အသင်းပွဲနိုင်သရေရှုံး ရဂိုး ပေးဂိုး ဂိုးကွာခြားချက် ရမှတ်
Zippy FC
Fighter FC
Need For Speed FC
R Young Star FC -၂
B.E FC -၂

“ပွဲစဉ်(၁၀) Need For Speed FC Vs R Young Star FC ပွဲစဉ်အားကြိုတင်ခန့်မှန်းခြင်း”


အနိုင်မခံ အရှုံးမပေးစိတ်ဓတ်များဖြင့် ပြိုင်ဆိုင်မှု ပြင်ထန်းနေတဲ့ ကာလုဂါမြန်မာကျောင်းသားများရဲ့ နွေရာသီ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကြီးရဲ့ အုပ်စုပွဲစဉ်နောက်ဆုံးဖြစ်တဲ့ ပွဲစဉ်(၁၀)ကို Need For Speed FC အသင်းနဲ့
R Young Star FC အသင်းတို.က (၇.၅.၂၀၁၂) ရက်နေ. ညနေ(၆:၀၀) နာရီမှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။ နှစ်သင်းစလုံး (၃)ပွဲစီ ကန်ပြီးဖြစ်ပီး Need For Speed FC အသင်းက ရမှတ်(၄)မှတ်ဖြင့် အဆင့်(၃) နေရာမှာ ရပ်တည်နေတဲ့အသင်းဖြစ်ပြီး R Young Star  FC အသင်းကတော့ ရမှတ်(၃)မှတ်ဖြင့် B.E FC အသင်းနဲ့ အမှတ်တူညီနေသော်လည်း ဂိုးကွားခြားချက် နှာတစ်ဖြားအသာဖြင့် အဆင့်(၄)နေရာ ရပ်တည်နေတဲ့အသင်းဖြစ်ပါတယ်။ ဒီပွဲကတော့ အင်မတန်လှ ကြည့်လိုကောင်းမဲ့ အဆုံးအဖြတ်ပွဲ တစ်ပွဲဖြစ်လာမှ ကျိန်းသေပဲဖြစ်ပါတယ်။ နိုင်တဲ့အသင်း Play- Off ကို ကစားခွင့်ရရှိမှာဖြစ်ပြီး
Need For Speed FC အသင်းက ချို.ယွင်းချက်အနေဖြင့် ပွဲစဉ်(၉)မှာ B.E FC အသင်း ရှုံးနိမ်.ခဲ့လျှင် သရေကျယုံဖြင့် Play-Off ကို ကစားခွင့်ရရှိမှာဖြစ်ပါတယ်။ R Young Star FC အသင်းကတော့ အနိုင်(၃)မှတ် ရမှသာ ကစားခွင့်ရရှိမှာဖြစ်တဲ့အတွက် Need For Speed FC အသင်းထက်စာရင် အခွင့်အရေး အနည်းငယ်နည်းပါးပါတယ်။ R Young Star FC အသင်းအတွက် Play – Off မျှော်လင့်ချက်ကို ရှင်သန်စေမဲ့ အခွင့်အရေး သတင်းကောင်းတစ်ခုကတော့ Need For Speed FC အသင်းရဲ့ အားထားရဲ့ တိုက်စစ်မှုးဖြစ်တဲ့ ရဲရင့်ကိုကို ရာသီကုန်ထိ အနားယူရတော့မှာပဲဖြစ်ပါတယ်။ လက်ရှိခြေစွမ်းအရကတော့ ဒီနှစ်သင်းက တူညီနေပီး
စိတ်ဓတ်ပိုင်းဆိုင်ရာမှာတော့ သရေ(၁)မှတ် ရရှိယုံဖြင့် Play –Off ဆင့်ကို တက်လှမ်းနိုင်နေတဲ့ Need For Speed FC အသင်းက သာနေမှာ အမှန်ပဲဖြစ်ပါတယ်။ R Young Star FC အသင်းကတော့ ပွဲတိုင်း အဖွင့်ဂိုးကို အားထားရတဲ့ တိုက်စစ်မှုးဖြစ်တဲ့ ညီညီအောင် သွင်းယူနိုင်သော်လည်း ဂိုးသမားနှင့် နောက်တန်းကစားသမားများ ကွင်းလယ်ကစားသမားများ ၇ဲ့ ပေါ့လျှော့မှုတွေ.ကြောင့် (၂) ပွဲဆက်တိုက် (၆) ဂိုးပေးထားရပီး အဆိုးအရွှားဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ပွဲစဉ်(၇)ဖြစ်တဲ့ Zippy FC အသင်းနဲ့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ အသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှုး ညီညီအောင်(ခ) ရွှန်ညီ က “အရမ်းကို စိတ်ပျက်ဖို.ကောင်းပါတယ်။ တစ်ခါလဲ မဟုတ် နှစ်ခါလည်းမဟုတ် ။ ကျနော့်အသင်း သင်ခန်းစာတွေ တော်တော်လေးရနေပါပီ။ ဒီလောက်သင်ခန်းစာတွေ ရနေတာတောင် တစ်ယောက်မှ အမှတ်မရှိသေးပါဘူး။ ဘယ်လိုပြောလို.ပြောရမှန်းကို မသိတော့ပါဘူးဗျာ။ စာမေးပွဲမှာ စပေါ့ရပီး မေးခွန်းမဖတ်တတ်သလို ဖြစ်နေပီ။  နှစ်ပွဲဆက် ဒီတိုင်းဖြစ်နေတယ်။ ထမင်းကို စားချင်စိတ်မရှိတော့ပါဘူး။ Play – Off မျှော်လင့်ချက် မကုန်သေးတာကိုပဲ ကျေးဇူးတင်ရမလိုဖြစ်နေပါပီဗျာ.. နောက်ဆုံးပွဲဖြစ်တဲ့ Need For Speed FC အသင်းနဲ့ပွဲစဉ်မှာ သေချာပေါက်အနိုင်ကစားသွားတော့မှာပါ” လို. ပွဲစဉ်(၇)မှာ လာရောက်သတင်းယူနေတဲ့ ကာလုဂါသတင်းထောက် မျိုးမင်းသူနဲ့ အပျော်တမ်း ယမကာသောက်သုံးရေး အထွေထွေအတွင်းရေမှုး ရန်လင်းအောင်တို.ကို ပြောပြသွားပါတယ်။ Need For Speed FC အသင်းကတော့ အသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှုးရဲရင့်ကိုကိုအစား အရန်အင်အားနည်းပါလို. ဘောလုံးလောကမှ အနားယူပီး အချစ်ရေးဘက်ကို ဦးစားပေးနေတဲ့ ပြေတီဦးနယ်သားလည်းဖြစ် မန်ယူကစားသမားပေါဘာရဲ့ အစ်ကိုလည်းဖြစ်တဲ့ ပေါအောင်ဇော်ထွန်းကို ပါဝင်ကစားခွင့်ရရှိဖို. ကာလုဂါအားကစားကော်မတီကို အသနားခံစာတင်ထားတယ်လို. အတည်ပြုထားပါတယ်။ ပြိုင်ပွဲကျင်းပရေး အားကစားကော်မတီမှ ခွင့်ပြုပေးခဲ့ရင်တော့ တိုက်စစ်မှုး ရဲရင့်ကိုကိုနေရာမှာ ပေါအောင်ဇော်ထွန်း ကစားခွင့်ရရှိမှာပဲဖြစ်ပါတယ်။ အကြိတ်အနယ်ရှိမဲ့ ပွဲဖြစ်ပြီး R Young Star FC အသင်းက အနိုင်ရလဒ်ကို ၇ရှိမှာသာ Play- Off အဆင့်ကို တက်ရောက်နိုင်မှာဖြစ်လို. ဖိအားများစွာဖြင့် ကစားရအဲ့အသင်းဖြစ်နေတာကြောင့် ရမှတ်(၁) မှတ် ရရှိယုံဖြင့် Play –Off အဆင့်ကို တက်ရောက်နိုင်မဲ့ Need For Speed FC အသင်းကိုပဲ ရွှေးချယ်သင့်ပါတယ်။
                                                                            Post by JSF(Joint Strike Fighter)

0 comments:

Post a Comment