အနိုင်မခံအရှုံးမပေးစိတ်ဓတ်များဖြင့် ပြိုင်ဆိုင်မှု
ပြင်းထန်တဲ့ ကာလုဂါမြန်မာကျောင်းသားများရဲ့ နွေရာသီ အပျော်တမ်းချစ်ကြည်ရေး ပြိုင်ပွဲကြီးရဲ့
တတိယမြှောက်နေ.မှာ ပွဲစဉ်(၆) အဖြစ် Zippy FC နဲ့ Fighter FC အသင်းတို.က ညနေ(၆:၀၀)မှာ
မှာ ကာလုမြို.ရဲ့ DUU PYAL ကွင်းကြီးမှာ ဆက်လက်ယှဉ်သွားကြမှာပဲဖြစ်ပါတယ်။ Zippy FC
အသင်းကတော့ ပွဲစဉ်(၃)မှာ တစ်ပွဲကန်ပီး ရမှတ် တစ်မှတ်မှ မရရှိသေးတဲ့အသင်းဖြစ်ပီး
Fighter FC အသင်းကတော့ နှစ်ပွဲကန် ရမှတ်(၄)မှတ်ဖြင့် Need For Speed FC အသင်းနဲ့ ရမှတ်တူ
ဂိုးကွာခြားချက်အသာဖြင့် ဇယားထိပ်မှာ ရပ်တည်နေတဲ့အသင်းဖြစ်ပါတယ်။
Zippy FC အသင်းဟာ ပွဲစဉ်(၃)မှာ ပထမပိုင်းပီးခါနီး
နောက်တန်းလူ ကြည်ဇော်ရဲ့ ဖရီးကစ်မှတစ်ဆင့်
တိုက်စစ်မှုး သိန်းလွင်ဦးက အပိုင်းပိတ်သွင်းပီး
ဦးဆောင်ဂိုးရရှိခဲ့သော်ငြားလည်း …. ဒုတိယပိုင်း Team Work
Loading မကောင်းတော့ဘဲ Need For Speed FC အသင်းကို
ချေပဂိုးနဲ့ အနိုင်ဂိုးများကိုသွင်းယူခွင့်ပြုခဲ့လို.
အဖိုးတန်(၃)မှတ် ဆုံးရှုံးနစ်နာခဲ့ရပါတယ်။ ပွဲစဉ်(၃)မှာ
Zippy FC အသင်း လိုအပ်ချက်များစွာရှိခဲ့ပါတယ်။ ပွဲစဉ်(၃)အပီး သတင်းစာရှင်းလင်းပွဲမှာတော့
အသင်းရဲ့တိုက်စစ်မှုးဖြစ်သူ သိန်းလွင်းဦး(ခ)ဒီမာသိန်းက
“မမျှော့်လင့်တဲ့ ရလဒ်ပဲဖြစ်ပါတယ်။ ကျနော်တို.အသင်း
ကံမကောင်းခဲ့ပါဘူး။ ကံတရားက ပြိုင်ဘက်အသင်းကို အနိုင်ပေးလိုက်ပါတယ်။ နောက်ပွဲတွေမှာတော့
ဒီလိုမျိုးမဖြစ်အောင် အစွမ်းကုန်ကြိုးစားသွားပါမယ်” လို. ပွဲစဉ်(၃)မှာ ဘီယာသောက်ရင်း
သတင်းလာရောက်ယူနေတဲ့ ကာလုဂါမြို. အားကစားသတင်းအယ်ဒီတာဖြစ်သူ
ရန်လင်းအောင်ကို ပြောပြသွားပါတယ်။ Fighter FC အသင်းကတော့
ပွဲစဉ်(၄)ဖြစ်တဲ့ R Young Star FC အသင်းပွဲစဉ်မှာ ပွဲအစ (၂)မိနစ်နဲ့ (၅)မိနစ်မှာ ဆက်တက်ဆိုသလို
နောက်တန်းကစားသမားများနဲ့ အလယ်တန်းကစားသမားများ ERROR တက်ကာ တစ်ဖက်အသင်းကို ဂိုးများဆက်တိုက်
(၂) ဂိုး ပေးပီး ချေးပဂိုးများကို ပထမပိုင်းမပီးခင်မှာပဲ အသင်းခေါင်းဆောင် အောင်ကျော်စိုးနဲ့
ဒီပွဲမှာ အလယ်တန်းအဖြစ်ကစားသွားတဲ့ ဖြိုးဇော်
(ခ)အရှက်လေဖြိုး တို.က သွင်းယူခဲ့ပီး… အနိုင်ဂိုးနဲ့
ပွဲသိမ်းဂိုးများကိုတော့ ဒုတိယပိုင်းတွင် အလယ်တန်းကစားသမားဖြစ်တဲ့ သိန်းမင်းထိုက်နဲ့
ဖြိုးဇော်တို.ကပဲ သွင်းယူခဲ့ပါတယ်။Fighter FC အသင်းရဲ့ နောက်တန်းကစားသမားဖြစ်တဲ့ အောင်ပြည့်စုံ(ခ)
ဆမ်ဘာပြည်.စုံက “ပွဲအစမှာ ကျနော်တို.အသင်း အထနှေးခဲ့လို. ဂိုး(၂)ဂိုးကို ပေးလိုက်ရပါတယ်။
နောက်ပိုင်းမှာ အသင်းကိုပြန်လည်စုစည်းပီး ချေပဂိုးများနဲ့ အနိုင်ဂိုးများကို ကျနော်တို့အသင်း ဆက်တက်သွင်းယူနိုင်ခဲ့ပါတယ်။ ဒီနေ.ရလဒ်ကို ကျေနပ်ပါတယ်။
ပီတိလည်းဖြစ်ပါတယ်။ နောက်နေ. Zippy FC အသင်းနဲ့ပွဲမှာလည်း ကျနော်တို့အနူိုင်ရရှိအောင်
ဆက်လက်ကြိုးစားသွားမှာပါ။” လို.ပွဲအပီးမှာ Sky Sport သတင်းဌာနကို ပြောပြသွားခဲ့ပါတယ်။
ပွဲစဉ်(၆)ဖြစ်တဲ့ ဒီပွဲမှာတော့ Zippy FC အသင်းက ပွဲစဉ်(၃) မှာကစားတဲ့ အကွက်အတိုင်းဆိုရင်တော့
ကြက်ဥကွဲဦင်္းမှာ မဟုတ်ပါဘူး။ ပွဲစဉ်(၃)ဒုတိယပိုင်းမှာ Zippy FC အသင်းသားအများစု အမောမခံနိုင်ခြင်း၊
နောက်တန်းထိန်းချုပ်နေရမဲ့အစား
မလိုအပ်ပဲ ကွင်းလယ်ထိ လိုက်ပါတိုက်စစ်ဆင်ခြင်း၊
တစ်ဖက်အသင်းသားများကို အထင်သေးပီး လူကပ်မထားခြင်း စတဲ့ အချက်တွေကို ပြုပြင်နိုင်ခြင်းမရှိဘူးဆိုရင်
ဒီပွဲမှာလည်း အမှတ်ရရှိမှာ မဟုတ်ပါဘူး။
Zippy FC အသင်း ပွဲစဉ်(၃)မှာ ကစားသွားတဲ့ အကွက်ဖြစ်တဲ့
(3-2-1) အကွက်က အသင်းကို အချိတ်အဆက်မမိစေပါဘူး။နောက်တန်းအထိုင်ဖြစ်တဲ့ ကြည်ဇော် တစ်ယောက်ကိုပဲ
Defender အဖြစ်အားကိုးနေရပီး တိုက်စစ်ကိုလိုက်ပါတွဲနိုင်မဲ့သူ မရှိပါဘူး။ အသင်းခေါင်ဆောင်
ဖြိုးမြင့်ဝေ တစ်ယောက်တည်း ကွင်းလယ်မှာ အလုပ်မဖြစ်ခဲ့ပါဘူး။ အလယ်တန်းကျော်ဇေလည်း ထင်သလောက်
ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ဒါကြောင့် ဒီပွဲမှာ Zippy FC အသင်းကစားကွက်ကိုတော့ မပြောင်းလဲပဲ
လူအချိန်းအ ပြောင်းအလဲ လုပ်နိုင်ပါတယ်။အလယ်တန်းကစားသမားကျော်ဇေကို နောက်တန်း RB အဖြစ်ကစားခိုင်းပီး
နောက်တန်းမှာ အောင်ကိုထွေး၊ရန်နိုင်ထွန်းကို အထိုင်ထားပီး…
ကွင်းလယ်အဖျက် ကြည်ဇော်ကို
နောက်တန်းကော ၊ကွင်းလယ်အထိပါ လိုက်ပါကစားစေပီး တိုက်စစ်ကို
ပံ့ပိုးခိုင်းဖို.များပါတယ်။ ဒါကြောင့် (3-2-1) အကွက် တစ်ဖက်အသင်းက တိုက်စစ်ဆင်လာလျှင်
(4-1-1) ကိုလိုအပ်သလို အသုံးပြုဖို.ပဲရှိပါတယ်။ အဓိက ကျတဲ့ ကွင်းလယ်အဖျက် ကြည်ဇော်ရုန်းအားကောင်းမှာသာ
အသင်းကို အမှတ်ရရှိစေမှာဖြစ်ပီး..
ကြည်ဇော်သာ Energy ကုန်းခမ်းခဲ့ရင် ပွဲစဉ်(၃)ကလိုပဲ
ဖြစ်မှာကျိန်းသေးပါတယ်။ Fighter FC အသင်းကတော့ ပွဲစဉ်(၄)မှာ လူအချိန်းအပြောင်းလုပ်ခဲ့ပါတယ်။
ပွဲစဉ်(၁)မှာ ကစားခဲ့နောက်တန်းကစားသမားဖြိုးဇော်ကို အလယ်တန်း၊ ဂိုးသမား ထွန်းထွန်းကျော်ကို
အထိုင်နောက်တန်း ၊နောက်တန်းကစားသမားဖြစ်တဲ့ ကျော်သူအောင်ကို ဂိုးသမား၊ ရှေ.တန်းတိုက်စစ်မှုးဖြစ်တဲ့
နိုင်လင်ဦးကို နောက်တန်းဘယ်ဝင်းအဖြစ်ပြောင်းလည်းကစားခဲ့ပြီး ရီးရဲနည်းပြကြီး ဂျိုးဇက်မော်ရင်ဟိုရဲ့
BROKEN THEORY ကို အသုံးချသွားခဲ့ပါတယ်။ ဒီနေ.ပွဲဖြစ်တဲ့
Zippy FC အသင်းနဲ.ပွဲမှာလည်း ပွဲစဉ်(၄) ကစားကွက်အတိုင်း ဆက်လက်အသုံးပြုဖို.ပဲရှိပါတယ်။
ကွင်းလယ် နောက်တန်း အစစ အရာရာ အားနည်းနေတဲ့ Zippy FC အသင်း
Fighter ကို ယှဉ်နိုင်ဖို.ခဲယဉ်းပါတယ်။ ကစားသမားတစ်ဦးချင်းစီရဲ့
စွမ်းဆောင်ရည်ကို ထည့်တွက်ရမယ်ဆိုရင်
ဒီပွဲကတော့ Fighter FC အသင်းပဲ အနိုင်ရဖို.များပါတယ်။
Post by JSF(Joint Strike Fighter)






0 comments:
Post a Comment