အသင်းပွဲနိုင်သရေရှုံး ရဂိုး ပေးဂိုး ဂိုးကွာခြားချက် ရမှတ်
Zippy FC
Fighter FC
Need For Speed FC
R Young Star FC -၂
B.E FC -၂

“ပွဲစဉ်(၅) Need For Speed FC Vs B.E FC ပွဲစဉ်အားကြိုတင်ခန့်မှန်းခြင်း”


ရုရှားနိုင်ငံ ကာလုဂါမြို.ရောက် ပညာတော်သင်မြန်မာကျောင်းသားရဲ့ ၂၀၁၂ ခုနှစ် နွေရာသီချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကြီးရဲ့ ပွဲစဉ်(၅) အဖြစ် Need For Speed FC အသင်းနဲ့ B.E FC အသင်းတို. ယှဉ်ပြိုင်ကစားသွားကြမှာပဲဖြစ်ပါတယ်။ Need For Speed အသင်းကတော့ (၂)ပွဲကန် (၁)ပွဲသရေ (၁)ပွဲနိုင် ရမှတ်(၄)မှတ်ဖြင့် Fighter FC အသင်းနဲ့ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် အဆင့်(၂)နေရာ ရပ်တည်နေတဲ့ အသင်းဖြစ်ပြီး B.E FC အသင်းကတော့ တစ်ပွဲကန် ရမှတ်(၀)ဖြင့် ဇယားအောက်ဆုံးမှာ ရပ်တည်နေတဲ့အသင်းဖြစ်ပါတယ်။ ဒီနှစ်သင်းက ထိပ်တိုက်တွေ.ဆုံမှုက(၂)ကြိမ်ရှိခဲ့ပါတယ်။ 2011 ခုနှစ် ဒီပြိုင်ပွဲကြီးရဲ့ အုပ်စုပွဲစဉ်မှာ (၂-၂) သရေကျခဲ့ပြီး Play-Off ပွဲစဉ်မှာတော့ B.E FC အသင်းက Need For Speed FC အသင်းကို (၂-၀) ဖြင့်အနိုင်ယူကာ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ဒီနှစ်မှာတော့ B.E FC အသင်းက အရင်နှစ်ကလို လူအင်းအားမတောင့်တင်းတော့ပဲ လိုအပ်ချက်များစွာ ရှိနေတဲ့အသင်းပဲဖြစ်ပါတယ်။
Need For Speed FC အသင်းကတော့ ပွဲစဉ်(၃)မှာ ရှုံးနိမ့်နေရာမှ  Zippy FC အသင်းရဲ့ပေါ့လျှော့မှုတွေကြောင့်
ချေပဂိုးကိုပွဲစဉ်(၁)မှာအဖိုးတန်(၁)မှတ် ရယူပေးခဲ့တဲ့ နောက်တန်းလူဇင်လင်းဦး ကပဲ တရုတ်သိုင်းသမားတွေရဲ့အကွက်ဖြစ်တဲ့ မည့်သို.မည်ပုံလုပ်လိုက်သည်မသိ အုန်းဂျိန်းအုန်းဂျိန်းဖြင့် သွင်းယူပီး အနိုင်ဂိုးကိုတော့ အသင်းခေါင်းဆောင် ဥာဏ်ပိုင်စိုး ညာဝင်းမှ ဖြတ်တင်ဘောကို နောက်တန်းလူ ကျော်ဇောမောင်မှ မြေမကျကန်ချက်ဖြင့် သွင်းယူကာ အဖိုးတန်(၃)မှတ်ကို ထိုက်တန်စွာ ရရှိခဲ့တာပဲဖြစ်ပါတယ်။
ဒီပွဲကို လာရောက်ကြည့်ရှု.အားပေနေတဲ့ မြန်မာကလပ် ဘေဘီဗိုက်တာ FC အသင်းပိုင်ရှင် ကိုကိုလွင်က
Need For Speed FC အသင်းရဲ့ အနိုင်ဂိုးရှင် ကျော်ဇောမော်ကို ပြောင်းရွှေ.ကြေး ပေါင်(၂)သန်းဖြင့် ရာသီကုန်တွင် ခေါ်ယူနိုင်လိမ့်မည်ဟု အင်္ဂလန်နာမည်ကြိး သတင်းစာ The Sun က ရေးသားဖော်ပြခဲ့ပါတယ်။
B.E FC အသင်းကတော့ ပွဲစဉ်(၂)မှာ နောက်တန်းနေရာချထားမှု အမှားများကြောင့် (၂-၀) ရလဒ်ဖြင့် R Young Star FC အသင်းကို ရှုံးနိမ့်ခဲ့တာပဲဖြစ်ပါတယ်။ ဒီနေ.ပွဲဖြစ်တဲ့ ပွဲစဉ်(၅)မှာတော့ B.E FC အသင်း ကစားကွက်အချိန်အပြောင်းများစွာ ပြုလုပ်နိုင်ပါတယ်။ နောက်တန်းအထိုင်အဖြစ် အောင်မိုး(ခ)ဂျိုမိုးကို ကစားစေပီး ပွဲစဉ်(၂)မှာ နောက်တန်းအဖြစ်ကစားခဲ့တဲ့ စိုးလင်းဦးကို ကွင်းလယ်ကစားသမားအဖြစ် ပြောင်းလဲဖို.များပါတယ်။ အသင်းရဲ့ တိုက်စစ်မှုးဖြစ်တဲ့ မျိုးငြိမ်ရွှေကို Wings အဖြစ်မကစားခိုင်းတော့ပဲ အထောင်တိုက်စစ်မှုးအဖြစ်ပြောင်းလဲကာ ကွင်းလယ်မှာ အသင်းခေါင်းဆောင် ရဲနန္ဒကျော်နဲ့ စိုးလင်းဦးတို.ရဲ့
ပံ့ပိုးပေးမှုကနေ ဂိုးရယူဖို. ကြိုးစားဖို.ပဲများပါတယ်။ အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ နောက်တန်းကစားသမားတာယာမျိုးနဲ့ တိုက်စစ်မှုး စိုးနေလင်းအောင်တို.ထဲက ဘယ်သူကို ပွဲထွက်စေမလဲဆိုတာကတော့ စဉ်းစားစရာပဲဖြစ်ပါတယ်။ တိုက်စစ်မှုး စိုးနေလင်းအောင်ပွဲထွက်လာရင် ရော်နယ်ရွှေက Wing Forward အဖြစ်ကစားနိုင်ပီး (2-2-1-1) အကွက်ကအသုံးပြုနိုင်ပီး နောက်တန်းတာယာမျိုး ပွဲထွက်လာမယ်ဆိုရင် (3-2-1) အကွက်ကို အသုံးပြုမှာဖြစ်ပါတယ်။ ပွဲစဉ်(၂)မှာ
B.E FC အသင်းရဲ့ နောက်တန်းကစားသမားဖြစ်တဲ့ အောင်မိုး ကို  ကွင်းလယ်တိုက်စစ်၊ အလယ်တန်းဖြစ်တဲ့ စိုးလင်းဦးကို နောက်တန်းအဖြစ် ပြောင်းလဲ ကစားခဲ့ခြင်းဟာ အသင်းကို နစ်နာစေခဲ့ပါတယ်။ အသင်းခေါင်းဆောင် ရဲနန္ဒကျော်ဟာလည်း ပွဲစဉ်(၂)မှာ ရှေ.၊လယ်၊နောက် စွယ်စုံ ကစားသွားတဲ့အတွက် သက်လုံမကောင်းခဲ့ပါဘူး။ တစ်ဖက်အသင်းရဲ့ တိုက်စစ်ဆင်မှုကို Delay မပြုလုပ်နိုင်ခဲ့ပါဘူး။ ဒီနေ.ပွဲမှာတော့
Triangle Attack ဖြင့် ကစားပီး Final Third လို.ခေါ်တဲ့ Need For Speed FC အသင်းရဲ့ နောက်ဆုံးခံစစ်တွေဖြစ်တဲ့ ဇင်လင်းဦး ၊ ဝေဖြိုးလင်း(ခ) ကျန်းဝူကျိ ၊ကျော်ဇောမောင်တို.ကို ထိုးဖောက်ဖို. ကြိုးစားမှာပဲဖြစ်ပါတယ်။ Need For Speed FC အသင်းကတော့ ဒီပွဲမှာ အသင်းရဲ့ မူသေကစားကွက်ဖြစ်တဲ့
(2-2-1-1) အကွက်ကိုပဲ အသုံးချမှာဖြစ်ပါတယ်။ တစ်ခုရှိတာက နောက်တန်းအားနည်းတဲ့ B.E FC အသင်းကို ဂိုးများများလိုချင်ရင်တော့ (2-2-2) အဖြစ်ကစားသွားမှာဖြစ်ပီး ကွင်းလယ်လူ အသင်းခေါင်းဆောင် ဥာဏ်ပိုင်းစိုးက တိုက်စစ်ထိပါလိုက်ပါကစားပီး ကွင်းလယ်မှာ ဇင်လင်းဦးနဲ့ ဝေဖြိုးလင်းတို.ကို အဖျက်အဖြစ်ကစားသွားနိုင်ပါတယ်။ Need For Speed FC ကစားသွားတဲ့ ပွဲစဉ်(၂)ပွဲစလုံးကိုကြည်.ရင် ဒီအသင်းဟာ Counter Attack ၊ Pressing Football နဲ့  Deepest Defence ဆိုတဲ့ ကစားကွက်နဲ့ ကစားနေကြတာပဲ  ဖြစ်ပါတယ် ။ အသင်းခေါင်းဆောင် ဥာဏ်ပိုင်စိုးက ဘောလုံးအန်ထွက်လာရင် Counter ပြေးပြီး တိုက်စစ်မှုး ရဲရင့်ကိုကို ကိုထိုးပေးကာ တိုက်စစ်မှုးရဲရင့်ကိုကို Pressing Football လို.ခေါ်တဲ့ ဘောလုံးဖိယူပီး အသကုန် ကစ်ကာ တစ်ဖက်အသင်းရဲ့ နောက်တန်းတွေမှတဆင့်ပြန်အန်ထွက်လာတဲ့ ဘောလုံးကို Deepest Defence လို.ခေါ်တဲ့ တင်အေးကျော်(ခ)ပီပီ ကို ဘောလုံးရော လူပါ ဖျက်ခိုင်းခြင်းဖြစ်ပါတယ်။ အသင်းရလဒ်ဆိုးနေရင်တော့ နောက်တန်း တင်အေးကျော် တစ်ယောက်တည်းကိုပဲထားပီး Very Attacking Theory လို.ခေါ်တဲ့ အသကုန် တိုက်စစ်ဆင်ကစားပီး
နောက်တန်းဝင်းတွေဖြစ်တဲ့ ကျော်ဇောမောင် ၊ ဝေဖြိုးလင်းတို.ကပါ မထင်ရင် မထင်သလို တိုက်စစ်ထိ ကစားသွားတာကို တွေ.မြင်ရမှာဖြစ်ပါတယ်။ B.E FC အသင်းကတော့ Need For Speed FC အသင်းကို
သမိုင်းကြောင်းအရ အသာစီးရရှိထားသော်လည်း လက်ရှိကစားသမားစာရင်း၊ ကစားကွက်ပုံဖော်မှု မှာတော့
Need For Speed အသင်းကိုမယှဉ်နိုင်ပါဘူး။ B.E FC အသင်းအနေနဲ့ ဒီပွဲမှာ ထပ်မံရှုံးနိမ့်ခဲ့မယ်ဆိုရင် မျှော်လင့်ချက် အလွန်နည်းပါးသွားမှာဖြစ်တဲ့ အတွက် ပွဲစဉ်(၂)ကလို အမှားခံမှာမဟုတ်ပါဘူး။Need For Speed FC အသင်းကလည်း ဒီပွဲနိုင်ရင် သေချာပေါက် အနိမ့်ဆုံးအဆင့် Play- Off ကိုကစားခွင့်ရရှိမှာဖြစ်တဲ့ အတွက် ဒီအခွင့်အရေးကို လက်လွှတ်မှာတော့မဟုတ်ပါဘူး။ သရေကျဖိုများတဲ့ပွဲဖြစ်ပြီး…အနိုင်ဆိုရင်တော့ ကံကြမ္မာရဲ့ ဖေးမကူညီမှုနဲ့ ထာဝရဘုရားသခင်ရဲ့ ကံကောင်းခြင်းလက်ဆောင်တွေကို ရရှိနေတဲ့ Need For Speed FC အသင်းပဲဖြစ်ပါလိမ့်မယ်။
                     Post by JSF(Joint Strike Fighter)

0 comments:

Post a Comment