အနိုင်မခံ အရှုံးမပေးစိတ်ဓတ်များနဲ့ ပြိုင်ဆိုင်မှု ပြင်ထန်းတဲ့ ကာလုဂါမြန်မာကျောင်းသားများရဲ့ နွေရာသီအပျော်တမ်း ချစ်ကြည်ရေးပြိုင်ပွဲကြီးရဲ့ အဖွင့်ပွဲစဉ်လည်းဖြစ်တဲ့ ပွဲစဉ်(၁)ကို (၃.၅.၂၀၁၂) ညနေ ၄:၃၀ နာရီမှာ Need For Speed FC နဲ့ Fighter FC တို.က စတင်ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။ ဒီနှစ်သင်းဟာပြီးပြည့်စုံတဲ့အသင်းတွေမဟုတ်ကြပဲ အသင်းတိုင်းဟာ လိုအပ်ချက်ကိုယ်စီ ရှိနေကြပီး အားသာချက် အားနည်းချက် အသီးသီး ကိုယ်စီရှိနေကြတဲ့အသင်းတွေဖြစ်ပါတယ်။ Need For Speed FC မှာ ကွင်းလယ်အရမ်းအားနေပီး ဘယ်သူကို ကွင်းလယ်မှာ ပွဲထုတ်လာမလဲဆိုတာ စဉ်းစားစရာပဲဖြစ်ပါတယ်။ အသင်းခေါင်းဆောင် ဥာဏ်ပိုင်စိုး ကွင်းလယ်မှာကစားမယ်ဆိုရင် တိုက်စစ်မှာ ရဲရင့်ကိုကို တစ်ဦးတည်းဖြစ်သွားနိုင်ပီး ဂိုးရဖို. ခဲယဉ်းနိုင်ပါတယ်။
ဇင်လင်းဦး၊ဝေဖြိုးလင်းတို.ကို အသုံးပြုမယ်ဆိုရင် နောက်တန်းကစားသမားတွေဖြစ်တဲ့အတွက် ကွင်းလယ်မစိုးမိုးနိုင်ပါဘူး။ ဒါကြောင့် Need For Speed FC အသင်းဟာ 3-2-1 အကွက်နဲ့ပွဲထွက်လာနိုင်ပါတယ်။ နောက်တန်းမှာ 3 ယောက်ထားပီး ကွင်းလယ်မှာ ဇင်လင်းဦးကို အဖျက်ထားပီး နောက်တန်း ဗယ်ဝင်း Left-Back (LB) ဝေဖြိုးလင်း(ခ)ကျန်းဝူကျိ ကပါ တိုက်စစ်ထိ လိုက်ပါကစားသွားနိုင်ပါတယ်။ ကွင်းလယ်အသားစီးရနေပါက ဝေဖြိုးလင်းက သိသိသာသာကွင်းလယ် ဖြစ်သွားပီး ကွင်းလယ်က ဥာဏ်ပိုင်စိုးက တိုက်စစ်မှာ ရဲရင့်ကိုကို ကိုပံ့ပိုးပေးသွားပီး 3-2-1 အကွက်ကနေ 2-2-2 မသိမသာဖြစ်သွားနိုင်ပါတယ်။ ၀ါရင့်ဂိုးသမားဖြစ်တဲ့ နူအာလက်သစ်လို.တင်းစားခံနေရတဲ့ ဂိုးသမား စည်သူအောင်က ပွဲအတွေ.အကြုံရှိပေမဲ့ နောက်တန်းတွေဖြစ်တဲ့ တင်အေးကျော်၊စိုင်းသက်အောင်တို.က ပွဲအတွေ.အကြုံအရမ်းနည်းလွန်းပါတယ်။ ၀ါရင့်နောက်တန်း ကျော်ဇောမောင်ကလည်း (၄) ရက်နေ.မှာ ပရီဇာချိ ရှိတဲ့အတွက် ဒီပွဲကို ပါဝင်ဖို.မသေချာပါဘူး။ဒါ့အပြင် (၄) ရက်နေ.မှာလည်း Zippy FC နဲ့ ပွဲဆက်ရှိတဲ့အတွက် လူချန်ထားနိုင်ပါတယ်။ သူသာမပါပဲ နောက်တန်းမှာ တင်အေးကျော်၊ စိုင်းသက်အောင်တို.သာ အသုံးပြုခဲ့မယ်ဆိုရင် သေချာပေါက် Fighter FC
အသင်းကို ဂိုးပေးရမှာပါ။ Fighter FC အသင်းက ရှေ.၊လယ်၊နောက် ဘာမှ ပြောစရာမရှိပေမဲ့ အဓိကနေရာဖြစ်တဲ့ ဂိုးသမား လိုအပ်ချက်ပါပဲ.. ဘယ်သူ.ကို Goalkeeper အသုံးပြုမယ်ဆိုတာ ထုတ်ပြန်ထားခြင်းမရှိသလို ပွဲစဉ်နေအထားအရ Ramdomize Goalkeeper Rule ကိုအသုံးပြုသွားဖို.များပါတယ်။ နောက်တန်းအထိုင်အဖြစ် ဘာကာမှမာရှေရာနို၊ မန်စီးတီးမှ ဒီဂျောင်လို. တင်စားခံနေရတဲ့ ဖြိုးဇော် (သို.မဟုတ်) ၀ါရင့်နောက်တန်း ယမန်နှစ်ချန်ပီယံ Geinus FC မှ ခေါ်ယူထားတဲ့ ထွန်းထွန်းကျော်ကို အသုံးပြုဖို.များပါတယ်။ ကွင်းလယ်မှာတော့ ၀ါရင့်တွေဖြစ်တဲ့ အသင်းခေါင်းဆောင် အောင်ကျော်စိုး၊ သိန်းမင်းထိုက်တို.ကိုပဲပွဲထုတ်မှာဖြစ်ပီး ရှေ.တန်းမှာ နိုင်လင်းဦးကို Wing Forward အဖြစ် ကစားနိုင်ပါတယ်။ ဒါမှမဟုတ် တိုက်စစ်ကိုဖျောက်ပီး နိုင်လင်းဦးကိုပါ ကွင်းလယ်ကစားခိုင်းပြီး 3-3-0 အကွက်နဲ့ ကစားပီး ကွင်းလယ်အားနည်းတဲ့ Need For Speed အသင်းကို ကွင်းလယ်အားသာချက်ယူပီး ဘာကာစတိုင်လ်ဖြစ်တဲ့ Pass & Move Method ဖြစ်တဲ့ အတိုပေး-အမြန်ရွှေ.(Tika- Tika) အကွက်နဲ့ ကစားသွားနိုင်ပီး ကွင်းလယ်စိုးမိုးပါက အလယ်တန်းဖြစ်တဲ့ အသင်းခေါင်းဆောင် အောင်ကျော်စိုး၊ သိန်းမင်းထိုက်၊ နိုင်လင်းဦး တို.က တစ်ယောက်ယောက်က အထောင်တိုက်စစ်ဖြစ်သွားပီး 3-1-1-1 ဖြစ်ကာ Wing နှစ်ဖက်ကနေ ဖြတ်တင်ပီး ဂိုးယူဖို.ပြုလုပ်သွားနိုင်ပါတယ်။ ဒဏ်ရာရ ကစားသမားအနေနဲ့ကတော့ နောက်ဆုံးရရှိတဲ့ သတင်းများအရ Need For Speed မှ ရဲရင့်ကိုကို Fighter မှ ထွန်းထွန်းကျော်တို.ခြေထောက်မစိုသလောက်လေး နာနေကြောင်း သက်ဆိုင်ရာ ကစားသမားတွေကိုယ်တိုင်မှ တရားဝင်ကြေငြာထားပါတယ်။ အလယ်တန်းအားနည်းပီး ၊အတွေ.အကြုံနည်းတဲ့ နောက်တန်းများတဲ့ Need For Speed အသင်းအနေနဲ့ Fighter ကွင်းလယ်ကို ထိန်းချုပ်နိုင်ဖို.လိုအပ်ပီး၊ Fighter အသင်းကလည်း ဂိုးသမားအားနည်းချက်ကြောင့် ကွင်းလယ်ကစားကွက်ကို ပဲ အသာစီးရယူပီး Counter ကစားဖို.ပဲများပါတယ်။ Fighter နောက်တန်းခံစစ်မှုးများ Need For Speed တိုက်စစ်မှုး ယမန်နှစ် ဂိုးသွင်းဘုရင် ရဲရင့်ကိုကို ကို ထိန်းချုပ်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ့်ပွဲဖြစ်ပါတယ်။ Need For Speed အသင်းခေါင်းဆောင်
ဥာဏ်ပိုင်စိုးက ဆန်းတို.စ်တိုက်စစ်မှုး နေမာလို တစ်ကိုယ်တော်စွမ်းရည်ကို ပြသနေမယ်ဆိုရင်တော့ Need For Speed အသင်းထင်သလောက် Team Work Loading ကောင်းလာမှာမဟုတ်ပါဘူး။ Fighter ကတော့ကွင်းလယ်မှာ ဘာမှပြောစရာမရှိပါဘူး။ ဒီပွဲအဖြေကတော့ Fighter FC အနေနဲ့ Need For Speed FC ရဲ့ အသင်းသားတွေဖြစ်တဲ့ အသင်းခေါင်းဆောင် ဥာဏ်ပိုင်စိုးနဲ့ ရဲရင့်ကိုကို တို.ကို ထိန်းချုပ်ထားနိုင်ခဲ့မယ်ဆိုရင် အနိုင်ရလဒ်ဟာ Fighter FC အသင်းမှာပဲ ရှိနေပါတယ်လို. သုံးသပ်ခန်.မှန်းလိုက်ပါတယ်ခင်ဗျားးးးးးးးးးး ။
Post by JSF(Joint Strike Fighter)






1 comments:
များနေပြီ .. အသင်းတူချင်းရေးတာတောင် ငါ့ကို ဒီဂျောင်တဲ့ကွာ ..စမ်းတာ .. ချယ်စီးက A.Cole လောက်ဆိုငါမပြောပါဘူး :(
Post a Comment