(၃.၅.၂၀၁၂) ရက်နေ.မှ စတင်ပီးကျင်းပလာခဲ့တဲ့ ကာလုဂါမြန်မာကျောင်းသားများရဲ့
နွေရာသီ ချစ်ကြည်ရေး
အပျော်တမ်း ဘောလုံးပြိုင်ပွဲကြီးဟာ အခုဆိုရင် ပွဲစဉ်(၈)အထိ
ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ပွဲစဉ်(၈) အဖြစ်
(၆.၅.၂၀၁၂) ရက်နေ. ညနေ(၆:၀၀) နာရီမှာ B.E FC အသင်းနဲ့
Fighter FC အသင်းတို. ယှဉ်ပြိုင်ကစားသွားကြမှာ ဖြစ်ပါတယ်။ B.E FC အသင်းဟာ (၂)ပွဲကန်
(၁)ပွဲနိုင် (၁) ပွဲရှုံး ရလဒ်ဖြင့် Zippy FC၊
R Young Star FC တို.နဲ့ ရမှတ်(၃)မှတ် တူညီနေကြသော်လည်း
ဂိုးကွားခြားချက် (-၁)ဖြင့် ဇယားအောက်ဆုံးကနေ ရုန်းမထွက်နိုင်သေးတဲ့ အသင်းပဲဖြစ်ပါတယ်။
B.E FC အသင်းဟာ ပွဲစဉ်(၅)ဖြစ်တဲ့ Need For Speed FC အသင်းနဲ့ပွဲစဉ်မှာ Need For
Speed FC အသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှုး ရဲရင့်ကိုကို
ပါဝင်နိုင်ခြင်းမရှိသော်လည်း ဂိုးသွင်းခွင့်အခွင့်အရေးများစွာကို
လက်လွှတ်ခဲ့ရပီး ကျဉ်းမြောင်းတဲ့ အနိုင်ရလဒ်ဖြစ်တဲ့
(၁-၀) ရလဒ်ကို အသင်းကွင်းလယ်လူ စိုးလင်းဦးရဲ့ (၁၅) ကိုက်ခန်.အကွာက ကန်ချက်ဂိုးဖြင့်
အဖိုးတန်(၃)မှတ်ကို ရရှိခဲ့ပါတယ်။ Fighter FC အသင်းကတော့
ပွဲစဉ်(၆)မှာ Zippy FC အသင်းကို အဖွင့်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း နောက်တန်းများလူကပ်အားနည်းမှုများကြောင့်
ချေပဂိုး၊အနိုင်ဂိုးများနှင့် ပွဲသိမ်းဂိုးများကို Zippy FC အသင်းကို သွင်းယူခွင့်
ပြုခဲ့တာကြောင့် (၃-၁) ရလဒ်ဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ ပွဲစဉ်(၆)အပီး သတင်းစားရှင်းလင်းပွဲမှာတော့
Fighter FC နောက်တန်းကစားသမား ကောင်းမြတ်စိုးက
“မျှော်မှန်းမထားတဲ့ ရလဒ်ပဲဖြစ်ပါတယ်။ကျနော်တို.
အရှုံးကို လက်ခံရမှာပါပဲ။ ဘာဖြစ်လို.လဲဆိုတော့ ဘောလုံးဆိုတာ လုံးနေတာပဲလေ။ ပွဲသိမ်းခရာမမှုတ်မချင်း
ဘယ်အရာမှ မကျိန်သေပါဘူး။ ဒီစကားက ကျနော်မန်ယူလူငယ်လေ့ကျင့်ရေးအကယ်ဒမီမှာ ကျနော့်နည်းပြကြီး
ဆာအဲလက်စ် ဖာဂူဆန် ကိုယ်တိုင် ကျနော်နဲ့ စီရော်နယ်ဒိုကို အမြဲပြောလေ့ရှိတဲ့ စကားပါပဲ။
ဒီစကားက အလွန်မှန်ပါတယ်။ နောက်ပွဲတွေမှာ ဒီနေ.လို သင်ခန်းစာကိုယူပီး အနိုင်ရလဒ်ကို
မဖြစ်မနေစွမ်းဆောင်နိုင်မယ်လို.ထင်ပါတယ် ” လို. တရုတ်နာမည်ကြီးသတင်းဌာနဖြစ်တဲ့
CCTV-4 ကိုပြောပြသွားခဲ့ပါတယ်။
ပွဲစဉ်(၈)ဖြစ်တဲ့ ဒီပွဲမှာတော့ Fighter FC အသင်းဟာ
နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အတွက် B.E FC အသင်းကို အနိုင်ကစားနိုင်မှာသာ Play-Off အဆင့်လောက်ကို
မျှော်မှန်းခွင့် ရရှိမှာဖြစ်ပါတယ်။ ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့
အခွင့်အရေး အလွန်နည်းပါးသွားမှာဖြစ်ပါတယ်။ B.E
FC အသင်းကလည်း ဒီပွဲကို အနိုင်ရရှိမှာသာ ဇယားအောက်ဆုံးက ရူန်းထွက်နိုင်မှာဖြစ်ပီး…
ဒီပွဲလည်း အကျိတ်အနယ်ရှိမှာ ကျိန်းသေပါတယ်။
B.E FC အသင်းက ပွဲစဉ်(၅)မှာ ပွဲစဉ်(၂)တုန်းက ကစားကွက်ကို
ဆက်လက်အသုံးမပြုတော့ပဲ လူအချိန်းအပြောင်းကို မှန်ကန်စွာပြုလုပ်နိုင်ခဲ့ပါတယ်။ နောက်တန်းကစားသမားအဖြစ်
သိန်းဝင်း၊စိုးလင်းဦး၊အောင်မိုးတို.ကို အသေထားပီး ကွင်းလယ်အဖျက်အဖြစ် အသင်းခေါင်းဆောင်
ရဲနန္ဒကျော်၊ တိုက်စစ်မှုးများအဖြစ် ရော်နယ်ရွှေနဲ့ စိုးနေလင်းအောင်တို. နဲ့ ပွဲထွက်လာခဲ့ပါတယ်။
ဒီနေ.ပွဲမှာလည်း ဒီကစားကွက်အတိုင်း ဆက်လက် ကစားသွားဖို.များပါတယ်။ Fighter FC အသင်းကတော့
Zippy FC အသင်းနဲ့ ပွဲစဉ်မှာ ပွဲပီးခါနီး (၅)မိနစ်အလို အသင်းခေါင်းဆောင် အောင်ကျော်စိုး
Zippy FC ကွင်းလယ်ကစားသမား ကြည်ဇော်ကို ဖျက်ထုတ်တာကြမ်းတမ်းတယ်ဆိုပီး ပွဲစဉ်(၆)ကို
တာဝန်ယူသွားတဲ့ အနီကတ်အပြကြမ်းတဲ့ အင်္ဂလန်ဒိုင်လူကြီး မိုက်ဒင်းလက်သစ်လို. တင်စားခေါ်ဝေါ်နေကြတဲ့
အာရှနာမည်ကြီး မြန်မာဒိုင်လူကြီး အောင်ဖြိုး(ခ) မိုက်အောင်ဒင်း က တိုက်ရိုက်အနီကဒ်ပြ
ထုတ်ပယ်ခဲ့လို. ပွဲစဉ်(၈)ဖြစ်တဲ့ ဒီပွဲမှာ
(၅)မိနစ်ပွဲကစားခွင့်ပိတ်ပင်ခံခဲ့ရမှာဖြစ်ပါတယ်။
Fighter FC အသင်းကတော့ ၀ါရင့်ဂိုးသမားမရှိမှု၊နောက်တန်းအဓိကလူ ထွန်းထွန်းကျော် အထိနာနေမှု
၊အဓိက အသင်းခေါင်းဆောင် ကွင်းလယ်လူ အောင်ကျော်စိုး ပွဲပယ်ပြစ်ဒဏ် (၅)မိနစ်ထိမှုတွေဟာ
အသင်းသားတွေရဲ့ စိတ်ဓတ်ပိုင်းဆိုင်ရာကို များစွာ ထိခိုက်စေမှာဖြစ်ပါတယ်။ B.E FC အသင်းကတော့
မမျှော်လင့်ပဲ Need For Speed FC အသင်းဆီက (၃)မှတ် ရရှိလိုက်တဲ့အတွက် စိတ်ဓတ်ပိုင်းဆိုင်ရာမှာ
Fighter အသင်းထက် သာလွန်နေမှာပဲဖြစ်ပါတယ်။
Fighter FC အသင်းကလည်း အသင်းအတွက် နောက်ဆုံးပွဲစဉ်ဖြစ်တဲ့
ဒီပွဲ လုံးဝ(လုံးဝ) ရှုံးလို.မရတဲ့အတွက်
ဒီပွဲကို ရှိသမျှအား အကုန်သုံးပီး ဖောင်ဖျက် ကစားသွားနိုင်ပါတယ်။
သရေဆိုတာ နှစ်သင်းလုံးအတွက် သင့်တော်မျှတတဲ့ အကောင်းဆုံး အဖြေတစ်ခုဖြစ်ပြီး… တစ်ကယ်လို.
တစ်သင်း သင်းကို အနိုင်ပေးပါဆိုရင်တော့ သေမင်းသံတမန်ဖြစ်တဲ့ ငရဲမင်းဆီကနေ အသက်ပြန်လုယူနိုင်ပြီး
မျှော်လင့်ချက်ရှင်သန်နေတဲ့ B.E FC အသင်းကိုပဲ ရွှေးချယ်ရပါလိမ့်မယ်။
Post by JSF(Joint Strike Fighter)






0 comments:
Post a Comment