အသင်းပွဲနိုင်သရေရှုံး ရဂိုး ပေးဂိုး ဂိုးကွာခြားချက် ရမှတ်
Zippy FC
Fighter FC
Need For Speed FC
R Young Star FC -၂
B.E FC -၂

“ပွဲစဉ်(၄) R Young Star FC Vs Fighter FC ပွဲစဉ်အားကြိုတင်ခန့်မှန်းခြင်း”

ကာလုဂါမြန်မာကျောင်းသားများရဲ့ ချစ်ကြည်ရေးပြိုင်ပွဲကြီးရဲ့
ပွဲစဉ်(၄)အဖြစ် (၄.၅.၂၀၁၂)ရက်နေ.မှာ R Young Star နဲ့ Fighter FC အသင်းတို.ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။ R Young Star အသင်းကတော့ ပွဲစဉ်(၂)မှာ မထင်မှတ်ဘဲ တိုက်စစ်မှုးညီညီအောင် ဆေးရုံပို.ရမလိုဖြစ်နေရာကနေ နလန်ပြန်ထူပြီး ဂိုးများသွင်းယူကာ BE FC အသင်းဆီကနေ အဖိုးတန်(၃)မှတ်ကို ရယူကာ ၁ပွဲနိုင် ရမှတ်(၃)မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။  Fighter FC အသင်းကတော့ ပွဲစဉ်(၁) Need For Speed ပွဲမှာ
အသင်းရဲ့ အားထားရဲ့ကစားသမား အများစု သက်လုံမကောင်းခဲ့ပဲ      
ဒုတိယပိုင်းတွင် အပိုင်းအခွင့်အရေး များစွာရရှိသော်ငြားလည်း တိုက်စစ်မှုး နိုင်လင်းဦး တစ်ဂိုးပဲသွင်းယူနိုင်ပီး ပွဲပြီးခါနီး Need For Speed အသင်းရဲ့ တန်ပြန်တိုက်စစ်ကနေ
တိုက်စစ်မှုး ရဲရင့်ကိုကို ကွင်းလယ်လူ ဥာဏ်ပိုင်းစိုးတို.ရဲ့ တွဲလုံးတွေမှတစ်ဆင့်
ချေပဂိုးကို နောက်တန်း ဇင်လင်းဦးကို သွင်းယူသွားလို. အဖိုးတန်ရမှတ် (၂)မှတ်ကို ဆုံးရှုံးသွားခဲ့ရပါတယ်။ ပွဲစဉ်(၂)အပီး မီဒီယာများနဲ့တွေ.ဆုံပွဲမှာ တိုက်စစ်မှုးဖြစ်တဲ့ R Young Star ကစားသမားညီညီအောင်က “ကျနော်တို.အသင်း ဒီထက်မက ဂိုးရသင့်ပါတယ်။ ကျနော် (၂)ဂိုးသွင်းနိုင်ခဲ့ပေမဲ့လည်း စိတ်တိုင်းမကျခဲ့ဘူး။တစ်ကယ်ဆို ဒီထက်မက ဂိုးသွင်းပီး Hatrick တောင်ရခဲ့သင့်ပါတယ်။ ဘောလုံးပွဲမှာ အသုံးပြုနေတဲ့ဘောလုံး(၂)လုံးပဲရှိလို. ကျနော် Hatrick ရခဲ့ရင် ဘောလုံး(၁)လုံး သိမ်းရမှာဖြစ်လို. (၂)ဂိုးပဲသွင်းခဲ့တာပါ။ နောက်ပွဲစဉ်တွေမှာလည်း ဂိုးတွေဆက်တိုက်သွင်းယူဖို. ရှိပါတယ်။’’ လို.ပွဲစဉ်(၂)မှာ လာရောက်သတင်းယူနေတဲ့ Kaluga မြို. မနက်ခင်းကိုယ်ကာယလေ့ကျင့်ခန်းနှင့် ညနေခင်းအာကားစား ဆိုင်ရာ  အကြီးတန်းသတင်းထောက်ဖြစ်တဲ့ မျိုးမင်းသူကို ပြောပြသွားပါတယ်။ ပွဲစဉ်(၄)ရဲ့ စိတ်ဓတ်ပိုင်းဆိုင်ရာမှာတော့
R Young Star အသင်းက အထွတ်အထိပ်ကိုရောက်ရှိနေမှာ အမှန်ပဲဖြစ်ပါတယ်။ ဒီတစ်ပွဲသာ ဆက်နိုင်ခဲ့မယ်ဆိုရင်သေချာပေါက် အနိမ့်ဆုံးအဆင့် Play –Off  ကို R Young Star အသင်း ကစားခွင့်ရရှိမှာဖြစ်ပါတယ်။ R Young Star အသင်းရဲ့ ကွင်းလယ်တွေဖြစ်တဲ့ အသင်းခေါင်းဆောင် အောင်ဖြိုးနဲ့ ဥက္ကာမင်းတို. အတွဲက မထင်မှတ်ပဲအထူးခြေစွမ်းကို BE FC အသင်းနဲ့ပွဲမှာ ပြသသွားခဲ့ပါတယ်။ နောက်တန်းတွေဖြစ်တဲ့ ဝေယံအောင်နဲ့ ရဲနိုင်ထွန်းကပါ ခြေစွမ်းပြသွားပီး ရဲနိုင်ထွန်းကပါ ကွင်းလယ်အဖျက်ထိ အမှားအယွင်းနည်းစွာဖြင့်လိုက်ပါကစားနိုင်ခဲ့ပါတယ်။ ဂိုးသမား ကာဆီးတောက် က အထူးလက်စွမ်းပြကွာကွယ်သွားနိုင်ပီး…အမှားအယွင်းနည်းစွာဖြင့်
အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ပါတယ်။ Fighter FC အသင်းကတော့ Team Work ကောင်းပေမဲ့
မမျှော်လင့်တဲ့ တန်ပြန်တိုက်စစ်ကို ပြန်လည်ဖျက်ထုတ်နိုင်ခြင်းသိပ်မရှိပါဘူး။ နောက်တန်းတွေဖြစ်တဲ့ ဖြိုးဇော်၊အောင်ပြည့်စုံ၊ကျော်သူအောင်တို. အမှားအယွင်းနည်းစွာ
ပွဲစဉ်(၁)မှာ ကစားနိုင်ခဲ့ပါတယ်။ Fighter FC အသင်းရဲ့ အဓိကအားနည်းချက်ဖြစ်တဲ့ ဂိုးသမားနေရာကို ပွဲစဉ်(၁)မှာ  ထွန်းထွန်းကျော်ကို အသုံးပြုသွားခဲ့ပါတယ်။ ဒီပွဲစဉ်မှာတော့  Fighter FC အသင်းကစားကွက်အပြောင်းအလဲ အနည်းငယ်ပြုလုပ်နိုင်ပါတယ်။ R Young Star အသင်းရဲ့ ကွင်းလယ်ကို ထိန်းချုပ်နို်င်ဖို. Zonal Defence (သို.မဟုတ်) Triangle Defence ကိုအသုံးပြုဖို.များပါတယ်။ Zonal Defence ကိုအသုံးပြုခဲ့ရင် တိုက်စစ်ပိုင်းမှာ အနည်းငယ်အားနည်းသွားပီး နိုင်လင်းဦး တစ်ယောက်တည်းဖြစ်သွားမှာဖြစ်ပါတယ်။ တစ်ဘက်အသွင်းရဲ့ ကွင်းလယ်ကိုထိန်းချုပ်နိုင်ဖို.အတွက် Middle Zone မှာ အောင်ကျော်စိုး ၊ သိန်းမင်းထိုက်တို.က အသေဖြစ်သွားနိုင်ပါတယ်။ Triangle Defence ကိုအသုံးပြုခဲ့မယ်ဆိုရင် နောက်တန်းဖြစ်တဲ့ ဖြိုးဇော် အလယ်ထိ လိုက်ပါကစားသွားပီး
တိုက်စစ်ကို ပံ့ပိုးပေးဖို.အတွက် ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ အောင်ကျော်စိုးနဲ့ သိန်းမင်းထိုက်တို.က LWB / RWB အဖြစ်လည်းကစား LWF / RWF အဖြစ်နှစ်မျိုးကစားသွားနိုင်ပီး နောက်တန်းအထိုင် CB အဖြစ် 2 ယောက်ကို အထိုင်ချသွားဖို.များပါတယ်။ ဒါကြောင့် Fighter FC အသင်းက ဒီပွဲမှာ (2-1-2-1) (4-1-1) ကို အလျဉ်းသင့်သလို အသုံးပြုသွားဖို.ပဲရှိပါတယ်။ ပွဲစဉ် (၁)အပြီး Sky Sport ရုပ်သံဌာန အင်တာဗျုးမှာတော့ Fighter FC အသင်းရဲ့  အသင်းခေါင်းဆောင် အောင်ကျော်စိုးက “ကျနော်တို. အရမ်းနစ်နာခဲ့ပါတယ်။ အဖိုးတန်(၂)မှတ်ကို သဲထဲကို ရေသွန်ချလိုက်သလိုဖြစ်သွားခဲ့ပါတယ်။ နောက်ဆုံး (၁၀) မိနစ်လောက်မှာ ကျနော်တို. ကောင်းမွန်စွာမကစားနိုင်ခဲ့လို. အခုလိုဖြစ်ခဲ့ရတာပါ။ ဒီသင်ခန်းစာကို ရယူပီး နောက်ပွဲတွေမှာ ရမှတ်တွေမဆုံးရှုံးရအောင် အသင်းသားတွေကို ကျနော် ပြောကြာသွားပါမယ်။ဒီလိုအဖြစ်မျိုး လုံးဝ(လုံးဝ) အဖြစ်မခံနိုင်တော့ပါဘူး။ Play- Off အဆင့်နဲ့တင်ကျေနပ်မနေပဲ ဗိုလ်လုပွဲ တိုက်ရိုက်တက်ရောက်ခွင့်ကို အမိအရယူပီး၊ ချန်ပီယံဆုကြီးကို မရ ရအောင် ယူသွားမှာပါ ’’ လို.ပြောကြားသွားခဲ့ပါတယ်။
R Young Star အသင်းကတော့ ကစားကွက်ကို အထူုးတစ်လည်ပြောင်းလည်းခြင်းမျိုး
ပြုလုပ်ဖို.မရှိပဲ.. BE FC ကို အနိုင်ရရှိခဲ့တဲ့ ကစားကွက်အတိုင်း နောက်တန်း ဝေယံအောင်၊ရဲနိုင်ထွန်း၊ချမ်းမြေ.ကို၊ အလယ်တန်း အောင်ဖြိုး၊ဥက္ကာမင်း၊ရှေ.တန်း ညီညီအောင် တို.ဖြစ်တဲ့ (3-2-1) အကွက်နဲ့ပဲ ပွဲထွက်လာဖို.ရှိပါတယ်။ ဒါမှမဟုတ်နောက်တန်းကစားသမားတစ်ယောက်ကို နောက်ပွဲအတွက်အနားပေးချင်ရင် နောက်တန်း (၃)ယောက်ထဲက တစ်ယောက်ကိုထုတ်ပီး မျိုးပိုင်စက်ကို ပွဲအစ(သို.) ဒုတိယပိုင်းမှာ ထုတ်သုံးဖို.ပဲရှိပါတယ်။ နှစ်သင်းစလုံးပွဲဆက်တွေများနေပေမယ့် R Young Star က ဒီပွဲပီးရင် တစ်ရက်နားရဖြစ်လို. အိတ်သွန်ဖာမှောက် ကစားနိုင်ပါတယ်။ Fighter FC ကတော့ (၅) ရက်နေ.မှာ Zippy နဲ့ပွဲဆက်ရှိနေလို. ဒီပွဲကိုလည်း အမှားခံလို.ရမှာမဟုတ်ပါဘူး။ Fighter FC ရမှတ်(၁)မှတ်ရရင် ကျေနပ်ရမှာဖြစ်ပီး…
အနိုင်ဆိုရင်တော့ R Young Star အသင်းဘက်ကပဲ ရပ်တည်သင့်ပါတယ်။
                                                                                                 Post by JSF(Joint Strike Fighter)

0 comments:

Post a Comment