မနက်ဖြန်(၃.၅.၂၀၁၂) ရက် ကြာသပတေးနေ.မှာကာလုဂါမြန်မာကျောင်းသားများရဲ့ နွေရာသီ အပျော်တမ်းချစ်ကြည်ရေး ပြိုင်ပွဲကြီးရဲ့ ပွဲစဉ်(၁)နဲ့ ပွဲစဉ်(၂)ကို ယှဉ်ပြိုင်ကစားကြတော့မှာ ပဲဖြစ်ပါတယ်။ ပွဲစဉ်(၁)ကို ညနေ(၄:၃၀) နာရီမှာ စတင်ကစားမှာဖြစ်ပြီး ပွဲစဉ်(၂)ကိုတော့ ညနေ(၆:၀၀) နာရီမှာယှဉ်ပြိုင်ကစားသွားကြမှာပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးရဲ့ ဖွင့်ပွဲအခမ်းအနားကိုလည်း ပွဲစဉ် (၁)မစမီ ဒီပြိုင်ပွဲကြီး လက်ခံကျင်းပမဲ့ ကာလုဂါမြို့ မြန်မာကျောင်းသားများရဲ့ကွင်းဖြစ်တဲ့ DUU PYAL ကွင်းကြီးမှာပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲဖွင့်ပဲအခမ်းအနားကို ကမ္ဘာကျော်နာမည်ကြီးအဆိုတော် မြန်မာနိုင်ငံနွယ်ဖွား ရှမ်းပြည်နယ်ဒေသကြီး တောင်ကြီးသား စိုင်းစိုင်းခမ်းလှိုင်နဲ့ သီရိဆွေတို့ကိုယ်တိုင် GOAL ဆိုတဲ့ သီချင်းနဲ့ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူတို.နှစ်ယောက်ရဲ့သီချင်းပဲဖြစ်တဲ့ ဖုတ်လိုက် ဖုတ်လိုက်သီချင်း၊ အဲဒီနောက်မှာတော့ ကိုလံဘီယာနွယ်ဖွား ရှာကီယာရဲ့ ၀ါကာဝါကာ၊ အဲဒီနောက်မှာတော့ မိုက်ကယ်တယ်လိုရဲ့ နော့စ နော့စဆိုတဲ့ ဘရာဇီးသီးချင်းဖြစ်တဲ့ Ai Se Eu Te Pego၊ အဲဒီနောက်မှာတော့ အမေရိကန်အဆိုတော်လေဒီဂါဂါ၊ ကနေဒီယမ်နွယ်ဖွား အင်္ဂလန်အဆိုတော် ဂျတ်စတင်ဘီဘာ၊မြန်မာနိုင်ငံသားအဆိုတော် ဘရိတ်ကီ တို.ရဲ့
POP – RAP – HIP HOT စတဲ့
မြုးကြွှတဲ့
သီချင်းများစွာဖြင့်ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပါတယ်။ ရုရှားနိုင်ငံ ကာလုဂါမြို. မြန်မာကျောင်းသားများရဲ့ နွေရာသီ အပျော်တမ်းချစ်ကြည်ရေး ပြိုင်ပွဲကြီးရဲ့ ဖွင့်ပွဲအခမ်းနားကို ရုရှားနာမည်ကြီးဘောလုံးသမား အာရှာဗင်၊ ရုရှားနာမည်ကြီးတင်းနစ် မယ် မာရီရာ ရှာရာဗိုဗာ၊ ချယ်ဆီးလ်အသင်းပိုင်ရှင် ရုရှာလူမျိုးအီဗရာမိုဘစ်ခ်ျ၊ ရုရှားဝန်ကြီးချုပ် ဗလာဒီမာပူတင် ကိုယ်တိုင်ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာ ဒီပြိုင်ပွဲကြီးကို အထူးစိတ်ဝင်စားနေတဲ့ နိုင်ငံရေးနယ်ပယ်မှ နေရာတကာသူမပါရင် ပွဲမစည်ဘူးဆိုတဲ့ အမေရိကန်သမ္မတ ဘားရက်စ်အိုဘားမား၊ ဘယ်သူကိုမှ ဆောက်ဂရူမစိုက်တဲ့ အီရန်သမ္မတ မိုဟာမက်အမာဒီနီဂျက်စ်၊ ပြင်သစ်သမ္မတ နီကိုစလပ် ဆာကော်ဇီ ၊ ဂျာမဏီဝန်ကြီးချုပ် ကယ်လ်မာ၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအင်၊ ထိုင်းဘုရင် ဘူမိဘောအဒူလျာရာဒက်၏ သမီးတော် မဟာချက်ကရီ သီရိဒုံ၊ အင်္ဂလန်တော်ဝင် ဘုရင်မကြီး အဲလစ်ဇဘက်၊ ဘောလုံးနယ်ပယ်မှ နာမည်ကျော်နည်းပြကြီးဖြစ်တဲ့ မန်ယူနည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်၊ ရီးရဲနည်းပြ ဂျိုးဇက်မော်ရင်ဟို၊ နာမည်ကျော်ကစားသမားများဖြစ်ကြတဲ့ ပေါ်တူဂီနိုင်ငံသား စပိန်ကလပ် ရီးရဲမက်ဒရစ်အသင်းကစားသမား စီရော်နယ်ဒို ၊ ဘရာဇီးနိုင်ငံသား ဘရားဇီကလပ် ဆန်းတို.စ်အသင်း ကစားသမား နေမာ၊ ဂျပန်နိုင်ငံသား ဂျာမဏီကလပ် ဒေါ့မွန်အသင်းကစားသမား ရှင်ဂျီကာဂါဝါ ၊မြန်မာနိုင်ငံသား မြန်မာကလပ် ဇေယျာရွှေမြေကစားသမား ကျော်ကိုကို၊ စီပွားရေးနယ်ပယ်မှ မိုက်ကရိုဆော့ပိုင်ရှင် ဘီဂိတ်စ်၊ တယ်လီဂွန်လုပ်ငန်းများပိုင်ရှင်
ကားလို.စ်စလင်း ၊ ထူးထရေးရှင်း ဥက္ကဌ ဦးတေဇ စတဲ့နယ်ပယ်အသီးသီးမှ အောင်မြင်ကျော်ကြားသူများကိုယ်တိုင် တက်ရောက်အားပေးချီးမြင့်သွားမှာဖြစ်ပါတယ်ခင်ဗျာ.. :D ဒီပြိုင်ပွဲကြီး နိုင်ငံပေါင်း(၆၀)ကျော်မှ ဂျာနယ်လစ် သတင်းထောက်အယောက် (၁၃၀) ကျော် လာယောက်သတင်းယူသွားမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးရဲ့ ပွဲစဉ်အားလုံးယှဉ်ပြိုင်မှုကိုလည်း နာမည်ကြီး အယ်ဂျားဇီရာ ရုပ်သံဌာန၊ CCTV ၊ Sky Net တို.မှ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမှာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းရှိ ဘောလုံးပရိတ်သတ်များ စိတ်ဝင်စားနေတဲ့ ဒီပြိုင်ပွဲကြီးမှာ ဘယ်ကစားသမားတွေခြေစွမ်းပြပီး ဘာတွေဘယ်လို ဖြစ်လာမလဲဆိုတာကတော့ အုပ်စုတွင်းပွဲစဉ်များကို အားပေးရင်း……………………………..
Post by JSF(Joint Strike Fighter)






0 comments:
Post a Comment