ကာလုဂါ မြန်မာကျောင်းသားများရဲ့ နွေရာသီအပျော်တမ်း ချစ်ကြည်ရေး ပြိုင်ပွဲကြီးရဲ့ ပွဲစဉ်(၂) အဖြစ်
(၃.၅.၂၀၁၂) ရက်နေ. ညနေ (၆:၀၀)နာရီမှာ B.E FC အသင်းနဲ့ R Young Star FC အသင်းတို. ယှဉ်ပြိုင်ကစားသွားကြမှာပဲဖြစ်ပါတယ်။ B.E FC အသင်းကတော့ ဒီပြိုင်ပွဲကြီးရဲ့ 2009—2010 ချန်ပီယံဖြစ်ပီး ယမန်နှစ်က ဗိုလ်လုပွဲအထိတက်ရောက်နိုင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။ R Young Star FC အသင်းကတော့ ဒီနှစ်မှ ကစားသမားအသစ်များစွာဖြင့် စုဖွဲ့ကာ ပါဝင်ယှဉ်ပြိုင်တဲ့ အသင်းပဲဖြစ်ပါတယ်။ ဒီနှစ်သင်းကတော့ ရှေ.၊လယ်၊နောက် ကစားသမားအင်အားချင်း မျှတနေတဲ့ အသင်းတွေဖြစ်ကြပြီး နောက်တန်းချင်းယှဉ်ရင်BE FC က နောက်တန်းအနည်းငယ်အားနည်းသလို အလယ်တန်းချင်းယှဉ်ရင်
R Young Star FC က
အလယ်တန်း
အနည်းငယ်အားနည်းနေပါတယ်။
BE FC အသင်းမှာ ၀ါရင့်ဂိုးသမား ယုဂီယာလို.တင်းစားနေကြတဲ့မောင်မောင်ယု(ခ)အောင်ကျော်ယုကထိပ်တန်းအဆင့်ဂိုးသမားတစ်ယောက်ဖြစ်ပါတယ်။ အလယ်တန်းဖြစ်တဲ့ အသင်းခေါင်းဆောင် ရဲကြီး(ခ) ရဲနန္ဒကျော် နဲ့ ကွင်းလယ်အဖျက် ရွာသား(ခ)စိုးလင်းဦးတို.က လည်းအတွေ.အကြုံရင့်ကစားသမားတွေဖြစ်ပါတယ်။
BE
FC အသင်းရဲ့
ရှေ.တန်းမှာ ပေါ်တူဂီနိုင်ငံသား စီရော်နယ်ဒိုလ်နဲ့ နင်လား ငါလားလို.တောင်ပြောလို.ရတဲ့
အလိမ် အခေါက် အလှည့် အပတ် ဆိုဒ်ကိုက်ကအစ အကုန်လုံးကျွမ်းကျင်တဲ့ ၀ါရင့်တိုက်စစ်မှုး ရော်နယ်ရွှေ(ခ)ကရင်လေး(ခ)ကရင်မ(ခ)မျိုးငြိမ်းရွှေ
ကိုပိုင်ဆိုင်ထားပါတယ်။
ရှေ.တန်းတိုက်စစ်မှုးဖြစ်တဲ့ စိုးနေလင်းအောင်က ပွဲအတွေ.အကြုံ အရမ်းနည်းပါးလွန်းပီး ထင်သလောက်ခြေစွမ်းပြနိုင်မလားဆိုတာကိုတော့ထည့်စဉ်းစားရပါ့မယ်။ နောက်တန်းတွေဖြစ်တဲ့ ဖာဒီနန်လက်သစ်လို.တင်စားခြင်းခံနေရတဲ့ သိန်းဒီနန်(ခ)သိန်းဝင်းနဲ့ ရီးရဲမက်ဒရစ်သမိုင်းမှာ အနီကဒ်စံချိန်တင်ထိထားတဲ့ ရာမို.စ်လက်သစ်လို.တင်စားနေကြတဲ့ အောင်မိုးတို.ဟာ ၀ါရင့်ကစားသမား အတွေ.အကြု့များစွာရှိပေမဲ့ နောက်တန်းလည်းရ ကွင်းလယ်အဖျက်ပါရတဲ့ တာယာမျိုးကတော့ ပွဲအတွေ.အကြုံနည်းပါးပါတယ်။ BE FC အသင်းက ရှေ.တန်းမှာ စိုးနေလင်းအောင်ကို အထောင်ထားပီး
ရှေ.တန်းတိုက်စစ်မှုးဖြစ်တဲ့ စိုးနေလင်းအောင်က ပွဲအတွေ.အကြုံ အရမ်းနည်းပါးလွန်းပီး ထင်သလောက်ခြေစွမ်းပြနိုင်မလားဆိုတာကိုတော့ထည့်စဉ်းစားရပါ့မယ်။ နောက်တန်းတွေဖြစ်တဲ့ ဖာဒီနန်လက်သစ်လို.တင်စားခြင်းခံနေရတဲ့ သိန်းဒီနန်(ခ)သိန်းဝင်းနဲ့ ရီးရဲမက်ဒရစ်သမိုင်းမှာ အနီကဒ်စံချိန်တင်ထိထားတဲ့ ရာမို.စ်လက်သစ်လို.တင်စားနေကြတဲ့ အောင်မိုးတို.ဟာ ၀ါရင့်ကစားသမား အတွေ.အကြု့များစွာရှိပေမဲ့ နောက်တန်းလည်းရ ကွင်းလယ်အဖျက်ပါရတဲ့ တာယာမျိုးကတော့ ပွဲအတွေ.အကြုံနည်းပါးပါတယ်။ BE FC အသင်းက ရှေ.တန်းမှာ စိုးနေလင်းအောင်ကို အထောင်ထားပီး
မျိုးငြိမ်းရွှေကို Wings ကနေ ဘယ်/ညာ နှစ်ဘက်လုံးဖြန်.ကျက် ကစားခိုင်းနိုင်ပါတယ်။ ကွင်းလယ်မှာတော့ အသင်းခေါင်းဆောင် ရဲကြီးနဲ့ စိုးလင်းဦးတို. ကစားမှာဖြစ်ပြီး နောက်တန်းမှာတော့ သိန်းဝင်း(သို.မဟုတ်) အောင်မိုး အထိုင်(Center Back)ထားပီး 2-2-2 အကွက်နဲ့ ပွဲထွက်လာနိုင်ပါတယ်။ တစ်ဖက်အသင်းက တိုက်စစ်မြင့်လာရင်တော့ ရဲကြီးဟာနောက်တန်းအထိုင်ထိ လိုက်ပါကူနိုင်ပီး ကစားကွက်က 3-1-2 (သို.မဟုတ်) ရော်နယ်ရွှေပါ ကွင်းလယ်ဆင်းကာ 3-2-1 အဖြစ်ပြောင်းလဲကစားဖို.ပဲရှိပါတယ်။ R Young Star FC မှာတော့ အတွေ.အကြံ.ရင့်ကစားသမား များစွာပါဝင်ပေမဲ့ Team-
Work ထင်သလောက်
Loading ဖြစ်မလာနိုင်ပါဘူး။ ရှေ.တန်းတိုက်စစ်မှုးသက်သက်ဖြစ်တဲ့ မန်ယူတိုက်စစ်မှုး ရွှန်ညီလို. သူကိုယ်သူတင်စားနေတဲ့ ညီညီအောင်(ခ)ရွှန်ညီဟာ တိုက်စစ်သက်သက်သာဖြစ်သလို ကွင်းလယ်ကိုဆင်းမကူနိုင်ပါဘူး။ ချီချာရီတိုလိုသာ ဂိုးသွင်းများပီး ရွှန်နီလို Free
Role ကစားနိုင်စွမ်းမရှိပါဘူး။ အန်တိုနီယာဗလင်စီယာလို.တင်စားခေါ်ဝေါ်ခြင်းခံနေရတဲ့ အသင်းခေါင်းဆောင် အောင်ဖြိုးကတော့ ၀ါရင့်ကစားသမားတစ်ယောက်ဖြစ်ပီး ပွဲအတွေ.အကြုံများစွာရှိပီး ကွင်းလယ်ရော တိုက်စစ်ပါ လိုက်ပါကစားနိုင်သူဖြစ်ပါတယ်။ R Young Star FC အသင်းအနေနဲ့ ကစားသမားဖြစ်တဲ့ ဥက္ကာမင်းကို ဘယ်နေရာမှာ ကစားခိုင်းပီး ပွဲထွက်လာမလဲဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။နောက်တန်းမှာ ဝေယံအောင်နဲ့ ချမ်းမြေ့ကိုကို ရဲနိုင်ထွန်းတို.ထဲက နှစ်ယောက်က
အထိုင်အဖြစ်ကစားခိုင်းမယ်ဆိုရင် ဥက္ကာမင်းဟာ သေချာပေါက် ကွင်းလယ်ကစားသမားဖြစ်မှာပါ။ ဂိုးသမားကတော့ ကာဆီးတောက်လို. တင်းစားခြင်းခံနေရတဲ့ ထွန်းတောက်အောင်ကတော့ မထင်ရင် မထင်သလို လက်စွမ်းပြ ကာကွယ်နိုင်တဲ့ ဂိုးသမားတစ်ယောက်ပဲဖြစ်ပါတယ်။ တိုက်စစ်မှာတော့ ညီညီအောင် တစ်ယောက်ထဲကိုပဲ အထောင်သက်သက်ထားကစားပီး ကွင်းလယ်မှာ အောင်ဖြိုး-ဥက္ကာမင်း အတွဲနဲ့ 3-2-1 နဲ့ပွဲထွက်လာနိုင်ပါတယ်။ အသင်းရဲ့ နောက်တန်းကစားသမားဖြစ်တဲ့ မျိုးပိုင်ဆက်ကိုတော့ ပွဲချိန်ပြည့်အသုံးပြုမယ်မထင်ပါဘူး။ နှစ်သင်းစလုံး ဒဏ်ရာရ ကစားသမားမရှိပါဘူး။ BE FC အသင်းရဲ့ ရော်နယ်ရွှေ အလိမ်အခေါက် အကွက်မိခဲ့ရင် R Young Star နောက်တန်းအလုပ်များမှာ ကျိန်းသေးပါတယ်။ R
Young Star အသင်းက
ညီညီအောင်(ခ)ရွန်နီ ကွင်းလယ်အထိ ဘောလုံးဆင်းယူနိုင်ပီး ကွင်းလယ်က အောင်ဖြိုးနဲ့ ဥက္ကာမင်းသာ အကွက်မိခဲ့မယ်ဆိုရင် R Young Star FC အသင်း သေချာပေါက် အမှတ်ရမှာပါ။ဒီပွဲအဖြေကတော့ R Young Star FC အမြင့်ဆုံး မျှော်မှန်းရမှာက သရေဖြစ်ပြီး …..
သရေဆိုတာ နှစ်သင်းစလုံးအတွက် သင့်တော်မျှတတဲ့ အဖြေဖြစ်ပြီး … အနိုင်ဆိုရင်တော့ အစဉ်အလာကြီးမားတဲ့ BE FC အသင်းပဲ ဖြစ်ပါလိမ့်မယ်။
Post by JSF(Joint Strike Fighter)






0 comments:
Post a Comment