ကာလုမြို.ရောက် မြန်မာကျောင်းသားများရဲ့ နွေရာသီကို ကြိုဆိုသောအားဖြင့် ကျင်းပလျက်ရှိတဲ့
အပျော်တမ်းချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကြီးရဲ့
အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်များဖြစ်တဲ့ ပွဲစဉ်(၉)နဲ့ ပွဲစဉ်(၁၀)ကို (၇.၅.၂၀၁၂) ရက်နေ.မှာ
ကျင်းပသွားမှာပဲဖြစ်ပါတယ်။ ပွဲစဉ်(၈)ပွဲအထိ ကစားလို.အပြီးမှာတော့
Fighter FC အသင်းက (၄)ပွဲကန် (၂)ပွဲနိုင် (၁)ပွဲသရေ
(၁)ပွဲရှုံး ရမှတ် (၇)မှတ်ဖြင့် Play-Off အဆင့်ကိုသေချာပေါက်ကစားခွင့်
ရရှိခဲ့ပီးဖြစ်ပါတယ်။ ပွဲစဉ်(၉) အဖြစ်
Zippy FC အသင်းနဲ့ B.E FC အသင်းတို.ကတော့ (၇.၅.၂၀၁၂) ရက်နေ. DUU PYAL ကွင်းကြီးမှာ ညနေ(၄:၃၀) နာရီမှာ
ယှဉ်ပြိုင်ကစားသွားမှာပဲဖြစ်ပါတယ်။ Zippy
FC အသင်းကတော့ (၃)ပွဲကန်အပြီး ရမှတ်(၆)မှတ် ဂိုးကွားခြားချက် (+၃)ဖြင့် (၁)ပွဲလျှော့
အနေအထားဖြင့် ဇယားဒုတိယမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဒီပွဲမှာ အနိမ့်ဆုံး သရေကစားရုံဖြင့်
Zippy FC အသင်း ဗိုလ်လုပွဲကို တက်ရောက်ခွင့်ရရှိမှာပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးရဲ့
အစဉ်အလာကြီးမားတဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတဲ့ B.E FC အသင်းကတော့ (၃) ပွဲကန်အပြီး
(၁)ပွဲနိုင် (၂)ပွဲရရှုံး ရလဒ်ဖြင့် ဇယားအောက်ဆုံးကကို ရုန်းမထွက်နိုင်တော့ပဲ
Play-Off မျှော်လင့်ချက် ကုန်သလောက်နည်းပါးဖြစ်နေတဲ့အသင်းဖြစ်ပါတယ်။ ဒီပွဲကို အနိမ့်ဆုံး
(၂) ဂိုးပြတ်ဖြင့်အနိုင်ရရှိမှာသာ မျှော်လင့်ရရှိမှာဖြစ်ပြီး ပွဲစဉ်(၁၀)ဖြစ်တဲ့ R
Young Star FC အသင်းနဲ့ Need For Speed FC အသင်းတို. သရေကျခဲ့မှသာ Play-Off ကို ကစားခွင့်ရရှိမှာဖြစ်ပါတယ်။
ပွဲစဉ်(၁၀)မှာ အနိုင် အရှုံး အဖြေပေါ်ထွက်လာခဲ့ရင်တော့ B.E FC အသင်း Zippy FC အသင်းကို
ဘယ်လိုနိုင်နိုင် တက်ရောက်ခွင့် ရရှိမှာမဟုတ်ပါဘူး။ Zippy FC အသင်းကတော့ သရေ တစ်မှတ်ရရှိယုံဖြင့်
တိုက်ရိုက် ဗိုလ်လုပွဲကို တက်ရောက်ခွင့်ရရှိမှာဖြစ်တဲ့ အတွက် သရေ ရလဒ်ကိုသာထိန်းကစားသွားဖို.
ရှိပီး ဒီပွဲကိုအမှားခံတော့မှာ မဟုတ်ပါဘူး။ B.E FC အသင်းကတော့ အသင်းရဲ့ အသင်းသားတွေနားလည်မှု
လွှဲချော်နေပါတယ်။ အသင်းရဲ့ အာထားရတဲ့ တိုက်စစ်မှုး ရော်နော်ရွှေ အထိနာနေမှု… အသင်းသားတွေရဲ့
စည်းလုံးမှုက ပျက်ပြားနေပါတယ်။ ဒါကြောင့် ဒီပွဲအဖြေကတော့
ထိန်းကစားပီး သရေရလဒ်နဲ့သာ ပီးဆုံးဖို.များပီး အနိုင်ဆိုရင်တော့ Rhythm မှန်နေပြီး
ဂိုးတွေကို နှစ်ပွဲဆက် ဂိုးပြတ် ဆက်တိုက်သွင်းယူနေတဲ့ Zippy FC အသင်းဘက်ကပဲ ရပ်တည်သင့်ပါတယ်။
Post
by JSF(Joint Strike Fighter)






0 comments:
Post a Comment