အသင်းပွဲနိုင်သရေရှုံး ရဂိုး ပေးဂိုး ဂိုးကွာခြားချက် ရမှတ်
Zippy FC
Fighter FC
Need For Speed FC
R Young Star FC -၂
B.E FC -၂

“ပွဲစဉ်(၃) Zippy FC Vs Need For Speed FC ပွဲစဉ်အားကြိုတင်ခန့်မှန်းခြင်း”

ကာလုဂါမြန်မာကျောင်းသားများရဲ့ အပျော်တမ်းနွေရာသီ ချစ်ကြည်ရေးပြိုင်ပွဲကြီးရဲ့ ပွဲစဉ်(၃)အဖြစ် Zippy FC နဲ့ Need For Speed FC အသင်းတို. ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ Zippy FC အသင်းက တစ်ပွဲမှမကန်ရသေးပဲ
Need For Speed FC အသင်းက တစ်ပွဲကန်ရမှတ်(၁)မှတ်ရရှိထားတဲ့အသင်းဖြစ်ပါတယ်။ ဒီနှစ်သင်းက ရှေ.၊လယ်၊နောက် ကစားသမားချင်းယှဉ်ရင် မျှတနေပါတယ်။ Need For Speed FC အသင်းက ပွဲစဉ်(၁)မှာ အသင်းခေါင်းဆောင် ဥာဏ်ပိုင်စိုးနဲ့ တိုက်စစ်မှုး ရဲရင့်ကိုကိုတို.အတွဲ ထင်သလောက် အလုပ်မဖြစ်ခဲ့ပါဘူး။ Fighter ရဲ့နောက်တန်းတွေကို ဒိန်းဂျားပေးနိုင်ပေမဲ့ ဂိုးအဖြစ်တော့မပြောင်းလဲနိုင်ခဲ့ပါဘူး။နောက်တန်းကစားသမားဖြစ်တဲ့ ဇင်လင်ဦးရဲ့ နောက်ကျချေပဂိုးကြောင့် အဖိုတန်(၁)မှတ် ရယူနိုင်ခဲ့ပါတယ်။ Need For Speed FC
အသင်းရဲ့နောက်တန်းမှုးဖြစ်တဲ့ တင်အေးကျော် ပွဲစဉ်(၁)မှာ အထူးခြေစွမ်းပြပီး တစ်ဖက်အသင်းရဲ့ Dangerous Counter Attacking တွေကို ဖျက်ထုတ်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာတော့ Zippy အသင်းရဲ့ တိုက်စစ်တွေကို ဒီလိုပဲထိမ်းသိမ်းနိုင်မလားဆိုတာ စောင့်ကြည့်ရပါ့မယ်။ Zippy FC ကတော့ ပွဲပန်းမှုမရှိပေမဲ့ ဒီပွဲမှာ နောက်တန်းအထိုင်ဖြစ်တဲ့ (CB) နေရာကို ဘယ်သူကို အသုံးပြုမလဲဆိုတာ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ နောက်တန်းတွေဖြစ်တဲ့ အောင်ကိုထွေး၊ရန်နိုင်ထွန်းတို.ထဲက တစ်ယောက်ယောက်ကိုသာ အထိုင်စင်တာထားခဲ့ရင် Body Balance 80% မကျော်တဲ့ကစားသမားတွေဖြစ်တဲ့အတွက် တစ်ဘက်အသင်းတိုက်စစ်မှုးဖြစ်တဲ့ ရဲရင့်ကိုကို ကို ပွဲချိန်ပြည့်ထိန်းထားနိုင်စွမ်းမရှိပါဘူး။ ကွင်းလယ်အဖျက်ဖြစ်တဲ့ ကြည်ဇော်ကို အသုံးပြုခဲ့မယ်ဆိုရင်တော့ ကွင်းလယ်မှာ အနည်းငယ်အားနည်းသွားနိုင်ပါတယ်။ တိုက်စစ်မှုးဖြစ်တဲ့ သိန်းလွင်ဦး(ခ)ဒီမာသိန်းဟာလည်း ကွင်းလယ်ပါကစားနိုင်ပေမဲ့ ဘောလုံးထိမ်းသိမ်းနိုင်မှု၊ ဘောလုံးဖြန်.ဝေမှုကတော့ အားနည်းပါတယ်။ အသင်းခေါင်းဆောင် ဖြိုးမြင့်ဝေကတော့ ၀ါရင့်ကစားသမားတစ်ယောက်ဖြစ်ပီး တိုက်စစ် ကွင်းလယ်အဖျက် ဘယ်၊ညာ ၀င်းတွေကပါ ကစားနိုင်တဲ့ စွယ်စုံရကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ဂိုးသမားမောင်မောင်ဦးနဲ့ ကစားသမား ဖြိုးဝေမြင့်တို.ကတော့ ပွဲအတွေ့အကြုံအရမ်းနည်းပါးတယ်။ အသင်းခေါင်းဆောင် ဖြိုးမြင့်ဝေကတော့ နေရာလွှတ်ရှာဖွေနိုင်မှု၊ အကွက်မြင်မှုနဲ့ Team Combination အထောက်အကူပေးနိုင်မှု ရှိပေမဲ့ ကွင်းလယ်ကစားသမားဖြစ်တဲ့ ကျော်ဇေနဲ့ တိုက်စစ်မှုးဖြစ်တဲ့ သိန်းလွင်ဦးတို.က ခြေစွမ်းပုံမှန်ရှိသူတွေမဟုတ်ပါဘူး။ ဒါကြောင့် Zippy FC ကခံစစ်ကိုပဲအသားပေးပီး (4-1-1) အကွက်နဲ့ နောက်တန်းမှာ ကျော်ဇေ၊အောင်ကိုထွေး၊ရန်နို်င်ထွန်း၊ကြည်ဇော်တို.ကိုထားပီး၊ အသင်းခေါင်းဆောင်
ဖြိုးမြင့်ဝေက Deepest Midfieder အဖြစ်ပုံသေကစားကာ တိုက်စစ်မှုးဖြစ်တဲ့ သိန်းလွင်ဦးကို ပံ့ပိုးပေးဖို.ပဲရှိပါတယ်။ ကစားကွက်စီးလာရင်တော့ ကျော်ဇေ၊ကြည်ဇော်တို.ကပါ Wings တွေထိ တိုက်စစ်ကို လိုက်ပါကူနိုင်ပီး (2-1-3) သို.မဟုတ် (2-2-1-1) ဖြစ်ကစားသွားနိုင်ပါတယ်။ Need For Speed FC ကတော့ ကစားကွက်ပြောင်းလဲမှု ကြီးကြီးမားမားမလုပ်နိုင်ပဲ ပွဲစဉ်(၁)က အကွက်ပဲဖြစ်တဲ့ 3-2-1 ကိုမူသေထားပီး ကစားသွားဖို.ပဲရှိပါတယ်။ Need For Speed FC အသင်းဟာ Pressing Football Style နဲ့ကစားမှာဖြစ်လို. Zippy FC နောက်တန်းနဲ့ ကွင်းလယ်တွေ အလုပ်များမှာ ကျိန်းသေပါတယ်။ Zippy အသင်းဟာ Need For Speed FC အသင်းရဲ့ ထိုးဖောက်မှုတွေနဲ့
ကန်ချက်တွေကို များစွာခွင့်ပြုခဲ့မယ်ဆိုရင် သေချာပေါက်အမှတ်ရမှာမဟုတ်ပါဘူး။
ကစားသမားချင်းယှဉ်ရင် ကွာဟမှုသိပ်မသိသာပေမဲ့ Team Work ပိုင်းမှာတော့ Need For Speed က အလေးသာပါတယ်။ High Profile ရှိတဲ့ကစားသမားများစွာနဲ့ စုဖွဲ့ထားတဲ့ Need For Speed FC အသင်းကိုပဲ ရွှေးချယ်သင့်ပါတယ်။
                                                              Post by JSF(Joint Strike Fighter)

0 comments:

Post a Comment