Even They Given Cup,Never They Give Up, This is Kaluga Myanmar Summer Football Competition
ဆိုတဲ့အတိုင်း ကာလုကာမြို. မြန်မာကျောင်းသားများရဲ့ အနိုင်မခံ အရှုံးမပေးစိတ်ဓတ်များဖြင့်
ယှဉ်ပြိုင်နေကြတဲ့ နွေရာသီအပျော်တမ်း ချစ်ကြည်ရေးပြိုင်ပွဲကြီးရဲ့
ပွဲစဉ်(၇)အဖြစ် Zippy FC အသင်းနဲ့
R Young Star FC အသင်းတို.ဟာ (၆.၅.၂၀၁၂) ရက်နေ.
ညနေ(၄:၃၀)နာရီမှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။ နှစ်သင်းစလုံး (၂) ပွဲကန် (၁)ပွဲနိုင်
(၁) ပွဲသရေ ရလဒ်တူ အမှတ်(၃)မှတ်ချင်းတူနေပီး Zippy FC အသင်းက ဂိုးကွာခြားချက်ဖြင့်
အဆင့်(၃)နေရာ ရပ်တည်နေတဲ့အသင်းပဲဖြစ်ပါတယ်။ ဒီပွဲအနိုင်ရရှိတဲ့ အသင်းက အမှတ်ပေးဇယားထိပ်ကို
လွတ်လွတ်ကင်းကင်း ဦးဆောင်ခွင့် ရရှိမှာဖြစ်တဲ့ အတွက် အကြိတ်အနယ်ရှိလာမှာ အသေအချာပဲဖြစ်ပါတယ်။
Zippy FC အသင်းဟာ ပွဲစဉ်(၆)မှာ အသင်းဇယားထိပ်မှာ
ရပ်တည်နေတဲ့ Fighter FC အသင်းကို မမျှော်မှန်းထားတဲ့ တိုက်စစ်ဆင် ထိုးဖောက်မှုတွေနဲ့
ကစားသွားပီး (၃-၁) ရလဒ်ဖြင့် အနိုင်ကို ဆောင်ကျဉ်းနိုင်ခဲ့ပါတယ်။ ပွဲစဉ်(၆) စစချင်း
မိနစ်(၁၀) မိနစ်အတွင်းမှာ အဖွင့်ဂိုးပေးလိုက်သော်ငြားလည်း
အသင်းရဲ့ အနိုင်မခံ အရှုံမပေးစိတ်ဓတ်များဖြင့်
Fighter FC အသင်းကို ပြန်လည်ကစားသွားပြီး ချေပဂိုးကို အသင်းနောက်တန်းလူ အောင်ကိုထွေး(ခ)ကလစ်ထွေး၊
အနိုင်ဂိုးကို အသင်းရဲ့ အထောင်တိုက်စစ်မှုး သိန်းလွင်ဦး(ခ)ဒီမာသိန်း နဲ့ ပွဲသိန်းဂိုးကိုတော့
အသင်းအလယ်တန်းလူ ကြည်ဇော်တို.က သွင်းယူပီး ဂိုးကွာခြားချက်ဖြင့် ဇယားအဆင့်(၃)ကို တက်လှမ်းနိုင်ခဲ့ပါတယ်။
ပွဲစဉ်(၆)အပီး သတင်းစာရှင်းလင်းပွဲမှာတော့
အသင်းရဲ့ အားထားရတဲ့ တစ်ပွဲတစ်ဂိုးသွင်းနေတဲ့ တိုက်စစ်မှုးသိန်းလွင်ဦးက “ကျနော်အရမ်းပျော်ပါတယ်။ အနိုင်ရလဒ်ထက် ကျနော် ဂိုးသွင်းလို. ပိုပီး ပီတီဖြစ်မိပါတယ်။ ဘာဖြစ်လို.လဲဆိုတော့ ကျနော်အခုသွင်းယူနေတဲ့ဂိုးတွေဟာ ကျနော်ရဲ့ ချစ်သူကို လက်ဆောင်အဖြစ်ပေးတယ်လို. ရည်းမှန်းပြီး အသင်းအတွက် ဂိုးတွေကို သွင်းယူနိုင်လို.ပျော်မိပါတယ်။ ဒီနေ. ကျနော်တို.အသင်း ကစားကွက်ကို အချိတ်အဆက်မိမိ ကစားနိုင်လို. အဖိုးတန် (၃)မှတ်ကို ၇ရှိခဲ့ပါတယ်။ မနက်ဖြန် R Young Star နဲ့ပွဲစဉ်မှာလည်း ဒီနေ.လိုမျိုး ခြေစွမ်းတွေကို ထိန်းသိမ်းထားပြီး အသင်းအတွက် ဂိုးတွေဆက်လက်သွင်းယူဦးမှာပါ ” လို. ပွဲစဉ်(၆)မှာ လာရောက်သတင်းယူနေတဲ့ ဘောလုံးလောကမှ အနားယူသွားပြီး သတင်းထောက် အဖြစ်လုပ်ကိုင်နေတဲ့ မင်းသော်ထွန်းကို ပြောပြသွားခဲ့ပါတယ်။ R Young Star FC အသင်းကတော့ ပွဲစဉ်(၄)ဖြစ်တဲ့ Fighter FC အသင်းနဲ့ ပွဲစဉ်မှာ ဦးဆောင်ဂိုး (၂) ဂိုးအရင်သွင်းယူနိုင်သော်လည်း ဂိုးသမားနှင့် နောက်တန်း ကစားသမားများ၏ပျော့လျော့မှု ၊တိုက်စစ်မှုးများ၏ မလိုအပ်ပဲ Very Attaking လိုက်မှုတို.ကြောင့် (၄-၂) ရလဒ်ဖြင့် ဂိုးပြတ်ရှုံးသွားခဲ့တာဖြစ်ပါတယ်။ ပွဲစဉ်(၄) အပြီး Sky Sport သတင်းဌာနနှင့်တွေ.ဆုံရာမှာတော့ R Young Star FC အသင်းရဲ့ ဒိတ်ဒိတ်ကျိတ်တိုက်စစ်မှုးဖြစ်တဲ့ ညီညီအောင်(ခ) ရွှန်ညီက “ကျွန်တော်တို့ အသင်းဟာ တကယ်ဆို ဒီနေ့ နိုင်သင့်ပါတယ် ... ၂ ဂိုးတောင် ရရှိပြီးပြီဗျာ... ကဲ နောက်ဆုံးဗျာ သရေ ရလဒ်ပေါ့...... ခင်ဗျားတို့ စဉ်းစားကြည့်ပါအုံး ....တကယ်ဆို ကျွန်တော်တို့ အောင်ပွဲခံသင့်တာပါ ... ဒါပေမယ့် အရှုံးအတွက် အသင်းသားတွေအပေါ်ကို အပြစ်မပြောလိုပါဘူး.... ကံဇာတာကိုပဲ အပြစ် ပုံချချင်ပါတော့တယ်။
" ဟု ၄င်းက ပွဲအပြီး sky sport သတင်း အင်တာဗျူးတွင် ပြောကြားသွားခဲ့သည် ။ ပွဲစဉ်(၇)ဖြစ်တဲ့ ဒီပွဲမှာတော့ နှစ်သင်းစလုံး အမှားခံလို.မရတော့ပဲ ရှုံးနိမ့်တဲ့အသင်း အခွင့်အရေးနည်းပါးသွားမှာဖြစ်ပါတယ်။ Zippy FC ကတော့ ဒီပွဲမှာ Fighter FC ကအနိုင်ရခဲ့တဲ့ အကွက်ကိုပဲ ပြန်လည်အသုံးပြုဖို.များပါတယ်။ နောက်တန်းအဖြစ် ကျော်ဇေ၊အောင်ကိုထွေး၊ရန်နိုင်ထွန်း၊ အလယ်အတန်းအဖျက် ကြည်ဇော်…. ကွင်းလယ်တိုက်စစ် အသင်းခေါင်းဆောင် ဖြိုးမြင့်ဝေ နဲ့ တိုက်စစ်မှုး သိန်းလွင်ဦးတို.ဖြစ်တဲ့ (3-2-1) ပဲဖြစ်မှာပါ။ R Young Star FC အသင်းကတော့ ပွဲစဉ်(၄)မှာ အသုံးပြုခဲ့တဲ့ အကွက်အတိုင်းပဲ ကစားမှာဖြစ်ပြီး နောက်တန်း ချမ်းမြေ.ကို၊ဝေယံအောင်၊ရဲနိုင်ထွန်းတို.ဖြစ်ပြီး..
အလယ်တန်းအဖျက် ဥက္ကာမင်း၊ ကွင်းလယ်တိုက်စစ် အသင်းခေါင်းဆောင် အောင်ဖြိုး ၊တိုက်စစ်မှုးဖြစ်တဲ့ ညီညီအောင် တို.နဲ့ (3-2-1) အကွက်ပဲအသုံးပြုဖို.များပါတယ်။ R Young Star FC အသင်းသာ အဖွင့်ဂိုး ရရှိခဲ့မယ်ဆိုရင် ပွဲစဉ်(၄)ကလို အဖြစ်ခံတော့မှာ မဟုတ်ပဲ ကွင်းလယ်အဖျက်ဥက္ကာမင်းကို အထိုင်နောက်တန်းအဖြစ်ပြောင်းလဲပြီး (4-1-1) ကိုပြောင်းသွားနိုင်ပါတယ်။ Zippy FC အသင်းကတော့ ပွဲစဉ်(၆)မှာ Fighter FC နောက်တန်းကစားသမားများရဲ့ပေါ့လျော့မှုတွေကြောင့် အနိုင်ရှိခဲ့သော်လည်း ဒီနေ.ပွဲမှာတော့ R Young Star နောက်တန်းကိုတော့ ထင်တိုင်းကျဲဖို. မဖြစ်နိုင်ပါဘူး။ R Young Star FC အသင်းရဲ့ အောင်ဖြိုး၊ဥက္ကာမင်း၊ညီညီအောင်တို.ရဲ့ တွဲလုံးတွေကို Zippy FC နောက်တန်းတွေ ဘယ်လောက်တောင့်ခံနိုင်ရမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ Zippy FC နောက်တန်းတွေ R Young Star FC ရဲ့ ဒိတ်ဒိတ်ကျဲ တိုက်စစ်မှုးဖြစ်တဲ့ ညီညီအောင်ကို ထိန်းချုပ်ထားနိုင်ခဲ့မယ်ဆိုရင် Zippy FC အသင်း သေချာပေါက်အမှတ်ရမှာပါ။ ခန်.မှန်းတိုင်းဆောက်တလွှဲတွေဖြစ်နေပေမယ့်လည်း ဒီပွဲကိုတော့ သရေ(သို.မဟုတ်) တိုက်စစ်အားကောင်းတဲ့ R Yonng Star FC အနိုင်အဖြစ်ခန်.မှန်းလိုက်ပါတယ်ဗျာ………….
Post by JSF(Joint Strike
Fighter)






0 comments:
Post a Comment