိုကိုဝင်းဟာလည်း ယမန်နှစ်ချစ်ကြည်ရေးပွဲမှာ အာဆင်နယ်က ရမ်းဆေးလို ဒဏ်ရာအပြင်းထန်ရပီး ကျောက်ပတ်တီးကိုင်ခံရပီး 1နှစ်နီးပါ အနားယူနေသူဖြစ်ပါတယ်။ ဒီနှစ် Kaluga Myanmar Summer Football Challenge Cup မှာ ပုံမှန်းခြေစွမ်းပြန်လည်ရယူဖို. ကြိုးစားနေသူဖြစ်ပါတယ်။ကွင်းလယ်အဖျက်နဲ့ ရှေ.တန်းပါကစားနိုင်တဲ့ မက်ဆီရဲ(ရဲထွန်းမင်း) ကတော့ မက်ဆီလို အလိမ်အခေါက်ကျွမ်းပါတယ်။ သို.ပေမဲ့ ဘော်ဒီတိုင်လျှင် တစ်ထိုင်တည်း လှဲကျသွားတတ်ပါတယ်။မန်စီးတီးက ဂိုးသမားဖြစ်တဲ့ ဂျိုးဟတ်လို.တင်စားနေတဲ့ ရဲဘုန်းဟတ်(ရဲဘုန်းကျော်)ကတော့ ဒီနှစ်မှ စတင်ဂိုးဖမ်းမဲ့သြူုဖစ်သလို မန်ယူက ဘုန်းတစ်ဂိုးရှင်ဖြစ်တဲ့
ကတ်ဇတ်လိုတော့ ဖြစ်မယ်မထင်ပါဘူးခင်ဗျာ… ဘယ်လိုဖြစ်စေကာမူ Kaluga Myanmar Summer Football Challenge Cup ရဲ့ ဖွင်.ပွဲဖြစ်တာနဲ့အညီ ကစားသမားစာရင်းအရ တူညီမှုရှိနေတာကြောင်. အကျိတ်အနယ်ဖြစ်မှာ သေချာပါတယ်… Soccer King FC အသင်းက ညီကာမိုဒရစ်နဲ့ စီရော်နယ်ရွှေ အချိတ်အဆက်မိဖို.လိုသလို တစ်ဘက်အသင်းက ရွာသား၊ကျော်ဇေ၊ဖားကြီး တို.အတွဲကိုလည်း
သိန်းဒီနန်နဲ့ အဒီဘာယောတို. ထိန်းချုပ်နိုင်ဖို.လိုအပ်ပါတယ်။ Red Devil FC ဂိုးသမားက အတွေ.အကြုံအနည်းငယ်ရှိပြီး Soccer King FC ကတော့ လူငယ်လက်သစ် ဂိုးသမားပဲဖြစ်ပါတယ်။ ရွာသား၊ကျော်ဇေ၊ဖားကြီး တို.အတွဲ ရုန်းအားကောင်းလျှင် ကျိန်းသေပေါက် ဂိုး၇မှာဖြစ်ပါတယ်။ Soccer King FC ကအသင်းခံစစ်ပိတ်ကစားပြီး ရော်နယ်ရွှေ(သို.)ညီကာမိုဒရစ်ကို အထောင်ထားပြီး Counter နဲ့ ကစားနိုင်ပါတယ်။ ဒီပွဲအဖြေကတော့ သရေ(သို.မဟုတ်) Red Devil FC ကပ်နိုင်ပါလိမ့်မယ်။
Post by JSF(Joint Strike Fighter)






1 comments:
ရော်နယ်ရွှေလို့ မပြောပါနဲ့ကွာ...ဒိုလေးကြားရင် ဘောလုံးကန်တာကနေ ရာသက်ပန် နားနေပါအုံးမယ်....အ၇ပ်အမောင်း ဘောဒီ စတိုင် တစ်ခုမှ မတူလို့ပါ....း)))))
Post a Comment